KIC News
စစ်အုပ်ချုပ်ရေး (Martial Law)ထုတ်ပြန်ပြီးနောက်ပိုင်း ယခင်ထက် မြို့တွင်းမြို့ပြင် အသွားအလာ ကြပ်တည်းလာ
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law)ကို ထုတ်ပြန်ပြီးနောက်ပိုင်း ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် ယခင်ကထက် အစစ်အဆေးပိုတင်းကြပ်လာပြီး သွားရေးလာရေးခက်ခဲလာ ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့မှ စတင်ပြီးစစ်အုပ်ချုပ်ရေး (Martial Law)ကို အာဏာသိမ်း...
နဂါးနီစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက လက်နက်များသွားရောက်တပ်ဆင်ပေး
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသခွဲ အမှတ်-၃ လက်အောက်ခံ နဂါးနီစစ်ကြောင်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော် စောရှားနှင့် တောင်ပိုင်း စစ်ဒေသ၊ တာဝန်ရှိ ပုဂ္ဂိုလ်များက...
သံတောင်ကြီးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့၊ စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှုဆုံးရှုံးနေ
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းတွင် နယ်မြေခံ သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့(NTDF)နှင့် စစ်ကောင်စီတပ်တို့ အကြား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ယခုလအထိ တိုက်ပွဲအကြိမ်ပေါင်း (၇ဝ) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအနေဖြင့် အဆိုပါဒေသတွင် နယ်မြေစိုးမိုးထားနိုင်မှု ဆုံးရှုံးနေကြောင်း...
ကေအဲန်ယူ တပ်မဟာ(၅)နှင့် (၆)တွင် တစ်လအတွင်း (၅၇)ကြိမ် လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁၃ ဦး သေဆုံးခဲ့
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေနှင့် ဒူးပလာယာခရိုင် ၊ တပ်မဟာ(၆)နယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လတာအတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုပေါင်း (၅၇)ကြိမ်ရှိပြီး အရပ်သားပြည်သူ (၁၃) ဦးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက ယမန်နေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြည်သူလူထုများနေထိုင်သည့်...
စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ (၁၃)ရွာမှ လူဦးရေ ၃,၀၀၀ ကျော် ထိုင်းနယ်စပ်တွင် ထွက်ပြေးခိုလှုံနေရ
ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ ဘက်ခြမ်း တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ် စပ်ရှိ ကျေးရွာပေါင်း(၁၃)ရွာမှ ဒေသခံပြည်သူ (၃,၆၀၀)ကျော်သည် ဘေးလွတ်ရာနယ်စပ်နေရာများတွင် ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ...
ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ပစ်သတ်ခံရ
ဖေဖော်ဝါရီလ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတောင်ဘက်ခြမ်းရှိ လက်ဖက်ရည်ဆိုင်အတွင်းမှာ ပြည်သူ့ စစ်ခေါင်းဆောင် မြင့်ရီ(ခေါ်)ပေါပီကို ယနေ့ ဖေ ဖော်ဝါရီလ(၁၅)ရက် နံနက် (၇) နာရီကျော်အချိန်ခန့်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ ပစ်သတ်ရှင်းလင်းခဲ့ကြောင်း S.O.F ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များနှင့်ပူးပေါင်းပြီး ကျေးရွာအတွင်းရှိ...
ကျောက်ကြီးမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့တွင် ကုန်ပစ္စည်း သယ်ယူမှုလမ်းကြောင်း ခက်ခဲသဖြင့် လက်ရှိတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ကျောက်ကြီးမြို့ဒေသခံများထံက ကေအိုင်စီသို့ ပြောဆိုကြသည်။
ကျောက်ကြီးမြို့ဒေသခံများသည် တောင်ငူ၊ ကျောက်တံခါးစသဖြင့် မြို့များတွင် သွားရောက် ဝယ်ယူရောင်းဝယ်နေကြရပြီး ၎င်းဆက်သွယ်ရေးလမ်းကြောင်းတွင် တံတားများအားလုံး နီးပါး...
စစ်ကောင်စီ ပညာရေးစနစ်အပေါ် အမြင်
စစ်ကောင်စီ ပညာရေးစနစ်အပေါ် အမြင်
“အာဏာရှင်သာဆက်အုပ်ချုပ်ရင် နိုင်ငံရဲ့ပညာရေးစနစ်ကကောင်းမွန်လာမှာ မဟုတ်ဘူး”လို့ဆိုကြတဲ့ CDM လူငယ်များ
ဖေဖော်ဝါရီလ ၁၅ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်ကောင်စီ၏ ပညာရေးစနစ်အပေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ကျောင်းသားလူငယ်များ၏ သဘောထား ထင်မြင်ချက်များနှင့်ပတ်သက်ပြီး ကေအိုင်စီ-ကရင်သ တင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။
CDM ကျောင်းသူ (တောင်ငူတက္ကသိုလ်)
စစ်ကောင်စီကလုပ်နေတဲ့လုပ်ရပ်တွေကိုမြင်တိုင်း ငါကတော့အနည်းဆုံးတော့...
ညောင်လေးပင်ဘူတာရုံ ဗုံးပေါက်ကွဲမှု PDF များလုပ်ဆောင်သည့်သတင်းမှာ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဟု တော်လှန်ရေးအင်အားစုများ တုန့်ပြန်
ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင်ဘူတာရုံတွင် ယမန် နေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF များက လုပ်ဆောင်ခဲ့သည်ဟု ရေးသားကြသည့် သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်လုပ်ရပ်သာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက တုန့်ပြန်ပြောဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် တောင်တွင်းကြီးမြို့နယ်မှ...
နှစ်ကုန်စာမေးပွဲ မေးခွန်းပါသည့်အတိုင်း စာကျက်ဖြေဆိုခိုင်းမည့်သတင်းကြောင့် ကျောင်းသားမိဘများ စိုးရိမ်နေ
ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နှစ်ကုန်စာမေးပွဲ မေးခွန်းပါသည့်အတိုင်း စာကျက်ဖြေဆိုခိုင်းမည့်အတန်းတင် စာမေးပွဲစစ်မည့်သတင်းကြောင့် အတန်းတက်ပြီး စာမတတ်ဖြစ်မည်ကို ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးဒေသတွင်းရှိ ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
ကော့ကရိတ်၊ ကျုံဒိုးဒေသတွင်း စစ်ကောင်စီဖွင့်လှစ်သည့် ပညာရေးကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသားများအား အတန်းတင်...














