KIC News
ဌာနေကရင်လူမျိုးတို့၏ ဒေါင်ဒင်(နွတ်ဒိုင်)အင်း စုပေါင်းငါးဖမ်းပွဲတော် လူထောင်ချီလာရောက်ဆင်နွှဲ
ဖေဖော်ဝါရီ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ရွာအနီးရှိ ဒေါင်ဒင်(နွတ်ဒိုင်)အင်းတွင် နှစ်စဉ် အစဉ် အလာမပျက် ကျင်းပသည့် ဌာနေ ကရင်လူမျိုးတို့၏ စုပေါင်းငါးဖမ်းပွဲတော်ကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ လူထောင်ချီလာရောက်ဆင်နွှဲခဲ့ကြသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ...
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သာမဏေတစ်ပါး ထိမှန်သေဆုံးပြီး ဦးဇင်းတစ်ပါး ပြင်းထန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်) ကနင်ကမော့ရွာ ဘုန်းတော်ကြီးကျောင်းပေါ် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သာမဏေ(ကိုရင်လေး)တစ်ပါး ကျည်ထိ မှန်သေဆုံးပြီး ဦးဇင်းကြီးတစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသွားများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝ...
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၃ ဦး ကျည်ထိမှန်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်) မြို့နယ် ညောင်ပင်ကြီးကျေးရွာ၌ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကရင်အမျိုးသားနေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ် လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီး (၃)ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
ပုဇွန်မြောင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့်...
ရဲစခန်းအပစ်ခံရ၍ ပြန်လည်ပစ်ခတ်သည့် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သံဃာ ၃ပါး ထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝီယော်ရဲစခန်းကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်(၆)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ ဘုန်းကြီးနှစ်ပါးနှင့် သာမဏေ(ကိုရင်) တစ်ပါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဝီယော်ရဲစခန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ၏...
စစ်ကောင်စီ အုပ်ချုပ်ရေးမှူး မိသားစုဝင် ၇ ဦးသတ်ဖြတ်ခံရပြီးနောက် ပလောက်မြို့တွင် လုံခြုံရေးတင်းကြပ်
ဖေဖော်ဝါရီလ ၁၃ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ ညောင်ရှင်ကုန်းရွာတွင် နေထိုင်သော စစ်ကောစီခန့် အုပ်ချုပ်ရေးမှူး မိသားစုဝင်(၇)ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက အမည်မသိ လက်နက်ကိုင်လူတစ်စုက သတ်ဖြတ်သွားပြီးနောက် စစ်ကောင်စီဘက်မှ လုံခြုံရေးတင်းကြပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ပုလောမြို့နယ်ထဲက...
အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူများ ရိက္ခာပြတ်လပ်လာနေ
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ထားမှုအချိန်ကာလ ကြာလာသည်နှင့်အမျှ ဒေသတွင်း စစ်ရှောင်နေကြရသော စစ်ဘေးရှောင်ပြည် သူများမှာ လက်ရှိတွင် ရိက္ခာပြတ်လပ်မှုကြုံတွေ့လာရသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုလာလ...
ဘုရားသုံးဆူဒေသ စစ်ရှောင်ဒေသခံများ ထိုင်းဘက်ခြမ်းတွင်နေထိုင်ကြရဆဲ
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဒေသတွင် စစ်ကောင်စီစစ်တပ်မှ စစ်ကူနှင့် လက်နက်ခဲယမ်းဖြည့် တင်းကာ စစ်ဆေးတင်းကြပ်မှုများပိုမိုလုပ်ဆောင်နေမှုအခြေအနေများကြောင့် ထိုင်းဘက်အခြမ်းတွင် တိမ်းရှောင်နေကြရသော စစ်ရှောင်ဒေသခံများ နေထိုင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တုန်းက စစ်ကောင်စီ ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှ ယခုအချိန်ထိ စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့...
KNU ဖားအံခရိုင် ဦးဆောင်မှုဖြင့် လှိုင်းဘွဲမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ ကျင်းပ
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖားအံခရိုင် ဦးဆောင်မှုဖြင့် ယနေ့ ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ကို လှိုင်းဘွဲမြို့နယ်၊ သရေဖိုးကွီးကျေးရွာတွင် ပထမဦးဆုံးအကြိမ် ပြုလုပ် ကျင်းပခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြသည်။
လက်ရှိ နိုင်ငံရေးရှုပ်ထွေးသည့် ကာလဖြစ်သော်လည်း တန်းတူအခွင့်အရေး...
ကိုယ့်ကြိုးစားမှုဖြင့်လူထု လွတ်မြောက်အောင်ကြိုးစားကြရန် KNU ခေါင်းဆောင် ပဒိုနော်ဒါးဒါး အားပေးတိုက်တွန်း
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကိုယ့်ကြိုးစားမှုဖြင့်လူထုလွတ်မြောက် အောင်ကြိုးစားကြရန် ဖားအံခရိုင်တစ်နေရာ၌ ယနေ့ ဖေဖော် ဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ အခမ်း အနားတွင် ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးက ကရင်လူငယ်များကို အားပေးတိုက်တွန်းလိုက်သည်။
ပဒိုနော်ဒါးဒါးက “ကရင်လူငယ်တွေ အရင်ကခေါင်းဆောင်ကြီးတွေ ဘာတွေပြောခဲ့လဲ ဘာတွေလုပ်ခဲ့...
စစ်ကောင်စီတပ်နှင့်ရဲများ ဘုရားဖူးဟန်ဆောင်ကာ CDM ဝန်ထမ်းများအား ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်
ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့များသည် ဘုရားဖူးများဟန်ဆောင်ကာ CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်သူ အစိုးရဝန်ထမ်းများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မော်လမြိုင်မြို့အနီး ကော့နှပ်ကျေးရွာ အုပ်စုထဲတွင် ယခုတလော...














