Home Authors Posts by KIC News

KIC News

22363 POSTS 0 COMMENTS

နယ်မြေတည်ငြိမ်မှုမရှိသော်လည်း မြဝတီအိမ်ခြံမြေဈေးကွက် အဝယ်သွက်ပြီး ဈေးနှုန်းများမြင့်တက်

မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲများဖြစ်ပွားနေ၍ နယ်မြေအတွင်း တည်ငြိမ်မှုမရှိသော်လည်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သွက်ပြီး စျေးနှုန်းများမြင့်တက်လျက်ရှိသည်ဟု အိမ်ခြံမြေအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရသည်။ လက်ရှိ မြဝတီမြို့ပေါ်တွင် သာမကဘဲ အကွက်ရိုက်ရောင်းချသည့် မြို့ပြင် နေရာများ ဘက်တွင်လည်း ဈေးကောင်းပေးပြီး အပြိုင်အဆိုင်လာရောက်ဝယ်ယူနေကြသည်ဟု...

စက်သုံးဆီ မသမာလုပ်မှုကြောင့် နယ်စပ်ဖြတ်ကျော် ဆီဝယ်ယူမှု အခက်အခဲဖြစ်

မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ စက်သုံးဆီဆိုင်များတွင် နယ်စပ်ဖြတ်ကျော်၍ ဆီဝယ်ယူ ခိုးဝှက် သယ်ဆောင်ကြသည့် မြန်မာဘက်က မော်တော်ယာဉ်အချို့ကြောင့် အမှန်တကယ် လိုအပ်သူ အခြား မြန်မာမော်တော်ယာဉ်များ ဆီဝယ်ယူရေး အခက်အခဲရှိလာကြောင်း ယာဉ်မောင်းများက ပြောသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲပဋိပက္ခကြောင့် မတ်လ...

IMEI နံပါတ်ကို မိုဘိုင်းသက်သေခံစနစ်-CEIR တွင် စာရင်းသွင်းခိုင်းခြင်းနှင့် ပတ်သက်၍ ကရင်လူငယ်နည်းပညာရှင်နှင့် ဆက်သွယ်မေးမြန်းခြင်း။

“ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ဗဟိုက ပိုပြီး ထိန်းချုပ်ချင်တာပါ။ IMEI ရသွားရင် ပိုပြီး ခြေရာလိုက်လို့ ကောင်းတယ်လေ။” IMEI နံပါတ်ကို မိုဘိုင်းသက်သေခံစနစ်-CEIR တွင် စာရင်းသွင်းခိုင်းခြင်းနှင့် ပတ်သက်၍ ကရင်လူငယ်နည်းပညာရှင်နှင့် ဆက်သွယ်မေးမြန်းခြင်း။ မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းတစ်လုံးချင်းစီ၏...

ကရင်နီ မယ်စဲ့အကျဉ်းထိန်းသိမ်းရေးစခန်း လေကြောင်းတိုက်ခိုက်ခံရ၍ အမျိုးသမီး ၄ ဦးအပါအဝင် ၅ ဦးသေဆုံး

မတ် ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီ (ကယား) ပြည်နယ်၊ မယ်စဲ့မြို့နယ်က အကျဉ်းထိန်းသိမ်းရေးစခန်းတစ်ခု ယနေ့ (မတ်လ ၅ ရက်နေ့) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး (၄) ဦးအပါအဝင် (၅) ဦးသေဆုံးခဲ့ကြောင်း ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IEC ၏ အတည်ပြုပြောပြချက်အရ...

လောင်စာဆီစျေးအဆမတန်မြင့်တက်ပြီး ပြတ်လပ်မည်ကို လယ်သမားများစိုးရိမ်နေ

မတ်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်နေချိန် မြန်မာနိုင်ငံအတွင်း လောင်စာဆီများ အလုအယက်တိုးဝှေ့ ဝယ်ယူနေကြသောကြောင့် လောင်စာဆီစျေး အဆမတန် မြင့်တက်ပြီး ပြတ်လပ်သွားမည်ကို စိုးရိမ်ရကြောင်း ကျေးလက်နေ လယ်သမားများက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့မှစပြီး မြန်မာနိုင်ငံတစ်ဝှမ်း မြို့ကြီးများရှိ...

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် နွေဦးမုန်တိုင်း များ တိုက်ခတ်နိုင်၊ ဘန်ကောက်တွင် ပူပြင်းပြီး မြူဆိုင်းမည်

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် နွေဦးမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ယနေ့ သတိပေးချက် ထုတ်ပြန်ထားသည်ဟု The Nation Thailand သတင်းဌာနက ဖော်ပြထားသည်။ ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက...

ကော့ကရိတ်၊ ဒေါနတောင် အောက်ဘိုတဲလမ်းပိုင်း တိုက်ပွဲပြင်းထန်

မတ် ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်း ဒေါနတောင်လမ်းဟောင်း၊ အောက်ဘိုတဲနေရာတွင် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူး ပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေး မဟာမိတ်တပ်ထံမှ သိရသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ...

ဇွဲကပင်တောင် ဘုရားပွဲ BGF နှင့် PC အဖွဲ့တို့ လုံခြုံရေးယူပေးပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF) နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဇွဲကပင်တောင်တက်ပွဲတော်ကို...

စစ်အုပ်စု၏ လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကျောက်ကြီး ဒေသခံ ၂ ဦး ဒဏ်ရာရ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ/ ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်အတွင်း စစ်အုပ်စုတပ်မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်တာဝန်ရှိသူထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၂)...

သရက်ချောင်းတွင် သုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ဦး ထိခိုက်သေဆုံးပြီး ၅၀၀ ကျော် စစ်ရှောင်နေရ

မတ်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ၊ သရက်ချောင်း(ကစယ်ဒို)မြို့နယ်တွင် သုံးပတ်အတွင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံး၊ (၁၀)ဦးထိခိုက်၍ (၅၀၀)ကျော် စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူက ယနေ့(မတ်လ ၄ ရက်)တွင် ထုတ်ပြန်သည်။ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား၊ မင်းဒပ်၊ ကနက်သီရိ၊ ပြင်းဖြူသား...
Donate