KIC News
လောင်းလုံး စစ်ပြဲကို စစ်တပ်စစ်ကြောင်း ထပ်ထိုး ဒေသခံများ ထွက်ပြေးရ
ဒီဇင်ဘာ ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာကိုယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် စစ်တပ် စစ်ကြောင်း ထပ်ထိုးလာ၍ ဒေသခံများ ထပ်မံထွက်ပြေးနေရသည်ဟု စစ်ရှောင်နေသူများက ပြောသည်။
လက်ရှိ ဒေသတွင်း စပါးပေါ်ချိန်ဖြစ်၍ ဒေသခံများ စပါးရိပ်သိမ်း အလုပ်များကို ပစ်ထားကာ...
မင်းလက်ပံရှိစစ်ရှောင်နေရာကို စစ်အုပ်စုလက်နက်ကြီးပစ်၍ ဒေသခံ ၃ ဦးနှင့် ဘုန်းကြီးတစ်ပါးဒဏ်ရာရ
ဒီဇင်ဘာလ၊ ၁ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံစစ်ရှောင်နေရာကို ယမန်နေ့ နိုဝင်ဘာလ ၃၀ရက်နေ့ ည(၁၂) နာရီဝန်းကျင်တွင် စစ်အုပ်စုလက်နက်ကြီးပစ်ခတ်၍ ဒေသခံ (၃)ဦးနှင့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရွာခံများထံမှ သိရသည်။
ယမန်နေ့က မင်းလက်ပံရွာထဲကို အာဏာသိမ်းစစ်အုပ်စုက ဝင်ရောက်ရန်ကြိုးပမ်းရာ နယ်မြေအတွင်းရှိ KNLA...
ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ သတင်းထောက် နေနော် ပြန်လွတ်
ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ခုနှစ်မှ စ၍ ထောင်ဒဏ်ချမှတ်ခံနေရသူ အလွတ်တန်းသတင်းထောက် ကိုမျိုးနောင် နောင်ဇော် (ခ) နေနော်သည် ပြီးခဲ့သည့် နိုဝင်ဘာ(၂၆)ရက်နေ့က စစ်အုပ်စုမှ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃,၀၀၀ ထောင်ကျော်ကို...
ထိုင်း-မြန်မာနယ်စပ် လှေဂိတ်များ တစ်ပတ်ကြာပိတ်မည်ဟု သတင်းထွက်အပြီး ကမ်းကူးခဈေးတက်
ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြို့နယ်(၅)ခု၏ သောင်ရင်းမြစ်တစ်ကြောရှိ လှေဂိတ်များအားလုံးကို လုံခြုံရေးကြောင့် ထိုင်းနိုင်ငံဘက်က ဒီဇင်ဘာ ၆ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်အပြီး အချို့လှေ ဂိတ်များ၏ကမ်းကူးခ ပုံမှန်ထက် ဈေးအနည်းငယ်တက်သွားသည်ဟု နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
ယမန်နေ့(နိုဝင်ဘာ ၃၀ ရက်)...














