KIC News
တပ်၊ ရဲ CDM အသိုင်းအဝိုင်းကို ဦးတည်ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှု ပြုလုပ်
ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
CDM တွင်ပါဝင်ထားကြသည့် စစ်တပ်နှင့်ရဲဘက် မိသားစုအသိုင်းအဝိုင်းကိုဦးတည်၍ ပြည်သူ့ပန်းတိုင်နှင့် Sisters 2 Sisters တို့ပူးပေါင်းပြီး ယနေ့ ဒီဇင်ဘာ (၄) ရက်နေ့က မဲဆောက်မြို့တစ်နေရာတွင် (၁၆)ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု အစီအစဥ်တစ်ခု...
ကျားဖြန့် နှိမ်နှင်းရေးတွင် KNU နှင့် ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနှင့် နိုင်ငံတကာကို ကရင်အဖွဲ့ ၃၀ ကျော်...
ဒီဇင်ဘာ ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်ရှိ နိုင်ငံတကာသို့ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်ရေးတွင် ထိရောက်မှုရှိရေး အတွက် ထိုင်းတော်ဝင်အစိုးရနှင့် နိုင်ငံတကာအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်း လုပ်ဆောင်ရန် ကရင်အရပ်ဖက်အဖွဲ့ ၃၀ ကျော်က ဒီဇင်ဘာ ၃ ရက်နေ့တွင် တောင်းဆို...
ကော့ကရိတ်တွင် မဲစာရင်းလာစစ်သူမရှိ၍ စစ်အုပ်စုက အိမ်တိုင်ရာရောက် စစ်ဆေးပြောဆိုနေ
ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး စာရင်းလာရောက်စစ်ဆေးသူမရှိသဖြင့် စစ်အုပ်စုက အိမ်တိုင်ရာရောက် မဲစာရင်းစစ်ခြင်းနှင့် မဲလာထည့်ဖို့အရေး လိုက်လံပြောဆိုနေကြောင်း မြို့ပေါ်ရပ်ကွက်နေ ဒေသခံများထံမှ သိရသည်။
စစ်အုပ်စုက လာမည့်ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် ကော့ကရိတ်နှင့်ကျုံဒိုးရှိ မဲပေးနိုင်သူစာရင်းများကို နိုဝင်ဘာလကုန်ပိုင်းမှစ၍...
ရွှေကုက္ကိုလ် တရုတ်ဆိုက်တွင် အဆောက်အဦးများ ဖြိုချနေဟု ပြည်သူများကို အသိပေး
ဒီဇင်ဘာ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများရှိရာ တရုတ်ဆိုဒ် အတွင်းရှိ အဆောက်အဦးများကို ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မိုင်းခွဲဖြိုချနေပြီး ပြည်သူများ ထိတ်လန့်မှုမရှိရန် အသိပေးနေသည်ဟု မြို့ခံများက ပြောသည်။
အဆိုပါ အဆောက်အဦးများကို...
မင်းလက်ပံ ငွေလိမ်ခြံဝင်းရှိ ကျားဖြန့်လုပ်သားများ ဘေးကင်းလုံခြုံရေး အာမ မခံနိုင်ကြောင်း KNU ထုတ်ပြန်
ဒီဇင်ဘာ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းနယ်မြေအခြေအနေကြောင့် မင်းလက်ပံ အွန်လိုင်းငွေလိမ်ခြံဝင်း(Shunda Park) အတွင်း ကျန်ရှိနေသည့် ကျားဖြန့်လုပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ရန်ခဲယဥ်းကြောင်း ကေအဲန်ယူက ယမန်နေ့(နိုဝင်ဘာ ၂)ရက်ဖြင့် ထုတ်ပြန်သည်။
ကေအဲန်ယူ၏စာရင်းအရ နိုဝင်ဘာ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်ပတ်အတွင်း ၎င်းတို့ထိန်းချုပ်လိုက်သော ကျားဖြန့်ငွေလိမ်ခြံဝင်းအတွင်းမှ...
သံတောင်ကြီးမြို့ဘုရင့်နောင်တပ်မှ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဒဏ်ရာရ
ဒီဇင်ဘာလ၊ ၂ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က မြို့အခြေစိုက် စစ်အုပ်စုဘုရင့်နောင်တပ်မှ ပစ်ခတ်သောလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဘုရင့်နောင်တပ်က ပစ်ခတ်လိုက်သည့် ၁၂၀ မမလက်နက်ကြီးမှာ သံတောင်ကြီးမြို့ ရပ်ကွက် (၂)နှင့် ရပ်ကွက်(၃)သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး...
KNU က ကျားဖြန့်တွေကိုဝှက်ထားပေးလို့ ဗုံးကြဲရကြောင်း သတင်းအမှားဖြန့်
KNU က ကျားဖြန့်တွေကိုဝှက်ထားပေးလို့ ဗုံးကြဲရကြောင်း သတင်းအမှားဖြန့်
ဒီဇင်ဘာ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို ဖုံးကွယ်ပြီး ကျားဖြန့်လုပ်ကိုင်သူများကို ဝှက်ထားပေး၍ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ရခြင်းဖြစ်ကြောင်း နိုဝင်ဘာ (၂၇)ရက်နေ့ ည ၈နာရီဝန်းကျင်မှ စတင်ကာ လှုမှုကွန်ရက်မီဒီယာပေါ်တွင်...
စစ်အုပ်စု ရွေးကောက်ပွဲကို တိုင်းရင်းသားများအားလုံး ဆန့်ကျင်ကြရန် နိုင်ငံတကာ ကရင်အဖွဲ့များ တိုက်တွန်း
ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တရားမျှတမှုမရှိသည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားများအားလုံး အတူအကွ ဆန့်ကျင်ကြရန် ဥရောပသမဂ္ဂ ကရင်ကွန်ရက်ပါဝင်သော ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် နိုင်ငံတကာကရင်လူမှုအဖွဲ့ (၂၅) ဖွဲ့က ယမန်နေ့ (ဒီဇင်ဘာလ...














