KIC News
လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျုးလွန်သည့် စစ်ကောင်စီအား ICC မှ အရေးယူ ပေးရန် DYC တိုက်တွန်း
မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)အနေဖြင့် မြန်မာနိုင်ငံရှိ လူသားမျိုးနွယ်အပေါ် ရာဇဝတ် မှုများ ကျုးလွန်နေသည့် စစ်ကောင်စီအား လျင်မြန်စွာအရေးယူပေးရန် ဒီမိုကရက်တစ် လူငယ်ကောင်စီ(DYC) က ယနေ့ မတ်လ(၁၈)ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။
ရုရှားနိုင်ငံသမ္မတဗလာဒီမီယာပူတင်ကို ယူကရိန်းနိုင်ငံမှ ကလေးများအား ရုရှားနိုင် ငံသို့...
စာသင်ကျောင်းကို ဖျက်ဆီးသွားလည်း နော်ထရီဇာ၏ ပညာရေးအိပ်မက် အဆုံးသတ်မည်မဟုတ်
စာသင်ကျောင်းကို ဖျက်ဆီးသွားလည်း နော်ထရီဇာ၏ ပညာရေးအိပ်မက် အဆုံးသတ်မည်မဟုတ်
စအိုင်ဆူး (မတ်လ ၁၈ ရက်၊ ၂၀၂၃ခုနှစ်)
ဇန်နဝါရီလဆန်းပိုင်းက အဖြစ်အပျက်တစ်ခုကြောင့် သူမအိပ်မက်တွေ ဖျက်ဆီးခံလိုက်ရသလို ဖြစ်သွား ခဲ့သည်ဟု ပျက်စီးသွားသည့် သစ်ဝါးအဆောက်အအုံးငယ် စာသင်ကျောင်း အပျက်ပုံကို လက်ညိုးထိုး ရင်းအသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမ နော်ထရီဇာတစ်ယောက်...
ဝေါလေ-မြ၀တီဒေသအတွင်း သွားလာသူ ဒေသခံများ သူကြီးထောက်ခံချက်ဖြင့်သာ သွားလာခွင့်ရ
မတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြ၀တီ-ဝေါလေ လမ်းပိုင်းတစ်လျှောက် ကျေးရွာများမှဒေသခံများသွားလာရာတွင် သူကြီး ထောက်ခံချက်ဖြင့် စစ်တပ်စစ်ဆေးရေးဂိတ်များအား အဆက်အသွယ်ပြုလုပ်ကာ ကန့်သတ်ချက်၊ ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရနေသည့်အတွက် မိသားစုအစားအသောက် ၀ယ်ယူရေးနှင့် စိုက်ပျိုးရေး ကိစ္စများသွား လာလုပ်ဆောင်ရာတွင် အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ မြ၀တီ-ဝေါလေလမ်းပိုင်းတွင်...
သံတောင်ဒေသခံများ လုံခြုံစွာနေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့်ဆွေးနွေးရန် ဘာသာပေါင်းစုံကော်မတီစီစဥ်နေ
မတ်လ ၁၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃) မိုင်တွင် စစ်ကောင်စီ၏လက်နက်ကြီးရန် စိုးရိမ်ကြောက်လန့်သဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ဒေသခံများ လုံခြုံစွာ နေရပ်ပြန်နေထိုင်နိုင်ရေး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးသွားရန် သံတောင်မြို့ ဘာသာပေါင်းစုံကော်မတီက စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ ကော်မတီဝင်များက ပြီးခဲ့သည့် မတ်လ(၁၃)ရက်နေ့ကလည်း...
BGF ခေါင်းဆောင်သားဖြစ်သူကား မိုင်းဆွဲခံရမှုဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် KNLA တပ်ဖွဲ့ဝင် ပြန်လွတ်လာ
မတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်သားဖြစ်သူ၏ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်သည် မတ်လ ၁၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်...














