KIC News
မုန်းတွင် အသက်မပြည့်သေးသည့် လူငယ်(၃)ဦးအပါအဝင် ဒေသခံ(၂၂)ဦးအား စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား
မတ်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာသို့ ယမန်နေ့ မတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ အရပ်ဝတ်ဖြင့်ဝင်ရောက်လာပြီး အသက်မပြည့်သေးသည့် လူငယ်(၃)ဦးအပါအဝင် ဒေသခံအရပ်သား(၂၂)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံ ၂၂ ဦးထဲတွင် အသက်(၁၃)နှစ်နှင့် (၁၅)နှစ်အရွယ်...
တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်
မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်ရှိ တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံးကို ယနေ့ မတ်လ ၂၁ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်များက အနီးအနားရှိ ကျေးရွာအတွင်းသို့...
ရေးမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းလာ
မတ်လ( ၂၁) ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်သင်္ဘော ၂ စီးဖြင့် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ရေး(YGF)ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။
စစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသော ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေစိုက်ရာ တပ်စခန်းနေရာများသို့...
ပုလောတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များကို ထပ်မံတိုးချဲ့ခြင်းများလုပ်ဆောင် လျက်ရှိ
မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီသည် မြို့တွင်းမြို့ပြင် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ပြီး စစ်ဆေးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ပုလောမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား မကြာခဏ တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ယခုမတ်လအတွင်း စစ်ဆေးရေးဂိတ်များကို ပိုမိုတိုးချဲ့ချထားကာ ယခင် ကထက်...
ဆန်စျေးမြင့်တက်လာခြင်းကြောင့် ဒေသတွင်းပြည်သူများ စားဝတ်နေရေး အခက်အခဲရှိလာနေ
မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် လတ်တလော ဆန်စျေးအဆမတန် မြင့်တက်နေ သည့်အတွက် ပုံမှန်ဝင်ငွေလည်ပတ်မှုမရှိသည့် ဒေသတွင်းပြည်သူများ စားဝတ်နေ ရေးအတွက် အခက်အခဲရှိလာနေသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်များတွင် ရိုးရိုးဆန်တစ်တင်းလျှင် တစ်သောင်းငါးထောင် (၁၅,၀၀၀) သာရှိရာမှ ယခုအချိန်တွင် တစ်တင်းလျှင် သုံးသောင်း...
ရာသီဥတုပူပြင်းလာသဖြင့် အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှုများပြားလာ
မတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလဆန်းပိုင်းမှစ၍ ရာသီဥတုပူပြင်းလာသည့် ဒဏ်ကြောင့် ကျွဲ၊ နွား၊ ကြက်၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန်များသေဆုံးမှုများပြားလာကြောင်း ကော့ကရိတ် မြို့နယ်တွင်း တစ်နိုင်တစ်ပိုင်မွေးမြူသူများက ပြောသည်။
ယခုလို ရာသီဥတုပူပြင်းလာသည့်အတွက် ကြက်၊ ဝက်၊ ကျွဲ၊ နွား...
ဘုရားဖူးသွားလာသူများအား လွတ်ရှမ်းစစ်ကောင်စီဂိတ်က ငွေကြေးအဓမ္မတောင်းခံ
မတ်လ ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ လွတ်ရှမ်းကျေးရွာတွင် တပ်စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုရားဖူးသွားလာသူများအား ငွေကြေးအဓမ္မတောင်းခံလျက်ရှိသည်ဟု ခရီးသွား လာသူများထံမှ သိရသည်။
KNU ဝင်းရေးမြို့နယ်တွင် တည်ရှိနေသည့် လွတ်ရှမ်းစစ်ကောင်စီတပ်စခန်းသည် BGF နယ်ခြား စောင့်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ပူးပေါင်းနေထိုင်လျက်ရှိပြီး...
ဝေါမြို့နယ်၊ ကျေးရွာများတွင် ဒေသခံများအား စစ်ကောင်စီက လုံခြုံရေးယူခိုင်းနေ
မတ်လ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားတစ်လျှောက်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့်အပတ်မှစ၍ ကျေး လက်နေဒေသခံများအား လုံခြုံရေးယူရန် စစ်ကောင်စီတပ်က အတင်းအကြပ်လုပ်ဆောင်ခိုင်းနေကြောင်း ဝေါမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။
ဝေါမြို့နယ်ရှိ လက်ပံရွာ၊ မြစ်ကျိုးရွာနှင့် ပင်ကျေးရွာတို့တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်...
သယုကျိုးရွာမှာ ဖော်ပြခဲ့တဲ့ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှု
သယုကျိုးရွာမှာ ဖော်ပြခဲ့တဲ့ ကရင်ပြည်သူလူထုရဲ့ အမြော်အမြင်၊ ဆန္ဒနဲ့ စိုးရိမ်မှု
မောင်ကျော်စွာ
(၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက်)
ဒီဆောင်းပါးကိုရေးဖို့ အဓိကစေ့ဆော်တဲ့အချက်က KIC နဲ့ “ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ခေါင်းဆောင် မန်းအောင်ပြည်စိုးနှင့် ဆက်သွယ်မေးမြန်း ခြင်း” ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)...














