KIC News
ကရင်စစ်ဘေးရှောင်များအတွက် နိုင်ငံတကာ၏အကူအညီပေးမှုမှာ လိုအပ်ချက်ရှိနေသေးကြောင်း CIDKP ပြော
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးနေသည်ဆိုသော်လည်း ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာထွက်ပြေးကြရသော ကရင်စစ်ဘေးရှောင်များအတွက်မူ နိုင်ငံတကာ၏ထောက်ပံ့မှုသည် လိုအပ်သ လောက်မရရှိကြောင်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP က ပြောသည်။
လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CIDKP အနေဖြင့် ကရင်စစ်ဘေးရှောင်စုစု ပေါင်းဦးရေ၏ ထက်ဝက်ကျော်ခန့်ကိုသာ...
စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်မှုအတွင်း ကား ၃ စီးပျက်စီးပြီး ၁ ဦးသေဆုံးခဲ့ကြောင်း TPDF ထုတ်ပြန်
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဖြတ်ဝင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့မှုလုပ်ဆောင်သောကြောင့် စစ်ကောင်စီတပ်ကား ၃ စီးပျက်စီးခဲ့ပြီး တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း သထုံမြို့ နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု-TPDF က...
ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာ
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ဇူလိုင်လ(၃၁)ရက်နေ့မှစ၍ မြန်မာကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမည့် သတင်းထွက်ရှိလာပြီးနောက် ကရင်ပြည်နယ်တွင် စက်သုံးဆီနှင့် စားသောက်ကုန်ဈေးနှုန်းများရက်ပိုင်း အတွင်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ယခုလကုန်မှစ၍ အကန့်အသတ်ဖြင့်သာရရှိမည့် မြန်မာငွေကျပ် နှစ်သောင်းတန်ငွေစက္ကူအသစ်အား ဟောင်းနွမ်းငွေစက္ကူများဖြင့်...
စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့်ကလေးများ အာဟာရပြည့်ဝသည့် အစားအစာ ရရှိနိုင်မှု ခက်ခဲနေ
ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင်ပဋိပက္ခများနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင် အများအပြားအနက် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များအတွက် အာဟာရ ပြည့်ဝသည့်အစားအစာ လုံလောက်စွာရရှိနိုင်မှုသည် အခက်အခဲဖြစ်လာကြောင်း ကရင်အမျိုးသမီးအစည်းအရုံး -KWOထံမှ သိရသည်။
ယခုကဲ့သို့ မိုးရာသီကာလတွင်...
လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း KNU ထုတ်ပြန်
ဇူလိုင်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေ၊ မွန်ပြည်နယ် ဝင်းရေးမြို့နယ်၊ ရေးဒေသတွင် ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များအကြား လေးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ဗိုလ်ကြီး နှစ် ဦးအပါအဝင်...














