KIC News
ကော့ကရိတ်မြို့ထဲ စစ်ကောင်စီတပ်အင်အားတိုးချဲ့ပြီး လှည့်လည်စစ်ဆေးမှုများ လုပ်ဆောင်နေ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်စစ်ကောင်စီတပ်ဖွဲ့မှ wyf အင်အားများ တိုးချဲ့လာပြီး မြို့ပေါ်ရပ်ကွက်တိုင်းတွင် လှည့် လည်စစ်ဆေးမှုများ ဆောင်နေကြောင်း မြို့ပေါ်ဒေသခံများက ပြောသည်။
မြို့ခံအမျိုးသမီးတစ်ဦးက"မနေ့က တစ်နေကုန်မြို့တွင်း ရပ်ကွက်တိုင်းမှာ လှည့် လည် စစ်ဆေးနေတယ်။ ဖမ်းဆီးတာတော့ မကြားသေးဘူး။...
ဖလူးဒေသခံကလေးများကို ကာစီနိုတရုတ်လုပ်ငန်းရှင်နှင့် BGF တပ်က သက်တမ်းလွန်မုန့်များဝေပေးခဲ့ဟု ဆို
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ တောင်ဘက် ဖလူး၊ ဆုံဆည်းမြိုင်၊ ဝေါလေဒေသက ဒေသခံကလေး များအတွက်ဟုဆိုကာ မြဝတီအခြေစိုက် နယ်ခြားစောင့်တပ် -BGF က တာဝန်ရှိသူအ ချို့နှင့် တရုတ်ကာစီနိုလုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင်...
လက်ခတ်တောင်စခန်းကုန်း ပြန်လည်ရရှိရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များ ထပ်မံတိုက်ခိုက်ခံရ
ဇူလိုင်လ ၂၅ ရက်နေ့၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့ သည့် ဇူလိုင်လ ၂၁ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းစခန်းကုန်းကို ပြန်လည် ရရှိရန် စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကောင်စီတပ်များ ထပ်မံ တိုက်ခိုက်ခံရပြီး...
ခလယ်တံခွန်တိုင်ရှိ အရပ်သားများအား စစ်ကောင်စီဖမ်းဆီးထားပြီး ရိက္ခာဆန်များဖြင့် လဲလှယ်ယူခိုင်းနေ
ဇူလိုင် ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေး မြို့နယ်(ကြာအင်း ဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင်အုပ်စုရှိ လယ်ယာဥယျာဉ်ခြံနှင့် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသည့် ဌာနေလူထုများကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်ထားပြီး ၎င်းတို့တပ်ဖွဲ့စားသောက်ရန် ရိက္ခာဆန်များဖြင့် ပြန်လည်လဲလှယ်ယူခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကြောင်းထိုးလာသည့်...
ပုလောမြို့အဝင်ဂိတ်များတွင် အရပ်သားပြည်သူ ဖြတ်သန်းသွားလာခွင့် စစ်ကောင်စီ ပိတ်ပင်
ဇူလိုင်လ၂၅ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့သို့သွားသည့် လမ်းမတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ ပြည်သူများကို ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
ပုလောမြို့သို့သွားသည့် လမ်းမတစ်လျှောက်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ၇ခုထက်မနည်းရှိပြီး ၎င်းစစ်ဆေး ရေးဂိတ်များထဲမှ မှော်ကြောင်းရွာစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ စစ်ကောင်စီက...














