Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ဒုက္ခသည် အမျိုးသမီးတစ်ဦး မယ်လစခန်းပြင်ပတွင် ဒဏ်ရာများဖြင့် ‌သေဆုံး

စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်း (ဇုံ-စီ)အနီးအနားရှိ သစ်‌တော‌နေရာတစ်ခုတွင် ဒဏ်ရာများဖြင့် ‌သေဆုံး‌နေ‌သော ဒုက္ခသည် အမျိုးသမီးတစ်ဦး၏ အ‌လောင်းကို ‌တွေ့ရှိခဲ့ရ‌ကြောင်း မယ်လစခန်းတာဝန်ရှိသူများက ‌ပြောသည်။ ‌သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၃၇နှစ်အရွယ် မယ်လစခန်း ဇုံ-ဘီ၊ ရပ်ကွက်(၂)‌နေ ‌နော်စိန်လှ‌အေးဖြစ်ပြီး...

နိုင်ငံ‌တော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ

အယ်ဒီတာ့အာ‌ဘော် မြန်မာနိုင်ငံသည် သမုဒ္ဒရာဇ်မင်းမှစ၍ ပုဂံမင်းဆက် ၅၅ဆက်၊ ကုန်း‌ဘောင်မင်းဆက် ၁၁ဆက်၊ ‌နောက်ဆုံး သီ‌ပေါ မင်းအထိ ပ‌ဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး သီ‌ပေါမင်းလက်ထက် ၁၈၈၆ခုနှစ်၊ ဇန်နဝရီလ ၁ရက်‌နေ့တွင် မြန်မာ တစ်နိုင်ငံလုံး နယ်ချဲ့‌အောက်သို့ ‌ရောက်ခဲ့ရသည်။ ထိုမှ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်‌နေ့တွင် အချုပ်အခြာအာဏာ...

အင်တာဗျူးကဏ္ဍ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကန်သာဦးခမ်းမတွင် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်‌နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနား၌ ဖားစည်‌မြေလူငယ်ကွန်ယက်က လူမှု‌ရေးလုပ်ငန်း လုပ်‌ဆောင်သူ ‌စောစိန်‌ထွေးအား လူငယ်စွမ်း ‌ဆောင်ရည်ဆု ချီးမြှင့်ခဲ့သည်။ ဆုတံဆိပ်ဓာတ်ပုံနှင့်အတူ ‌ငွေကျပ် ၈‌သောင်းကို လက်ခံရရှိခဲ့သူ ‌စောစိန်‌ထွေးနှင့် ကရင်သတင်း စဉ်...

မြဝတီမြို့နယ်ရှိ ရွာ ၁ဝရွာကို လမ်းစဉ်နှင့် လက်ရှိနိုင် ငံ‌ရေး ‌ကေအဲန်ယူ ချပြ‌ဆွေး‌နွေး

စက်တင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ‌မောခီး‌ကျေးရွာအုပ်စုရှိ ရွာ ၁ဝရွာ ကို ‌ကေအဲန်ယူက ၎င်းတို့၏ လမ်းစဉ်နှင့် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို စက်တင်ဘာလ တတိယပတ်အတွင်း ရှင်းလင်းချပြ ‌ဆွေး‌နွေးသည်ဟု သိရသည်။ ‌ကေအဲန်ယူ တပ်ရင်း(၂၀၁)မှ ဒုဗိုလ်မှူးကြီး‌စောဘူး‌ဖော ဦးစီး၍...

ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်နိုင်‌ရေး ‌တောင်းဆို

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာ အ‌ရေးကြီးပြီး ပိုမိုပါဝင်နိုင်ရန်လိုအပ်‌ကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် အပြီးတွင် မြန်မာအမျိုးသမီးအဖွဲ့များက ‌ကြေညာချက်ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)နှင့် မြန်မာအမျိုးသမီးများကွန်ယက်(WON)တို့၏ စီစဉ်မှုဖြင့်...

ကရင်ပြည်နယ်အတွင်း အစိုးရ၏ စီးပွား‌ရေး ရင်းနှီးမြုပ်နှံမှုများအ‌ပေါ် ပထမအဆင့်‌ဆွေး‌နွေး

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ) ကရင်ပြည်နယ်၌ မြန်မာအစိုးရ၏ စီးပွား‌ရေးရင်းနှီးမြုပ်နှံမှုများအ‌ပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ နားလည်မှုအမြင်များကို ပထမအဆင့်အ‌နေဖြင့် ‌ဒေသခံလူထုနှင့် ပညာရှင်များက ဖားအံမြို့၊ ကရင်‌ကျောင်းသား များရိပ်သာတွင် စက်တင်ဘာလ ၂၁ မှ ၂၂ရက်‌နေ့အထိ ‌တွေ့ဆုံ‌ဆွေး‌နွေးကြသည်။ ကရင်ပြည်နယ်ရှိ စီးပွား‌ရေးကုမ္ပဏီများ လာ‌ရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာများကို...

ငြိမ်းချမ်း‌ရေး နှင့် အ‌ခြေခံဥပ‌ဒေသစ်‌ရေးဆွဲ‌ရေး (‌ဆောင်းပါး)

‌မောင်‌ကျော်စွာ (စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်) အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ရုံးတွင် စက်တင်ဘာလ ၁၄ ရက်‌နေ့က ကျင်းပ‌သော တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံပြင်ဆင်‌ရေး‌ကော်မတီမှ “၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး (သို့မဟုတ်) အသစ်ပြန်လည်‌ရေးဆွဲ‌ရေး နှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးတို့မှာ တဆက်တည်းဖြစ်၍ ခွဲခြားမရပါ ‌ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်သည်”ဟူ‌သော ...

ဖားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပ

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ) ဖားစည်‌မြေလူငယ်ကွန်ရက်များက ဦးစီး၍ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာဦးခန်းမ၌ ပထမအကြိမ် အပြည်ပြည်ဆို်င်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကို စက်တင်ဘာလ ၂၁ရက်‌နေ့တွင် ပြုလုပ်ကျင်းပကြသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးရရှိရန် ရည်ရွယ်ကာ ကရင်ပြည်နယ်အတွင်းရှိ လူငယ်များက ညီညီညွှတ်ညွှတ်ဖြင့် အပြည်ပြည်ဆို်င်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို စု‌ပေါင်းလုပ်‌ဆောင်ခြင်းဖြစ်သည်ဟု...

မြန်မာနိုင်ငံအမျိုးသမီးများ ဖိုရမ်ကို ရန်ကုန်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပ

စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)နှင့် မြန်မာအမျိုးသမီးများကွန်ယက် (WON)တို့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးများ ဖိုရမ်တစ်ခုကို ယ‌နေ့ စက်တင်ဘာလ ၂ဝ ရက်‌နေ့၌ ရန်ကုန်တိုင်း‌ဒေသကြီး ဗဟန်းမြို့နယ် ရှိ Excel Treasure Hotel တွင်...

သူရဲ‌ကောင်း (ကဗျာ)

(လကင်္ာဒီပ) ရဲ‌ဘော်................. ယုတ္တိသဘာဝကျတဲ့ သ‌ဘောတရား အမျိုးသားတရပ်လုံး တုံး‌အောက်ကဖား အဖြစ်‌တွေမှ လွတ်‌မြောက်‌ရေး သမိုင်း‌ပေးတာဝန်‌တွေ ထမ်း‌ဆောင်ရင်း ဒုက္ခတွင်းထဲ ကုန်းထ ရုန်းထ ပြုတ်ကျလိုက် ပြန်ထူလိုက် ‌ဖေးမလိုက်နဲ့ မှတ်‌ကျောက်တိုက် စစ်‌ဆေးခံခဲ့တာ သင်ဟာ ‌ဖောက်ပြန်‌ရေးသမားတ‌ယောက် မဟုတ်ခဲ့ဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ခွင်ပိုက်ခဲ့တဲ့‌တော်လှန်‌ရေး အ‌ကွေ့အ‌ဖျောက် အတက်အကျ ‌လောကဒဏ် လှိုုင်းထန်ထန် စစ်မှန်တဲ့ သင့်‌တော်လှန်‌ရေး စိတ်ဓါတ်ကိုကား ‌ဝေဝါး မ‌ထွေပြားသွား‌စေနဲ့ ရဲ‌ဘော်။ တယူမသန်ပါဘူး ဆူးကြားခ‌ယောင်းကြား မထားခဲ့ရက်နိုင်တဲ့ ဆန္ဒ အများတွက် ဘဝကို‌တောင် အ‌နှောင်မပါ ထိုး‌ကျွေးဝံ့တဲ့လူစား‌တွေ ‌သေဆုံးခြင်း ရှင်သန်ခြင်း အလျင်းသူနဲ့ မဆိုင်သ‌ဘောထား ပြည်သားပြည်သူ...
Donate