Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်နိုင်‌ရေး ‌တောင်းဆို

ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်နိုင်‌ရေး ‌တောင်းဆို

1993

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ )

WLB & WONမြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာလည်း လွန်စွာ အ‌ရေးကြီးပြီး ပိုမိုပါဝင်နိုင်ရန်လိုအပ်‌ကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် အပြီးတွင် မြန်မာအမျိုးသမီးအဖွဲ့များက ‌ကြေညာချက်ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)နှင့် မြန်မာအမျိုးသမီးများကွန်ယက်(WON)တို့၏ စီစဉ်မှုဖြင့် ကျင်းပ‌သော ဖိုရမ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ‌တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင် အမျိုးသမီးများ၏ ပါဝင်မှုမှာ အမှန်တကယ် လိုအပ်‌ကြောင်းကို မြန်မာနိုင်ငံ ပြည်တွင်းအ‌ခြေစိုက် (WON)၏ ပဲ့ကိုင် ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌နော်စူစဲန်နာလှလှစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မငြိမ်းချမ်းလို့ ဒုက္ခခံစား‌နေရသူ‌တွေထဲမှာ အမျိုးသမီး‌တွေပါဝင်တယ်ဆိုတာ ‌မေ့ထားလို့မရပါဘူး။ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်‌တွေမှာ အမျိုးသမီး‌တွေ မပါဝင်ဘူးဆိုရင် သူတို့ရဲ့ခံစားချက်‌တွေ နစ်နာချက်‌တွေကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေမှာ အမျိုးသမီး‌တွေပါဝင် ခွင့်ရှိဖို့ အင်မတန်မှအ‌ရေးကြီးပါတယ်”ဟု ‌နော်စူစဲန်နာလှလှစိုးက ‌ပြောဆိုသည်။

ယခုလ စက်တင်ဘာ ၂ဝ မှ ၂၂ ရက်‌နေ့အထိ ကျင်းပ‌သော မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ်တွင် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်နှင့် အမျိုးသမီးများ၏အခန်းကဏ္ဍအပြင် အမျိုးသမီးများအား တရားဥပ‌ဒေအရ ကာကွယ်ခြင်းအ‌ကြောင်းအရာများ၊ ကျားမတန်းတူ‌ရေး၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ စသည့် အ‌ကြောင်းအရာများကို ‌ဆွေး‌နွေးဖလှယ်ခဲ့ကြ သည်ဟု သိရသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲမှ ရရှိလာ‌သောရလဒ်များဖြင့် ထုတ်ပြန်‌သော ‌ကြေညာချက်တွင် နိုင်ငံ‌ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အ‌ရေးလှုပ်ရှားမှု‌ကြောင့် အကျဉ်းကျခံ‌နေရ‌သော အမျိုးသမီးများအား ပြန်လွှတ်‌ပေး‌ရေး၊ အမျိုးသမီး များအား တရားဥပ‌ဒေအရ ထိ‌ရောက်စွာ အကာအကွယ်‌ပေး‌ရေး စသည့်အချက်များပါဝင်ခဲ့သည်။

WON ၏ တာဝန်ခံ ‌ဒေါ်မာမာချိုက “နိုင်ငံ‌ရေးဦး‌ဆောင်မှုမှာ အမျိုးသမီး‌တွေပါဝင်ရမှုက အင်မတန်မှ နည်း‌နေပါ ‌သေးတယ်။ အမျိုးသမီး‌တွေအ‌နေနဲ့ တန်းတူဦး‌ဆောင်နိုင်တဲ့အရည်အချင်း‌တွေ ရှိပါတယ်။ အဲဒါ‌ကြောင့် အမျိုးသမီး‌တွေအ‌နေနဲ့ ပိုမိုပါဝင်ခွင့် ရှိသင့်တယ်”က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ မြန်မာပြည်တွင်းသာမက နယ်စပ်ရှိတိုင်းရင်းသူကိုယ်စားလှယ်များလည်း တက်‌ရောက်‌ဆွေး‌နွေးခဲ့ သဖြင့် ‌ဒေသအသီးသီးရှိ အမျိုးသမီး‌တွေ့ကြုံ‌နေရ‌သော အခက်အခဲများကို သိခွင့်ရရုံမက ပိုမိုနားလည်သ‌ဘော ‌ပေါက်ခွင့်ရသည့်အတွက်လည်း လွန်စွာ အကျိုးရှိ‌ကြောင်း သူမက ဆက်‌ပြောသည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် အမျိုးသမီးဖိုရမ်တွင် နယ်စပ်အ‌ခြေစိုက် WLB အဖွဲ့ဝင်များဖြစ်သည့် အိန္ဒိယ၊ ဘဂင်္လား‌ဒေ့ရ်ှအ‌ခြေစိုက် အမျိုးသမီးအဖွဲ့များ၊ ထိုင်း နယ်စပ်အ‌ခြေစိုက် တိုင်းရင်းသားအမျိုးသမီး အဖွဲ့ ၁၃ ဖွဲ့နှင့် ပြည်တွင်းအ‌ခြေစိုက် WON အဖွဲ့ဝင် ၃ဝဖွဲ့ အပါအဝင် အမျိုးသမီးများနိုင်ငံ‌ရေးပါတီများ၊ အမျိုး သမီးလွှတ်‌တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စသည့် အမျိုးသမီးကိုယ်စားလှယ်များ စုစု‌ပေါင်း ၄၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။