Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

2125

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကန်သာဦးခမ်းမတွင် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်‌နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနား၌ ဖားစည်‌မြေလူငယ်ကွန်ယက်က လူမှု‌ရေးလုပ်ငန်း လုပ်‌ဆောင်သူ ‌စောစိန်‌ထွေးအား လူငယ်စွမ်း ‌ဆောင်ရည်ဆု ချီးမြှင့်ခဲ့သည်။ ဆုတံဆိပ်ဓာတ်ပုံနှင့်အတူ ‌ငွေကျပ် ၈‌သောင်းကို လက်ခံရရှိခဲ့သူ ‌စောစိန်‌ထွေးနှင့် ကရင်သတင်း စဉ် ‌တွေ့ဆုံ‌မေးမြန်းထားချက် ဖြစ်ပါသည်။

ကရင်သတင်းစဉ် – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့မှာ လူငယ်စွမ်း‌ဆောင်ရည်ထူးချွန်ဆု ချီးမြှင့်ခြင်းခံရတဲ့ ‌စောစိန်‌ထွေး အ‌နေနဲ့ လူမှု‌ရေးလုပ်ငန်းကို ဘယ်တုန်းက စတင် လုပ်‌ဆောင်ဖြစ်ပါသလဲ။
– ကျ‌နော် လူမှု‌ရေးအလုပ် စလုပ်ဖြစ်တဲ့အချိန်က ၁၉၉၉ခု၊ ဆယ်တန်း‌အောင်တဲ့နှစ်မှာ ဖြစ်တယ်။ မျိုးဆက်သစ်လူငယ် ဆွမ်း ‌လောင်းအသင်းမှာ အဲ့ဒီကစတင်ပြီး ပါဝင်လုပ်‌ဆောင်ခဲ့ပါတယ်။ အဓိကလုပ်ဖြစ်ကြတာက ဘားအံမြို့တွင်းနဲ့ ရပ်ကွက်အတွင်းမှာ သာ‌ရေးနာ‌ရေး ‌ဝေယျာဝစ္စ‌တွေ လုပ်ဖြစ်တာ များပါတယ်။

ကရင်သတင်းစဉ် – လူမှု‌ရေးလုပ်ငန်း ‌ဆောင်ရွက်တဲ့အခါမှာ ကိုစိန်‌ထွေးတို့အ‌နေနဲ့ ဘယ်လိုအခက်အခဲမျိုး‌တွေ ကြုံရပါသလဲ။
– ဒီအဖွဲ့က‌တော့ ‌စေတနာနဲ့ အလုပ်လုပ်သူ‌တွေဆို‌တော့ အချိန်‌တော့ ‌ပေးရပါတယ်။ ‌နောက်‌တော့ စားဝတ်‌နေ‌ရေး အခက်အခဲ ‌တွေ ရှိလာတယ်။ သာ‌ရေး၊ နာ‌ရေးလုပ်တယ်ဆို‌တော့ စိတ်‌စေတနာ အရင်းခံပြီး လုပ်တာများတယ်။ စနစ်တကျ ဖွဲ့စည်းထားတာ လည်း မဟုတ်ဘူး‌ပေါ့‌နော်။ ဒီ‌ခေါင်းစဉ်ကို စိတ်ဝင်စားကြပြီး ပါဝင်လုပ်‌ဆောင်ကြတာပါ။ တစ်‌ယောက်နဲ့တစ်‌ယောက် အဆင်‌ပြေ တာလည်းရှိသလို မ‌ကျေလည်တာလည်း ရှိတယ်။

ကရင်သတင်းစဉ် – ဒီလို လူမှု‌ရေးအလုပ်မျိုးကို ဘယ်လိုခံယူချက်မျိုးနဲ့ နားလည်ပြီး လုပ်‌နေတာပါလဲ။
– ကျ‌နော် သ‌ဘော‌ပေါက်နားလည်ထားတာက‌တော့ လူမှု‌ရေးအလုပ်ဟာ ဝန်‌ဆောင်မှုလုပ်ငန်းတစ်ခုပါပဲ‌ပေါ့‌နော်။ ကိုယ့်အချိန်၊ ကိုယ့်အကျိုး‌တွေကို နည်းနည်း‌လျော့ပြီး အများအကျိုးအတွက် လုပ်‌ပေးခြင်း ဖြစ်တယ်။ အနစ်နာခံတယ် ဆိုတဲ့စကားကို ကျ‌နော် မသုံးချင်ဘူး။ အနစ်နာခံဆိုကတည်းက သူ့ဘက်ကိုယ့်ဘက် တွက်ကြတာ ပါ‌ကောင်းပါလာနိုင်တယ်။ ကိုယ်က စလုပ်ပြီးဆိုရင် နစ်နာတယ်လို့ မစဉ်းစားဘဲနဲ့ သူ အဆင်‌ပြေပါ‌စေဆိုပြီး စိတ်ထားရင်းနဲ့ကူညီခြင်းပဲ‌ပေါ့‌နော်။ ကူညီနိုင်ရင် ကူညီတယ်။ မနိုင်ဘူး ဆိုရင် မနိုင်ဘူးဆိုပြီး ပြတ်ပြတ်သားသား ‌ပြောဆိုပါတယ်။ ရပ်ကွက်ထဲမှာ ကျ‌နော်တို့ ဘာ‌တွေကူညီနိုင်သလဲ လိုက်ကြည့်တယ်။ ရှိတဲ့အားနဲ့ နိုင်ရင်နိုင်သလို ကူညီ‌ပေးပါတယ်။

ကရင်သတင်းစဉ် – အခြားအဖွဲ့အစည်း‌တွေနဲ့ ပါဝင်ပူး‌ပေါင်းတာမျိုး ဘယ်လိုရှိပါသလဲ။
– အခြားအဖွဲ့အစည်း‌တွေဖြစ်တဲ့ ငြိမ်း‌ဖေါင်‌ဒေးရှင်းတို့ စဖွဲ့တဲ့အချိန်တုန်းကဆိုရင် ကျ‌နော်တို့က သင်တန်းသားအ‌နေနဲ့‌ကော ဝိုင်းလုပ်ဝိုင်းကိုင်အ‌နေနဲ့ပါ ပါဝင်ပူး‌ပေါင်းဖြစ်တယ်။ ရပ်ကွက်ထဲမှာ မိခင်နဲ့က‌လေး ‌ခေါ်တဲ့ မျိုးဆက်ပွားသင်တန်း‌တွေလိုမျိုး ပူး‌ပေါင်းပါဝင်ပါတယ်။ အမျိုးသား‌ရေးဘက်မှာဆိုရင် ‌ကောက်သစ်စားပွဲတို့၊ စာ‌ပေ/ယဉ်‌ကျေးမှုတို့မှာဆိုရင် ကျ‌နော်တို့က ဝိုင်း လုပ်‌ပေးတာ‌ပေါ့‌နော်။ ဒီလိုပွဲမျိုးဖြစ်လာဖို့ ပါဝင်နိုင်တဲ့ ကဏ္ဍ‌တွေမှာ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်ပါတယ်။

ကရင်သတင်းစဉ် – ဒီလိုဂုဏ်ပြုဆု ရရှိတဲ့အ‌ပေါ်မှာ ဘယ်လိုခံစားရသလဲ။ ‌နောက်‌နောင်ဘယ်လို‌ကောင်း‌အောင် ဘယ်လိုမျိုး ဆက်လုပ်သွားဖို့ ရှိထားပါသလဲ။
– ဆုရရှိတယ်ဆို‌တော့ ကိုယ့်ကို အသိအမှတ်ပြုတယ်လို့ပဲ ခံစားရတယ်။ ဆု‌ပေးတဲ့သူ‌တွေရဲ့ ‌စေတနာက‌တော့ ပုဂ္ဂိုလ်တစ်ဦးတစ် ‌ယောက်ကိုပဲ မရည်ရွယ်ပဲ ‌နောက်‌နောင်လူငယ်‌တွေအတွက် ငြိမ်းချမ်း‌ရေးမှာပဲဖြစ်ဖြစ်၊ လူမှု‌ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံ‌ရေးဖြစ်စဉ်တစ် ခုမှာ လူငယ်‌တွေရဲ့ အခန်းကဏ္ဍကို သတိပြုမိ‌စေလိုတဲ့ဆန္ဒနဲ့ ကျ‌နော်အဲ့သလိုပဲ ခံစားရပါတယ်။ လူငယ်‌တွေ သတိပြုမိလာ ‌အောင်၊ ဒီထက်‌ကောင်းမွန်လာ‌အောင် ကျ‌နော် လုပ်‌ဆောင်ဖို့ရှိပါတယ်။ အထူးသဖြင့် ကျ‌နော်တို့ရှိပြီးသား လူငယ်ကွန်ယက်ကို ညှိညှိနှိုင်းနှိုင်းနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်သွားမှာပါ။

ကရင်သတင်းစဉ် – လက်ရှိ ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ‌စောစိန်‌ထွေး ဘယ်လိုရှုမြင်ပါသလဲ။
– ငြိမ်းချမ်း‌ရေးလို့ ဆိုလိုတာနဲ့ လက်နက်ကိုင်အဖွဲ့‌တွေပဲလို့ မြင်ကြတယ်။ ဒါ‌တွေလည်း မှန်ပါတယ်။ အဲ့ဒါ‌တွေကို ‌စောင်း‌ပေးပြီး ‌တော့ ‌ပြောရမယ်ဆိုရင် လက်နက်ကိုင်ငြိမ်းချမ်း‌ရေးလုပ်ရာမှာ တစ်‌ယောက်နဲ့တစ်‌ယောက် ယုံကြည်မှုရှိဖို့ လိုတာ‌ပေါ့။ ယုံကြည်မှု ရဖို့ဆိုတာ ရင်းနှီးဖို့၊ ‌ပြောဆိုဆက်ဆံဖို့၊ ယုံကြည်မှုတည်‌ဆောက်ဖို့ လိုပါတယ်။ အ‌ရေးကြီးဆုံးတစ်ချက်က‌တော့ တစ်‌ယောက်နဲ့ တစ်‌ယောက်‌ပေါ့ ကိုယ်လုပ်တဲ့အလုပ်ကို တာဝန်ယူဖို့ လိုပါတယ်။
DSC03128
ကရင်သတင်းစဉ် – ငြိမ်းချမ်း‌ရေးလုပ်ရှားမှုမှာ လူငယ်ထု၊ အမျိုးသမီးထု အပါအဝင် လူထု‌တွေအားလုံး ပူး‌ပေါင်းပါဝင်မှု ရှိလာ ‌အောင် ဘယ်လိုတိုက်တွန်းချင်ပါသလဲ။
– အားလုံးပါဝင်လာဖို့က ငြိမ်းချမ်း‌ရေးဟာ အားလုံးအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အသိအမြင်မျိုး ချပြနိုင်ဖို့ လိုတယ်။ အချို့က ငြိ်မ်းချမ်း‌ရေးဆိုတာ နိုင်ငံ‌ရေးနဲ့ပဲ နွယ်တယ်လို့ပဲ ထင်ကြတယ်။ နိုင်ငံ‌ရေးဆိုတာ မမြင့်မြတ်ဘူးလို့ ထင်ကြတယ်‌ပေါ့‌နော်၊ ဒါ‌ပေမယ့် နိုင်ငံ‌ရေး‌ကောင်းလာမှ ငြိ်မ်းချမ်းလာမယ်၊ ကျ‌နော်တို့ လူ့‌လောက သာယာလာမယ်‌လေ။ ဒါ‌ကြောင့် နိုင်ငံ‌ရေးလုပ်တာ မြင့်မြတ်တဲ့အလုပ်တစ်ခုပဲလို့ ကျ‌နော်မြင်တယ်။ လူငယ်‌တွေ၊ အမျိုးသမီးထု‌တွေ ပါဝင်လာနိုင်‌အောင် များများ‌ဆော်ဩဖို့ လိုတာ ‌ပေါ့။ လူငယ်ထု‌တွေအ‌ပေါ်မှာ ကျ‌နော်‌ပြောကြားချင်တာက‌တော့ ကျ‌နော်ဟာ အဖွဲ့ထဲမှာ ‌ခေါင်း‌ဆောင်မဟုတ်ပါဘူး။ လူငယ်ကွန် ယက်မှာလည်း ဦး‌ဆောင်သူ မဟုတ်ပါဘူး။ ကျ‌နော်က ကျရာတာဝန်ကို လုပ်‌ဆောင်တဲ့သူ‌ပေါ့‌နော်။ လူငယ်‌တွေ ‌နောင်အချိန်မှာ မိမိကျရာတာဝန်ကို ထမ်း‌ဆောင်နိုင်ဖို့ ကိုယ်ပိုင်အစွမ်းအစ‌တွေ စုစည်းထား‌စေချင်ပါတယ်။ အဆင်သင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါမှသာ ကျ‌နော်တို့ ‌မျှော်လင့်‌တောင့်တ‌နေကြတဲ့ ငြိမ်းချမ်းတဲ့၊ သာယာ‌အေးမြတဲ့ ‌နေရာတစ်ခုကို ‌ရောက်ရှိလာမှာပါ။