Home သတင်း ကရင်ပြည်နယ်အတွင်း အစိုးရ၏ စီးပွား‌ရေး ရင်းနှီးမြုပ်နှံမှုများအ‌ပေါ် ပထမအဆင့်‌ဆွေး‌နွေး

ကရင်ပြည်နယ်အတွင်း အစိုးရ၏ စီးပွား‌ရေး ရင်းနှီးမြုပ်နှံမှုများအ‌ပေါ် ပထမအဆင့်‌ဆွေး‌နွေး

1495

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၌ မြန်မာအစိုးရ၏ စီးပွား‌ရေးရင်းနှီးမြုပ်နှံမှုများအ‌ပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ နားလည်မှုအမြင်များကို ပထမအဆင့်အ‌နေဖြင့် ‌ဒေသခံလူထုနှင့် ပညာရှင်များက ဖားအံမြို့၊ ကရင်‌ကျောင်းသား များရိပ်သာတွင် စက်တင်ဘာလ ၂၁ မှ ၂၂ရက်‌နေ့အထိ ‌တွေ့ဆုံ‌ဆွေး‌နွေးကြသည်။

ကရင်ပြည်နယ်ရှိ စီးပွား‌ရေးကုမ္ပဏီများ လာ‌ရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းမှုဆိုင်ရာများကို သိရှိနားလည်‌စေရန် ‌ဆွေး‌နွေးပွဲပြုလုပ်ရခြင်းဖြစ်ပြီး အထူးသဖြင့် ‌ဒေသတွင်း ကုမ္ပဏီများ စီးပွား‌ရေးလာ‌ရောက်လုပ်‌ဆောင်ရာမှာ အစိုးရတစ်ခုကသာ မဆုံးဖြတ်‌စေဘဲ ‌ဒေသခံလူထုများနှင့် တိုင်ပင်သင့် ‌ကြောင်းကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေးအဖွဲ့က ‌ပြောသည်။

‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေးအဖွဲ့ဝင် ‌စောထွန်းထွန်းက “‌ဒေသအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်တဲ့အခါမှာ သဘာဝပတ် ဝန်းကျင်ထိခိုက်မှုနည်းသထက် နည်း‌အောင် နည်းလမ်းများကို အစိုးရအဖွဲ့‌တွေ၊ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေ၊ ‌ဒေသခံလူထု‌တွေက တိုင်ပင်ပြီး သိရှိနားလည်လာမှသာလျှင် အကျိုးတူ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ကြလိမ့်မယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ယခု‌ဆွေး‌နွေးပွဲ ပထမအဆင့်ပြီး‌နောက် ဆက်လက်လုပ်‌ဆောင်ရမည့် အလုပ်များကို လုပ်သင့်၊ မသင့် ပညာရှင်‌တွေ ‌ခေါ်ယူပြီး ‌ဒေသခံလူထုအား ပြန်လည်ရှင်းပြသွားရန်ရှိသည်ဟု ၎င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးပညာရှင် ‌ဒေါ်‌ဒေဝီသန့်စင်က “အလွန်လှပတဲ့ အပျိုစင် မြန်မာနိုင်ငံ ‌မြေပုံ မျက်နှာပြင်ဟာ အခု‌တော့ ဖြတ်မျဉ်းတစ်ခုဖြစ်သွားပြီ။ မြန်မာနိုင်ငံဟာ သံယာဇာတ ‌ပေါတဲ့နိုင်ငံပါ။ နိုင်ငံတိုး တက်ဖို့ဆိုရင် သံယာဇာတ ထုတ်ယူသုံးစွဲတဲ့အခါ စနစ်ကျဖို့၊ ထိန်းသိမ်းတက်ဖို့နဲ့ ချစ်မြတ်နိုးတတ်ဖို့ လိုပါတယ်” ဟု ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးပညာရှင် (၂)ဦးအပါအဝင် တက်ကြွလှုပ်ရှားသူ ‌ဒေသခံ လူထုများ၊ စီးပွား‌ရေး လုပ်ငန်းရှင်များ စုစု‌ပေါင်း လူ ၃ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးကြခြင်းဖြစ်သည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်သူ မရမ်းကုန်းဆရာ‌တော် အရှင်ဝိရိယက ကရင်ပြည်နယ်ရှိ ‌ဒေသခံထုများသည် ယခုထိ ‌ဂေဟစနစ်ကို မြတ်နိုးတန်ဖိုးထားကြပြီး ‌ဂေဟစနစ်ပျက်စီး ယိုယွင်းမည်ကို မလိုလား‌ကြောင်း၊ ကရင် ပြည်နယ်တွင် ‌နောက်ထပ် အကြီးစားဘိလပ်‌မြေစက်ရုံ အသစ်(၅)ခု တည်‌ဆောက်မည့်အ‌ပေါ် ‌တောင်တန်းများ ‌ပျောက်ဆုံးမည်ကို စိုးရိမ်‌ကြောင်းနှင့် မြန်မာနိုင်ငံတွင် စီမံကိန်း‌ကြောင့် ‌ဒေသခံလူထုအတွက် အကျိုးစီးပွား ရရှိမှုများ ယခုထိ မ‌တွေ့ရှိရ‌သေး‌ကြောင်း ‌ပြောသည်။

အရှင်ဝိရိယက “မြန်မာနိုင်ငံမှာ လုပ်တဲ့စီမံကိန်း‌တွေဟာ ‌ဒေသခံလူထု‌တွေအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး၊ ဓ‌လေ့ရိုးရာယဉ်‌ကျေးမှု၊ ဘဝအာမခံချက်‌တွေ လုပ်‌ပေးတာ မ‌တွေ့ရ‌သေးဘူး”ဟု ဆိုသည်။

တက်ကြွလှုပ်ရှာသူ ‌ဒေသခံလူထုနှင့် ပညာရှင်များက ကရင်ပြည်နယ်တွင် အစိုးရများ၏ စီးပွား‌ရေးရင်းနှီးမြုပ်နှံမှု များနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ နားလည်မှုအမြင်များကို ပထမဆုံး အကြိမ်အဖြစ် ယခုလို ‌ဆွေး‌နွေးပွဲပြုလုပ်ကြခြင်းဖြစ်ပြီး လာမည့်ကာလများတွင် အဆင့်တိုးကာ ဆက်လုပ်သွားရန် ရှိသည်ဟု သိရသည်။