Hay Htoo
ကေအဲန်ယူ တပ်မဟာ(၅)တွင် မွမ်းမံစစ်သင်တန်း ဆင်းပွဲ ပြုလုပ်
စက်တင်ဘာ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ တပ်မဟာ (၅)တစ်နေရာတွင် စက်တင်ဘာလ ၁၇ရက်နေ့က မွမ်းမံစစ်သင်တန်း အခမ်းအနားတရပ် ပြုလုပ်ကျင်းပခဲ့သည်။
ကေအဲန်ယူ၏ တပ်မဟာ(၇)ခုရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(ကေအဲန်ဒီအို)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)လက်အောက်ခံ တပ်မှူး၊ တပ်ဗိုလ် ၇ဝခန့်ကို ၃လကြာ မွမ်းမံသင်တန်း ပြုလုပ်ပြီးနောက်...
ကရင်ကျောင်းသားများရိပ်သာ ကို ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက်ကျောင်း အဖြစ် ပြောင်းလဲ
စက်တင်ဘာလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်ကျောင်းသားများရိပ်သာ (Kayin Student’s Center-KSC) ကို ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေး(ဘ.က)တွဲဖက်ကျောင်းအဖြစ်သို့ ပြောင်းလဲဖွင့် လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကရင်ကျောင်းသားများရိပ်သာ ကြီးကြပ်ရေးအဖွဲ့နှင့် ကရင်ပြည်နယ် တောင်ကလေး ဘ.ကပညာရေးကျောင်းမှ ကျောင်းအုပ်တို့ ပူးပေါင်း၍...
ဇွဲကပင်တောင်ဆံတော်ရှင် Cable Car စီမံကိန်းအတွက် မြေစမ်းသပ် မှု ပြုလုပ်တော့မည်
စက်တင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံ၌ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ Cable Car စီမံကိန်းအတွက် ကရင်ပြည်နယ်၊ ဇွဲကပင်တောင် ခြေရှိ လုမ္ဗနီဥယျာဉ်တွင် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး မလေးရှားပညာရှင်များက မြေစမ်းသပ်မှုများ လာရောက်ပြုလုပ်တော့မည်ဖြစ်ကြောင်း စီမံကိန်းဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။
စီမံကိန်းဖြစ်မြောက်ရေး ဗဟိုကော်မတီ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး တာဝန်ခံ...
အစိုးရဌာနဆိုင်ရာ စွမ်းဆောင်ရည်နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် UNDP ကူညီမည်
စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနဆိုင်ရာများ စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်လာစေရန်နှင့် ဒေသဖွံ့ဖြိုးလာရန် ၂၀၁၃ မှ ၂၀၁၅ အထိ စီမံကိန်းအတွက် ထောက်ပံ့ကူညီသွားမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)က ယနေ့ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ၎င်းတို့၏ ရုံးဖွင့်လှစ်သည့်အခါ ပြောကြားခဲ့သည်။
အစိုးရဌာနဆိုင်ရာများ၏ စွမ်းဆောင်ရည်များသည် အားနည်းချက်များ၊...
မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ရှင်မှ လစာငွေပေးရန် ပျက်ကွက်မှုအတွက် တရားရုံးက ဆုံးဖြတ်
စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၊ မယ်ပ ၁ဝ ရပ်ကွက်ရှိ M-1 အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား အမျိုးသမီး ၁၉ ဦးကို အလုပ်ရှင် မှ လစာပေးရန် ပျက်ကွက်မှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့...
ကရင်အလုပ်သမား တစ်ဦး ဆောက်လုပ်ရေး တိုက်ပေါ် ပြုတ်ကျသေဆုံး
စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်မြို့ရှိ ဆန်ဒေ့(ကလေး)တရားရုံးအနီး၌ ပါဝါလိုင်း ကုမ္ပဏီမှ အသစ် ဆောက်လုပ်နေသည့် အဆောက်အဦးတစ်ခုအပေါ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၆ရက်နေ့၊ ညနေ ၈နာရီ ဝန်းကျင်က ကရင်အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်ဟု သိရသည်။
အသက် ၂ဝ ကျော်အရွယ်...
အတ္တရံမြစ်ကူးတံတားတစ်စင်း တည်ဆောက်မည်
စက်တင်ဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသည့် မုဒုံ-မြဝတီလမ်းမပေါ် ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် အတ္တရံမြစ်ကူးတံတားတစ်စင်း (ချောင်းနှစ်ခွတံတား) တည်ဆောက်ရန် ရှိသည်ဟု သိရသည်။
ချောင်းနှစ်ခွတံထားကို မွန်ပြည်နယ် မုဒုံမြို့မှ ကရင်ပြည်နယ်နယ်စပ် မဲသရောအထိ အရှည် ၃၂ မိုင်၊ ၅...
အစိုးရ၏ ပြည်လုံးကျွတ် အပစ်ရပ်ခေါ်ယူရေးအပေါ် UNFC အရေးပေါ် အစည်းအဝေးခေါ်ယူ
စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာအစိုးရအနေဖြင့် တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် လာမည့် အောက်တိုဘာလတွင် ခေါ်ယူဆွေးနွေးမည့်အပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေး တစ်ရပ်ခေါ်ယူဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး...
ကေအဲန်ယူနယ်မြေရှိ ကော့ ကရိတ်-ကျိုက်ဒုံ ကတ္တရာ လမ်းဖောက်လုပ်ရန် ပြင်ဆင်နေ
စက်တင်ဘာ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေရှိ ကော့ကရိတ်မှ ကျိုက်ဒုံသို့ သွားလာနေသည့် မြေလမ်းကို ကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် စက်တင်ဘာလ အတွင်း အစိုးရက ပြင်ဆင်လျှက်ရှိသည်ဟု သိရသည်။
အဆိုပါလမ်းဖောက်လုပ်ရေးလုပ်ငန်းကို ကေအဲန်ယူနှင့် အစိုးရတို့ နှစ်ဖက်သဘောတူညီမှုရယူ၍ ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ကေအဲန်ယူ...
လူငယ်များရဲ့ စကားလက်ဆောင်
စောဂျိုးကတ် ၂၆ နှစ်
ဝါသနာ လူမှုရေးလုပ်ငန်း
ပညာ AGTI(E.P)၊ B.Tech ထားဝယ်နည်းပညာတက္ကသိုလ်(ပထမနှစ်)
ကျနော်က တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲက မြေးခံဘော်ရွာဇာတိပါ။ အမေ နာမည်က နော်ပါးအယ်၊ အဖေက စောကြာထွန်းဖြစ်ပြီး မိရိုးဖလာ ကွမ်သီးခြံနဲ့ တောင်ယာလုပ်ငန်းလုပ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ကျနော်တို့ဒေသရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖြစ်ပါတယ်။
မွေးချင်းမောင်နှမ ၁၁ ယောက်ရှိပါတယ်။ ကျနော်က ၄ဦးမြောက်သားပါ။...





