Home သတင်း ဒုက္ခသည် အမျိုးသမီးတစ်ဦး မယ်လစခန်းပြင်ပတွင် ဒဏ်ရာများဖြင့် ‌သေဆုံး

ဒုက္ခသည် အမျိုးသမီးတစ်ဦး မယ်လစခန်းပြင်ပတွင် ဒဏ်ရာများဖြင့် ‌သေဆုံး

1668

စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်း (ဇုံ-စီ)အနီးအနားရှိ သစ်‌တော‌နေရာတစ်ခုတွင် ဒဏ်ရာများဖြင့် ‌သေဆုံး‌နေ‌သော ဒုက္ခသည် အမျိုးသမီးတစ်ဦး၏ အ‌လောင်းကို ‌တွေ့ရှိခဲ့ရ‌ကြောင်း မယ်လစခန်းတာဝန်ရှိသူများက ‌ပြောသည်။

‌သေဆုံးသွားသည့် အမျိုးသမီးသည် အသက် ၃၇နှစ်အရွယ် မယ်လစခန်း ဇုံ-ဘီ၊ ရပ်ကွက်(၂)‌နေ ‌နော်စိန်လှ‌အေးဖြစ်ပြီး စက် တင်ဘာလ ၂၃ရက်‌နေ့က ‌ပျောက်ဆုံးကာ ယ‌နေ့နံနက် ၇နာရီအချိန်တွင် သူမ၏အ‌လောင်းကို ပြန်လည်‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်း ဥက္ကဌ ‌စော‌အောနက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူ(မ) ဘယ်လို‌ကြောင့် ဒီလို‌သေလဲဆိုတာ အခုထိ ဘယ်သူမှ မသိကြဘူး။ အ‌လောင်းကို ပြန်‌တွေ့တဲ့အခါ ကိုယ်‌ပေါ်မှာ ထမီက ခါးအထိလှန်ထားသလို အ‌ပေါ်ပိုင်းမှာ ‌အောက်ခံအကျင်္ီပဲ ရှိတယ်။ သူ့လည်ပင်းလည်း ကျိုးသွားတာကို ‌တွေ့ရတယ်။ ‌နောက် ကိုယ်မှာလည်း ဒဏ်ရာအညိုကွက်‌တွေ ‌တွေ့ရတယ်။”ဟု ‌ပြောဆိုသည်။

လက်ရှိတွင် ထိုင်းလုံခြုံ‌ရေး တာဝန်ရှိသူများက ‌သေဆုံးသူ ‌နော်စိန်လှ‌အေးကို စစ်‌ဆေးမှုများ ပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာများ ‌တွေ့ရှိရ‌သော်လည်း တစုံတရာ အ‌ရေးယူ ‌ဆောင်ရွက်မှုများပြုလုပ်ရန် ခက်ခဲ‌နေ‌သော‌ကြောင့် သူမ၏အ‌လောင်းကို မယ်လစခန်း ဇုံ-ဘီရှိ ကိုယ်ဝန်‌ဆောင်အမျိုးသမီး ‌ဆေးခန်းအနီး ဇရပ်တွင် ထားရှိသည်ဟု သိရသည်။

ဇုံ-ဘီ၊ ရပ်ကွက်(၂)မှူး ‌စောအဟွယ်က “ကျ‌နော့်မျက်စိနဲ့ သူ့(မ)အ‌လောင်းကို မြင်တာ‌တော့ ပုံမှန်အ‌နေအထား မဟုတ်ဘူး။ ဒါ‌ပေမယ့် သက်‌သေမရှိတဲ့အခါကျ‌တော့ ခက်တယ်။ အခု အဲဒီဇရပ်မှာ ထားထားပါတယ်။ ဒီည‌နေ ၂နာရီ‌ကျော်မှာ မီးသၤဂြိုလ် မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သေဆုံးသွားသူသည် ထူးခြားသည့် ‌ရောဂါတမျိုး စွဲကပ်‌နေပြီး ယင်း‌ဝေဒနာမှာ တနှစ်လျှင် နှစ်ကြိမ်အထိ ဖြစ်ပွား‌ကြောင်းနှင့် ‌ရောဂါဖြစ်လာပါက ဦးတည်ရာ သွားလာတတ်‌ကြောင်း အိမ်းနီးချင်းများက ‌ပြောဆိုသည်။ ‌သေဆုံးသွားသူ ‌နော်စိန်လှ‌အေးမှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့ပြီး ယခု အသက် ၁၂နှစ်အရွယ် သမီးတစ်ဦးနှင့် ၉နှစ်သားအရွယ် သား‌ယောက်ျား‌လေးတစ်ဦး ကျန် ရစ်ခဲ့သည်။

ဒုက္ခသည်ဦး‌ရေ ‌လေး‌သောင်း‌ကျော်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခင်က အမျိုးသမီးများ စခန်းပြင်ပတွင် ကားတိုက်‌သေ ဆုံးမှုများရှိခဲ့ဖူးသလို အဓမ္မပြုကျင့်ခံရမှုများလည်း ရှိခဲ့ဖူး‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောဆိုသည်။