Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ဖားအံမြို့ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုများဖြစ်ပေါ်နေ

ဩဂုတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် ယခုရက်ပိုင်းအတွင်း ဆီပြတ်လပ်မှုများကြုံတွေ့နေရကြောင်း ဖားအံမြို့နေ ပြည်သူများထံမှ သိရသည်။ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း စက်သုံးဆီဈေးများ မငြိမ်သက်မှုများ ဖြစ်ပေါ်နေစဉ် ဖားအံမြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် ဆီပြတ်လပ်မှုများကြောင့် ဝယ်မရဖြစ်နေကြောင်း ဖားအံမြို့နေ...

ရေးဘီလူးအဖွဲ့ ထုတ်ပြန်ချက်ကြောင့် ရေးမြို့ပေါ် ကျောင်းသားမိဘများ ၎င်းတို့ကလေးများကို ကျောင်းပေး မတက်

ဩဂုတ်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်များကို ရှင်းလင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့မှ သတိပေးထုတ်ပြန်လိုက်ပြီးနောက် ရေးမြို့နေကျောင်းသားမိဘများသည် ၎င်းတို့၏ ကလေးများကို ကျောင်းပေးမတက်ခိုင်းတော့ဘဲ ကျောင်းများမှ ပြန်လည်ခေါ်ယူမှုများ ပြုလုပ်နေ ကြောင်း မြို့ခံတချို့ထံမှ သိရသည်။ ရေးမြို့နယ်အတွင်းရှိ...

ကြခတ်ချောင်းတွင် ပထမဦးဆုံးအကြိမ် ရိုးရာလက်ချည်ပွဲ ကျင်းပ

ဩဂုတ် ၈ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကြခတ်ချောင်းကျေးရွာ၏ ပထမဦးဆုံးအကြိမ် ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားကို ယမန်နေ့ဩဂုတ် ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက “ ကရင်အချင်းချင်း ညီညွတ်စေချင်တယ်။ စိမ်ဝမ်းမကွဲဘဲ စည်းလုံးစေချင်တယ်။ ကိုယ့်ရိုးရာယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းသိရှိလာအောင်...

ဇူလိုင်လတွင် KNU နယ်မြေအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ ၃၀၀ ကျော် ထိခိုက်သေဆုံး

ဩဂုတ်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေတွင် ဇူလိုင်လ တစ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် စစ်ကောင်စီ၊ နယ်ခြား စောင့်တပ်(BGF) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း (၂၅၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့ကြောင်း...

ကဗျာဆိုတာ လက်နက် (ကဗျာ)

ကဗျာဆိုတာ လက်နက် ……………………. စစ်သမိုင်းက ရိုင်းစိုင်းလွန်းတော့ တော်လှန်လှိုင်းတွေ မုန်တိုင်းလိုပြင်းထန်။ ချစ်ခြင်းနဲ့ အပြစ်ကင်းခဲ့ကြပေမဲ့ နိုင်ငံဟာ စစ်တလင်းဖြစ်နေမှတော့ ဗုံးခိုကျင်းထဲက ကဗျာတွေလေ စစ်သံကြားလည်း နာဖျားမနေကြတော့ ရောက်လေရာအရပ် ဝုန်းကနဲ ဝုန်းကနဲ့ ရုန်းထွက်လာကြ။ မတတ်နိုင်ဘူးလေ …. အစိုးရက အစိုးရမဟုတ်မှတော့ ပြည်သူက ပြည်သူမလုပ်ချင်ကြ ကဗျာတွေကလည်း...

ကျောက်ကြီးမြို့နယ် လိမ်ပင်ရွာအနီးတွင် စစ်ကောင်စီတပ်မှ လေယာဉ်နှင့် လာရောက်ပစ်ခတ်

ဩဂုတ် ၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် (တပ်မဟာ -၃နယ်မြေ) ကျောက်ကြီးမြို့နယ် လိမ်ပင်ကျေးရွာအနီး၌ ယနေ့ ဩဂုတ်လ (၈)ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၇ရက်နေ့ကတည်က စစ်တောင်းမြစ်အနောက်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့သည်...

ဝေါလေ ၃ထပ်ကွေ့အား တိုက်ခိုက်နေသည့်စစ်ကောင်စီ စစ်ကြောင်းမှ စစ်သည် ၄ ဦး CDM ပြုလုပ်

ဩဂုတ်လ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြဝတီတောင်ဘက် ဖလူး-ဝေါလေလမ်း ၃ ထပ်ကွေ့နေရာအား တိုက်ခိုက်နေသည့် စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ -၂ မှ စစ်သည် ၄ ဦး ယခုလ ဩဂုတ် ၃ရက်က...

မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် BGF အဖြစ် ရှေ့တန်းလိုက်ပါရန် လူသစ်စုဆောင်းနေမှုကြောင့် စစ်ရှောင်စခန်းမိသားစုများ အခက်တွေ့နေ

ဩဂုတ် ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်၊ လှိုင်းဘွဲမြိုနယ် မြိုင်ကြီးငူအထူးဒေသ စစ်ရှောင်စခန်းတွင် ဒေသတွင်းနယ်ခြားစောင့်တပ်-BGF က တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုများလုပ်ဆောင်နေသည့်အတွက် စစ်ဘေးရှောင်မိသားစုများ အခက်တွေ့ နေကြရကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် စစ်အာဏာသိမ်းဖြစ်စဉ်ကြောင့် မြိုင်ကြီးငူ ဒေသသံလွင်မြစ်တစ်ဘက်ကမ်း ဖာပွန်မြိုနယ် KNU-ကရင်အမျိုးသားအစည်းအရုံး...
Donate