Home ထိပ်တန်းသတင်း အုန်းဖျန်စခန်းတွင် ကရင်စာ‌ပေနှင့် ရိုးရာဂီတ သင်တန်းဖွင့်လှစ်

အုန်းဖျန်စခန်းတွင် ကရင်စာ‌ပေနှင့် ရိုးရာဂီတ သင်တန်းဖွင့်လှစ်

1679
ဧပြီလ ၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရိုးရာနှင့် စာ‌ပေ ယဉ်‌ကျေးမှုအ‌မွေအနှစ်များ တိုးတက်ပြန့်ပွား ‌ကောင်းမွန်လာ‌ရေးနှင့် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေးကို ရည်ရွယ်ပြီး အုန်းဖျန် ကရင်ဒုက္ခသည်စခန်း၌ အချိန်တလကြာ ပြုလုပ်မည့် ကရင်စာ‌ပေနှင့် ရိုးရာဂီတ သင်တန်းတခု ယ‌နေ့ ဖွင့်လှစ်လိုက်‌ကြောင်း စခန်း တာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါသင်တန်းတွင် စ‌ကောကရင်၊ အ‌ရှေ့ပိုးကရင်၊ အ‌နောက်ပိုးကရင်စာများနှင့် မယ်ဒလင်၊ ‌သောတု၊ ပုလွင်၊ ခန၊ ‌စောင်း စသည့် ကရင်တူရိယာ အတီးအမှုတ်နှင့် တီးခတ်မှုများကို သင်ကြားပို့ချ‌ပေးမည်ဟု သိရသည်။

သင်တန်းတွင် သင်ကြား‌ပေးမည့် ဆရာ၊ ဆရာမ ၂၀‌ကျော်နှင့် တက်‌ရောက်မည့် သင်တန်းသူ သင်တန်းသား ၆၀ဝဦးရှိပြီး အသက်အရွယ်၊ လူမျိုး ကန့်သတ်ထားခြင်းမရှိဘဲ စိတ်ဝင်စားသူတိုင်း တက်‌ရောက်သင်ယူ‌လေ့လာနိုင်သည်ဟု အုန်းဖျန်စခန်း လူမှု‌ရေးတာဝန်ခံ ‌စောထူး ကလယ်က ယခုလို ‌ပြောသည်။

“အခုလို သင်တန်းမျိုး ဖွင့်လှစ်နိုင်တာက‌တော့ ကျ‌နော်တို့ ဝမ်းသာပါတယ်။ အထူးသဖြင့် ဒီသင်တန်းကို တက်‌ရောက်မယ့်သူ‌တွေဟာ ကရင်လူမျိုးတခုတည်းကို မကဘူး။ စခန်းတွင်းမှာရှိတဲ့ အခြားတိုင်းရင်းသားဖြစ်တဲ့ ချင်း၊ ကချင်၊ ဗမာ စတဲ့ တိုင်းရင်းသားအချို့လည်း တက်‌ရောက်တာကို ‌တွေ့ရတယ်။ ဒါ အင်မတန် ‌ကျေနပ်စရာ‌ကောင်းပါတယ်”ဟု သူက ‌ပြောသည်။

စခန်းအတွင်း၌ သင်တန်းပို့ချ‌ပေးမည့် သတ်မှတ်‌နေရာများမှာ အမှတ်(၁) အထက်တန်း‌ကျောင်း၊ အမှတ်(၂) အလယ်တန်း‌ကျောင်း၊ အ မှတ်(၁) မူလတန်း‌ကျောင်းနှင့် အမှတ်(၃) မူလတန်း‌ကျောင်းတို့ ဖြစ်သည်ဟု သိရသည်။

သင်တန်းအတွင်း အ‌ရှေ့ပိုးကရင်စာကို သင်ကြားမည့် ဆရာ‌စော‌အေး‌ကျော်ကလည်း “ကိုယ့်စာ‌ပေကို ဒီလို သင်ကြားပို့ချခွင့်ရတာ အ ရမ်းဝမ်းသာပါတယ်။ ဒုက္ခသည်စခန်းမှာ ကျ‌နော် ပထမဦးဆုံး သင်ကြားခွင့်ရတာပါ။ ‌နောက် ကိုယ့်လူမျိုးအတွက်လည်း အကျိုးရှိမယ်လို့ တကယ်ယုံကြည်ပါတယ်။ ‌နောင်လာမယ့် အနာဂတ်အတွက်လည်း ‌ကောင်းတယ်။ မြန်မာပြည်တွင်းမှာဆိုရင် ဒီလို ပိုးကရင်စာကို ဘုန်း ကြီး‌ကျောင်းမှာပဲ သင်ခွင့်ရတာ များတယ်”ဟု ၎င်းက ဆိုသည်။

သင်တန်းဖြစ်‌မြောက်‌ရေးအတွက် စခန်းအတွင်း တာဝန်ရှိသူများ အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စာကြည့် တိုက် ဖွင့်လှစ်ထားသည့် ဂျပန်အဲန်ဂျီအိုအဖွဲ့ (Shanti Volunteer Association – SVA) နှင့် မယ်‌တော်‌ဆေးခန်းတို့ ပူး‌ပေါင်း၍ ကူညီ ‌ထောက်ပံ့‌ပေးခဲ့ခြင်း ဖြစ်သည်။။

အုန်းဖျန်စခန်းတွင် ၂၀၀၆မှ ၂၀၀၉ခုနှစ်အထိ ကရင်ရိုးရာယဉ်‌ကျေးမှုများနှင့် ပတ်သက်၍ ကရင်တူရိယာ အတီးအမှုတ်နှင့် ဒုံးအကကို သင်ကြား‌ပေးခဲ့‌သော်လည်း ယခုလို စာ‌ပေကိုပါ သင်ကြား‌ပေးမှုမှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။