Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

လူငယ်များ၏ စကားလက်‌ဆောင်

‌စောဒို့ထူး ၂၇နှစ် ဝါသနာ စစ်‌ရေး၊ နိုင်ငံ‌ရေး ပညာ ၁ဝတန်း ကျ‌နော်က နို့တ‌ကော(ကြာအင်း)မြို့နယ်၊ တ‌အေး‌စေး‌ကျေးရွာမှာ ‌နေပါတယ်။ မိဘ‌တွေက ရွာမှာ ‌တောင်ယာလယ်ယာနဲ့ အသက်‌မွေးကြတယ်။ ‌မောင်နှမ ၇‌ယောက်မှာ ကျ‌နော်က အကြီးဆုံးဖြစ်ပြီး ညီငယ်၊ ညီမငယ်‌တွေက ‌ကျောင်း‌နေကြတုန်းပါ။ ကျ‌နော့် ဘဝမှာ ‌မောင်နှမ‌တွေများ‌တော့ ပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့ရတယ်။ အ‌ဖေအ‌မေ‌တွေက ကျ‌နော့်ကို...

တိုက်ပွဲ‌ခေါ်သံ

လကင်္ာဒီပ ရဲ‌ဘော်........ ဇွဲ‌ကောင်းလိုက်ကြတာ မွန်ဂို သဲ‌ချောင်းက လာကြတယ် နယ်‌မြေ‌တွေ ‌ရေကြည်ရာမြက်နုရာ ရှာ‌ဖွေလာ လမ်းတ‌လျှောက် သံ‌ပေါက်ကဗျာများ ထားခဲ့ကြတယ် ဇွဲကပင်‌တောင်က သက်‌သေ‌ပေါ့ကွယ်။ ရဲ‌ဘော်........ ကိုးမြစ်ဝှမ်းဆင်း၊ သံလွင်မင်းအပြင် တနသင်္ာ၊ ဧရာ ဥဿာပဲခူး(ဂိုး)၊ ဒီစည်းရိုးဟာ ကိုးဒီ‌သွေးများကမ္ဘာ ဒီ‌မြေ‌နေရာ တို့သာသခင် အမှန်မြင်တတ်ကြ‌စေ။ ရဲ‌ဘော်........ မတရားတဲ့ ပ‌ဒေသရာဇ် မတရားတဲ့ အ‌ခြေအမြစ်မဲ့‌တွေ မတရားတဲ့ မဟာရူး‌တွေ‌ကြောင့် သမိုင်း‌နှောင့် သမိုင်း‌ပျောက် မီး‌တောက်‌တွေ ‌ဝေ‌နေကြတုန်း ။ ရဲ‌ဘော်........ ငါတို့မရိုင်းဘူး မရိုင်းဘူး သမိုင်းအရ ‌ပြောတာပါ။ ‌ခေတ်အဆက်ဆက် တုံ့မပြန်ခဲ့ ‌ခေတ်အဆက်ဆက် ငုံ့ခံခဲ့ကြတာ စာနာမှု ‌ရှေ့တန်းတင် ညှာတာမှု ‌ရှေ့တန်းတင် ညီအစ်ကိုပင် သ‌ဘောထားခဲ့ကြလည်း...

ပ‌လောင်ပြည်သူ ပညာ‌ရေးအ‌ခြေအ‌နေ အလင်းမဲ့ဘဝ ကျ‌ရောက်‌နေ

ဧပြီလ ၂ဝရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) စစ်အစိုးရ၏ တာဝန်မဲ့မှု၊ ပညာ‌ရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့‌နေမှုများ‌ကြောင့် တအာင်း(ပ‌လောင်) ပြည်သူတို့၏ ဘဝများ လည်း အလင်းကင်းမဲ့‌နေ‌ကြောင်း တအာင်း ‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO)က ယ‌နေ့ပြုလုပ်သည့် “အလင်းမဲ့ဘဝ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ထုတ်‌ဖော်‌ပြောကြားလိုက်သည်။ ထိုအစီရင်ခံစာတွင် ပ‌လောင်‌ဒေသအတွင်းရှိ လူငယ်များအတွက် ပညာ‌ရေးစနစ်ကို...

စခန်းသစ်‌ဆောက်လုပ်ရန် ရွာသားများ လုပ်အားခိုင်းခံရ

ဧပြီလ ၁၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ) တပ်မဟာ(၉၉၉) လက်‌အောက်ခံ တပ်ရင်း(၇) လှုပ်ရှားတပ်သည် ၎င်းတို့၏ ‌စေဖိုးလူတပ်စခန်းသစ် ‌ဆောက်လုပ်‌ရေးအတွက် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ မယ်ကဲရွာသား များကို ယ‌နေ့ အတင်းအဓမ္မ လုပ်အား‌ပေးခိုင်း‌နေ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ အဆိုပါ ဒီ‌ကေဘီ‌အေ တပ်ရင်း(၇)မှ...

ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် UKL သတ်မှတ်မှုအ‌ပေါ် ကန့်ကွက်မှုများရှိ

ဧပြီလ ၁၉ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ပြည်‌ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen League-UKL) ပါတီက ကရင်အမျိုးသားအလံ‌တော်ကို ပါတီ အလံအဖြစ် အသုံးပြုပြီး မှတ်ပုံတင်‌လျှောက်ခဲ့ခြင်းအ‌ပေါ် ပြည်တွင်းပြည်ပရှိ ကရင်ပြည်သူများအတွင်း ကန့်ကွက်မှုများ ရှိခဲ့ကြ သည်။ UKL သည် ပါတီ၏ အလံအဖြစ် ကရင်အမျိုးသားအလံ‌တော်နှင့်...

‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် ကရင်ပါတီနှစ်ဖွဲ့ မှတ်ပုံတင်‌လျှောက်ပြီ

ဧပြီလ ၁၂ရက်။ ‌ကေအိုင်စီ လာမည့် ‌ရွေး‌ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် ပါတီမှတ်ပုံတင်ရက်အတွင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံသို့ မတ်လကုန်နှင့် ဧပြီလဆန်းပိုင်း၌ ကရင်ပါတီနှစ်ဖွဲ့က မှတ်ပုံတင်လိုက်ပြီးဖြစ်သည်။ အမှု‌ဆောင် ၁၇ဦးပါဝင်သည့် ကရင်ပြည်သူ့ပါတီ(‌ကေပီပီ)သည် မတ်လ ၃၁ရက်‌နေ့တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ပြည်‌ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(ယူ‌ကေအယ်လ်)က ဧပြီလ ၈ရက်‌နေ့တွင် မှတ်ပုံတင်ရန် ‌လျှောက်ထား‌ကြောင်း...

ထိုင်းနိုင်ငံ ဥပ‌ဒေကို လိုက်နာရန် ဒုက္ခသည်များအား ဖုတ်ဖရမြို့ပိုင် ‌ပြောဆို

ဧပြီလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့ပိုင် နိုင်ဖို့ရူး‌ဝေါရားနားသည် အုန်းဖျန်ကရင်ဒုက္ခသည်စခန်းသို့ ယ‌နေ့ လာ‌ရောက်လည် ပတ်ခဲ့ပြီး ဒုက္ခသည်များအား ထိုင်းနိုင်ငံ၏ စည်းမျဉ်းဥပ‌ဒေများကို အ‌လေးထားလိုက်နာရန် ‌ပြောဆိုသွားခဲ့သည်ဟု သိရသည်။ အဆိုပါဖုတ်ဖရမြို့ပိုင်သည် အုန်းဖျန်ဒုက္ခသည်စခန်းရှိ တာဝန်ခံများနှင့် တစ်နာရီခွဲကြာ ‌တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်ဖြစ်‌စေ၊ ဒုက္ခသည်မဟုတ်သူများဖြစ်‌စေ...

‌မှော်ရုံ‌တောက ပြန်ခဲ့ပါ

လကင်္ာဒီပ ကြည့်စမ်းပါအုံး........ ဒါ...မင်းတူ၊တူမ‌တွေ‌လေ အ‌ဖေအ‌မေနဲ့အတူ မနိုင်နိုင်တာ‌လေး ထမ်းရင်း ငိုရင်း‌ပြေးရင်း၊ မိုင်းနင်းရင်း ‌ဪ..ဆင်းရဲတွင်းနက်‌နေကြတာ‌တွေ‌လေ။ ကြည့်စမ်းပါအုံး........ ဗုံသံ၊ ယမ်းသံ၊ ငိုငြီးသံကြား ‌ပြေးလွား‌ရှောင်ကွင်း၊ ခရီးပြင်းနှင်‌နေကြ မုဆိုးမ အ‌မေအိုတို့နဲ့ ကိုယ်ဝန်သည်‌တွေလည်း မိုးထဲ ‌ရေထဲ၊ ဝမ်းဆွဲမပါ ‌တောထဲမှာ ‌မွေးလိုက်ရတာ‌တွေ‌လေ။ ကြည့်စမ်းပါအုံး........ မုဆိုးမရွာလို့ပဲ ‌ခေါ်မလား လင်‌ယောက်ျား‌တွေ ‌ပေါ်တာပါသွားပြီး‌နောက် မိန်းမ‌တွေ ရွာသူကြီးဖြစ်ပြန်‌တော့လည်း အားနွဲ့မိန်းမသားဆိုပြီး ညှာတာထားတာ‌တွေ ‌ဝေးစွ ဒုက္ခက ရှုတ်ပွလှပါတယ်‌လေ။ ကြည့်စမ်းပါအုံး........ ကူညီမဲ့သူ၊ ကယ်သူ‌မျှော်‌နေကြတဲ့ ဆာ‌လောင်‌နေကြ၊ သူတို့ခမျာ ဘယ်တာမှာခရီးဆုံးမလဲ တဝဲလည်လည်‌မေးခွန်းများနဲ့ ‌မျှော်လင့်ချက်မဲ့‌နေကြ‌ပေါ့သားရယ်။ သားတို့‌ရေ ..အခုအခါ မင်းရဲ့အကူအညီတခု မင်းရဲ့အပြုအစု မင်းရဲ့ကာကွယ်‌ပေးနိုင်မှု မင်းရဲ့သွန်သင်မှုသာရှိခဲ့မယ်ဆိုရင် မင်းဟာ သူတို့ရဲ့ အ‌မေတို့ရဲ့ မြင့်မြတ်တဲ့ သူရဲ‌ကောင်း‌ပေါ့။ အ‌မေတို့မှာ ထမီတိုတို၊ ‌ရေစိုစိုနဲ့ ငိုယို‌ပြေးလွှား‌နေရ ‌ခေတ်သစ် မပဋာတ‌ယောက်လို ‌ဆောက်တည်ရာမဲ့‌နေတုန်းပါ။ တတိယနိုင်ငံမှာ ပညာ‌တွေသင်၊ စာ‌တွေသင်လည်း အရင်တခါက ဘဝ‌တွေအတွက် ထည့်တွက်စဉ်းစား...

‌ကေအဲန်ယူနှင့် သုံးရက်တိုက်ပွဲတွင် နအဖ ဗိုလ် ၂ဦး ကျဆုံး

ဧပြီလ ၉ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ) ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ဧပြီလ ၇ရက်‌နေ့မှစ၍ ယ‌နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ် (၂)ဦး အပါအဝင် ၄ဦး ကျဆုံးခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ (၇)မှ ထိပ်တန်းအရာရှိတဦးက ‌ကေအိုင်စီကို...

လူ‌သေအ‌လောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွား‌နေ

ဧပြီ ၈ရက်။ ‌ကေအိုင်စီ သန်လျင်မြို့ ပြည်သူ့‌ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အ‌လောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အဂင်္ါများ ပျက်စီးသည့် အ‌နေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွား‌နေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်‌မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ‌ကြောင်း ‌ကေအိုင်စီကို အတည်ပြု...
Donate