စောဂျိုးလေး ၂ဝနှစ်
ဝါသနာ စကားပြန်
ပညာအရည်အချင်း ဆယ်တန်းအောင်
ကျနော့်လည်း ဖာပွန်ခရိုင် ပေးကင်းဒဲရွာ ဇာတိပါပဲ။ မောင်နှမလေးယောက်မှာ တတိယ မြောက်ပါ။ ကျနော့်မိဘတွေကတော့ လယ်လုပ်ပါတယ်။ ကျနော့် ဝါသနာကတော့ စကားပြန်ပါ။
ဒီဝါသနာဟာကျနော့်တယောက်အတွက်ဖြစ်သလို အများအတွက်လည်းပါ ပါတယ်။ ဒုက္ခ သည်မှာဆိုရင် စကားပြန်ကောင်းတွေ အများကြီး လိုအပ်ပြီး ကျနော်တို့ ကရင်လူမျိုးတွေအ တွက် တကယ်လိုအပ်နေပါတယ်။ နိုင်ငံခြားက အလှူရှင်တွေ ကျနော်တို့ ကရင်လူမျိုးတွေ ကြားထဲ ရောက်လာပြီးဆိုရင် ကျနော်တို့ လိုအပ်တဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို လှူချင်ကြတယ်။ ဒါပေမယ့် ကျနော်တို့က သူတို့ စကားမပြောတတ်၊ သူတို့လည်း ကျနော် တို့ စကားမတတ်ဘူးဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီအလုပ်ကို ဝါသနာ ပါတာ။ နောက်ပြီး နအဖစစ်တပ်တွေ ကျနော်တို့ရွာကိုလာရင် အပြစ်မဲ့ပြည်သူတွေကို သတ် ဖြတ်တယ်။ ရွာကို မီးရှို့တော့ ကျနော်တို့ ပြေးရတယ်။ ကျနော်တို့ကို ဒုက္ခအမျိုးမျိုးပေး နေသူတွေဟာ ကရင်စကားမပြောတဲ့ တခြားဘာသာစကားတွေနဲ့လာပြီး ဒုက္ခပေးနေတယ်။ ဘာသာစကားတွေသာ တတ်မယ်ဆိုရင် ကျနော်တို့ကို ဖိနှိပ်နေတဲ့သူတွေကို လက်နက်နဲ့ မတော်လှန်နိုင်ရင်တောင်မှ သူတို့ပြောတာကို နားလည်ရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ် လေ။
၂၀၀ဝခုနှစ်က ကျနော် ဖာပွန်မှာ ကျောင်းသွားနေတယ်။ ရောက်ခါစနှစ်ဆိုရင် ဘာသာစကား အတော်ခက်ခဲတယ်။ နောက်အနေကြာလာတော့ အဆင်ပြေသွားပေမဲ့ ရေရှည်ဘဝအတွက် ဘာမှတိုးတက်မှုမရရှိခဲ့ဘူး။ ဒါကြောင့် ၂၀၀၅ခုနှစ်မှာ ဒုက္ခသည်စခန်းထဲကို ရောက်လာတာ။ ဒီမှာတော့ ကျောင်းသုံးစရိတ်၊ စားဝတ်နေရေးကအစ ဘာမှမပူရဘူး။ ဒါကြောင့် ၂၀၀၅ခုနှစ်မှာ ဒုက္ခသည်စခန်းထဲကို ရောက်လာတာ။ ပြည်တွင်းအစိုးရကျောင်းမှာ အခမဲ့ မရဘူး။ ဒါပေမဲ့ ဒီစခန်းထဲမှာ ဆယ်တန်းအောင်ပြီး အလုပ်လုပ်ရင် လူငယ်တွေအတွက် ဘာမှတိုးတက်မှုရှိမှာ မဟုတ်ဘူး။ ဒါကြောင့် တတိယနိုင်ငံသွားဖို့ ဆန္ဒရှိတာပါ။ ဒီမှာနေရင် ကျနော့်မိသားစုအတွက်၊ ပြည်သူတွေအတွက် ဘာမှကူညီပေးနိုင်မှာ မဟုတ်တော့ တတိယနိုင်ငံရောက်သွားရင် ကျန်ခဲ့ တဲ့ ကျနော်တို့ပြည်သူတွေကို တဖက်တလမ်းကနေပြီးတော့ ကူညီနိုင်မယ်လို့ ထင်တယ်။ အခု တတိယနိုင်ငံရောက်သွားတဲ့ လူငယ်တချို့ဟာ ကိုယ့်လူမျိုးအတွက် ပြန်မကြည့်တဲ့သူတွေ ရှိသလို ပြန်ကြည့်တဲ့သူတွေလည်း ရှိပါတယ်။ တချို့ဆိုရင် လမ်းသရဲဖြစ်နေတယ်။ တချို့က လူမျိုးအတွက် မကူညီနိုင်ပေမယ့် ကျန်ခဲ့တဲ့ မိသားစုကို ပြန်ကူညီပါတယ်။ အခုခေတ်မှာ လူ ငယ်တွေရဲ့ အင်အားဟာ တကယ်လိုအပ်နေပြီ။ ဒါကြောင့် ပညာကို ကြိုးစားကြပါ။ ကျနော် တို့ နိုင်ငံဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့ လူငယ်တွေဟာ ရှေးကလူကြီးတွေထက် ပိုကြိုး စားရမယ်။ ဒါကြောင့် လူကြီးတွေရဲ့ ပခုံးပြောင်းတာဝန်ကို ကျေပွန်စွာနဲ့ ဆက်ခံကြဖို့ ပညာကို ကြိုးစားကြပါ။ မလွတ်လပ်သေးတဲ့ ကျနော်တို့နိုင်ငံကို လွတ်လပ်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။