Home ထိပ်တန်းသတင်း IDPs က‌လေးငယ်များ ခိုလှုံရာကင်းမဲ့‌နေ

IDPs က‌လေးငယ်များ ခိုလှုံရာကင်းမဲ့‌နေ

1830
ဧပြီလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

စစ်အစိုးရမှ သတ်မှတ်ခံရထား‌သော အနက်‌ရောင်နယ်‌မြေအတွင်းရှိ ဌာ‌နေမဲ့ ပြည်သူ(အိုင်ဒီပီ) က‌လေးငယ်များသည် အကူအညီ ကင်းမဲ့လျှက်ရှိ‌ကြောင်း Free Burma Rangers နှင့် Partners အဖွဲ့က ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။

ယမန်‌နေ့က ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့၌ နိုင်ငံခြားသတင်း‌ထောက်များကလပ်တွင် Free Burma Rangers နှင့် Partners တို့ ပူးတွဲထုတ်‌ဝေသည့် “ခိုလှုံရာမဲ့က‌လေးများ( Launch of Displaced Childhoods)”အမည်ရှိ အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယင်းသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာထုတ်‌ဝေရခြင်းနှင့် ပတ်သက်၍ Partners အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သူ Mrs. Sonyaက “ဒီအစီရင်ခံစာကို ထုတ်ပြန်ရတာက အိုင်စီပီ‌ဒေသ‌တွေမှာရှိတဲ့ မြန်မာတိုင်းရင်းသား က‌လေးငယ်‌တွေ ကြုံ‌တွေ့‌နေရတဲ့ ခိုကိုးရာမဲ့ဘဝ‌တွေကို နိုင်ငံတ ကာ သိရှိဖို့ရယ်။ ဒီအ‌ကြောင်းအရာ‌တွေကို သိရှိပြီး‌တော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမိသားစု‌တွေက မြန်မာစစ်အစိုးရကို နိုင်ငံ‌ရေး အရ ပိုမိုဖိအား‌ပေးရန်ရည်ရွယ်ပြီး ထုတ်ပြန်ရတာဖြစ်တယ်”ဟု ‌ပြောသည်။

အစီရင်ခံစာ ဖြစ်‌မြောက်‌ရေးအတွက် သတင်းအချက်အလက်များ ကိုယ်တိုင်‌ကောက်ခံခဲ့သူ Free Burma Ranger မှ တာဝန်ရှိသူ ‌စောမန်းကီးက “က‌လေး‌တွေ အကူအညီကင်းမဲ့မှုဟာ မြန်မာတပြည်လုံးမှာ ရှိ‌နေပါတယ်။ အထူးသဖြင့် မြန်မာပြည်အ‌ရှေ့ဖက်ခြမ်း အနက်‌ရောင်နယ်‌မြေလို့ သတ်မှတ်ခံရတဲ့ တိုင်းရင်းသား‌ဒေသ‌တွေမှာ က‌လေး‌တွေဟာ နအဖစစ်တပ်‌တွေရဲ့ အဓမ္မခိုင်း‌စေတဲ့အပြင် တိုက်ပွားဖြစ်ပွား‌နေတဲ့‌နေရာ‌တွေမှာဆိုရင် လူကြီး‌တွေလို အသက်ကို စ‌တေးပစ်ခဲ့ရတယ်”ဟု ‌ပြောသည်။

အဂင်္လိပ်ဘာသာဖြင့် ထုတ်‌ဝေ‌သော စာမျက်နှာ (၁၀၇)မျက်နှာရှိ ထိုအစီရင်ခံစာတွင် က‌လေးသူငယ်များအား သတ်ဖြတ်မှုများ၊ ဖိနှိပ်ညှင်းပမ်းမှုများ၊ ဖမ်းဆီး‌ထောင်သွင်းအကျဉ်းချမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ‌ကျောင်း‌နေအရွယ် ‌ကျောင်းမ‌နေရမှု များ၊ ကျန်းမာ‌ရေးချို့တဲ့မှုများအပြင် က‌လေးများ ဘဝလုံခြုံမှုမရှိခြင်းနှင့် အကူအညီကင်းမဲ့ခြင်းတို့ ကြုံ‌နေရသည်ဟု ‌ဖော်ပြထား သည်။

အဆိုပါ အစီရင်ခံစာကို FBR နှင့် Partners အဖွဲ့ဝင်များက ၂၀၀၂ခုနှစ်မှစ၍ ၂၀၁ဝခုနှစ် ဇန်နဝါရီလအထိ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် အချက်အလက်များကို ကိုယ်တိုင်သွား‌ရောက်‌ကောက်ယူသည့်အပြင် ယင်း‌ဒေသများ မှ က‌လေးငယ် ၁၇၅ဦးကို ‌တွေ့ဆုံ‌မေးမြန်း၍ ဓါတ်ပုံ၊ ဗွီဒီယိုများဖြင့် မှတ်တမ်းရယူပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရက်သတ္တပတ်က အိုင်ဒီပီများ၏‌နေရာသို့ သွား‌ရောက်ခဲ့သူ Partners အဖွဲ့ဝင် ‌စောက‌ချေးဝါးက “ပြီးခဲ့တဲ့ ‌ဖေ‌ဖော်ဝါရီ လ ၃ရက်‌နေ့က ‌ကျောက်ကြီးမြို့နယ်မှာရှိတဲ့ ‌ကေအဲန်အယ်လ်‌အေ‌နေရာကို နအဖစစ်တပ်မှ ဝင်‌ရောက်တိုက်ခိုက်တဲ့အချိန်မှာ ပြည် သူ‌တွေလည်း ထွက်‌ပြေး‌နေရတယ်။ အဲဒီအထဲမှာ အများစုက က‌လေးငယ်‌တွေဖြစ်ကြပါတယ်။ အဲဒီ‌ဒေသက အရမ်း‌အေး‌တော့ က‌လေး‌တွေလည်း ရာသီဥတုဒဏ် မခံနိုင်ဘူး။ ဖျားနာ‌နေကြတယ်။ ကျ‌နော်တို့အဖွဲ့လည်း အန္တရာယ်ကြားက‌နေ စွန့်စားပြီး ‌ဆေး လိုက်ကုရတယ်”ဟု ‌ပြောသည်။

၂၀၀၂ခုနှစ်မှ ၂၀၀၉ခုနှစ်ကုန်အထိ မြန်မာပြည်အ‌ရှေ့ဘက်ခြမ်းရှိ ‌ဒေသခံရွာသား ၅၈၀,၀၀ဝဦးအထဲမှ က‌လေးငယ် ၁၉၀,၀၀ဝ ‌ကျော်သည် ပြည်တွင်းဒုက္ခသည် (အိုင်ဒီပီ)အဖြစ် အတင်းအဓမ္မ သွတ်သွင်းခံရသည်ဟု အဆိုပါအစီရင်ခံစာတွင် ‌ဖော်ပြထားပြီး ကုလသမဂ္ဂအ‌နေဖြင့် ‌ကော်မရှင်တရပ် ဖွဲ့စည်းကာ မြန်မာနိုင်ငံ၌ အုပ်စိုးသူ စစ်အစိုးရကျူးလွန်‌နေ‌သော နိုင်ငံတကာရာဇဝတ်မှုများ ကို တရားဝင် ဝင်‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်ရန် ယခုအစီရင်ခံစာကို ထုတ်‌ဝေသည့် အဖွဲ့နှစ်ဖွဲ့က ပူးတွဲ‌တောင်းဆိုလိုက်သည်။

Partners အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ က‌လေးငယ်များကို ကူညီ‌စောင့်‌ရှောက်ရန် ၁၉၉၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး FBR အဖွဲ့သည် တိုင်းရင်းသားနယ်‌မြေအသီးသီးရှိ တိုက်ပွဲဖြစ်ပွားရာ‌ဒေသများတွင် ပြည်သူများ ကြုံ‌တွေ့‌နေ‌သော အခက်အခဲအမျိုးမျိုး ကို ကူညီ‌ပေးရန် ရည်ရွယ်ကာ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်၊ ပအိုဝ်း၊ ချင်း၊ လားဟူ အပါအဝင် လူမျိုး‌ပေါင်း (၁၀)ခုဖြင့် ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။

Partners နှင့် Free Burma Rangers သည် လူ့အခွင့်ချိုး‌ဖောက်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်များက အစီရင်ခံစာများ အလျင်း သင့်သလို ထုတ်‌ဝေခဲ့‌သော်လည်း က‌လေးငယ်များနှင့် ပတ်သက်သည့် ယခု ခိုကိုးရာမဲ့က‌လေးများ အစီရင်ခံစာမှာ ပထမဦးဆုံး ဖြစ် သည်။