Home အယ်ဒီတာ့အာဘော် လူထုအကျိုး ‌မျှော်ကိုးချိန်တန်ပြီမို့

လူထုအကျိုး ‌မျှော်ကိုးချိန်တန်ပြီမို့

1712

မတ်လ (၈)ရက်‌နေ့တွင် ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေဟု ‌ခေါ်တွင်‌စေမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဆိုင်ရာ ဥပ ‌ဒေတခုကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ အမည်ဖြင့် ဥပ‌ဒေ ထုတ်ပြန် ရာတွင် ပြည်သူ့လွှတ်‌တော်၊ အမျိုးသားလွှတ်‌တော်နှင့် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်‌တော်ဟူ၍ ခွဲခြားထားရာ ‌ရွေး ‌ကောက်ပွဲတွင် ထိုသတ်မှတ်ချက်အတိုင်း လုပ်‌ဆောင်သွားမည့် ဥပ‌ဒေများနှင့် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်းဥပ‌ဒေကို တပါ တည်း ထုတ်ပြန်ခဲ့သည်။

သို့‌သော် စစ်တပ်ထိန်းချုပ်ထားသည့် ပြည်နယ်‌ဒေသ မဲဆန္ဒနယ်‌မြေများတွင်မူ စစ်တပ်က လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ယခင့် ယခင်ကထက် ပို၍ ကျူးလွန်လုပ်‌ဆောင်လာသည်။ အထူးသဖြင့် ပဲခူးတိုင်း ထန်းတပင်၊ ‌ရွှေကျင်နှင့် ‌ကျောက်ကြီးမြို့ နယ်များတွင် စစ်တပ်၏ ‌တောမီးရှို့မှု‌ကြောင့် ‌ဒေသခံကရင်ရွာသူရွာသားများ မှီခိုရပ်တည်‌နေရသည့် ဧကများစွာ‌သော ဥယျာဉ် ခြံများမှာ မီး‌လောင်ဆုံးရှုံးခဲ့ရသလို က‌လေးငယ်များ အပါအဝင် အမျိုးသမီး၊ အမျိုးသားများမှာ မိုင်းနင်းမိပြီး ထိခိုက်‌သေ‌ကြေခဲ့ ကြသည်။

၎င်း‌ဒေသများနှင့် အလားတူ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန် ‌ဒေသများတွင်လည်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ‌ကြောင့် လူနည်း စုတိုင်းရင်းသားများမှာ ‌ရွေး‌ကောက်ပွဲဥပ‌ဒေကို မဆိုထားနှင့် မကြာခင် စစ်အစိုးရ ပြုလုပ်ကျင်းပမည့် ‌ရွေး‌ကောက်ပွဲအတွက် အ ‌ခြေခံမည့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကိုပင် သိနားလည်နိုင်စွမ်း စိုးစဉ်းမျှမရှိ။ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)ကမူ မတ်လ ၂၉ရက်‌နေ့တွင် ဗဟိုဦးစီးအဖွဲ့စည်း‌ဝေးကာ ‌ရွေး‌ကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်‌ရေးကို ဆုံးဖြတ်ကာ လူမှု‌ရေးလုပ် ငန်းများကို ပိုမိုလုပ်‌ဆောင်သွားမည်ဟု လျာထားခဲ့ကြသည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုကို ရပ်တန့်‌အောင် မလုပ်‌ဆောင်နိုင်သည့် အစိုးရတရပ်ဖြစ်‌ကြောင်း မကြာ ‌သေးခင်က စတုတ္ထအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာ‌ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ‌ရေး အထူး ကိုယ်စားလှယ် မစ္စတာတိုးမတ်စ်အို‌ဟေးကင်တားနားက ၎င်း၏အစီရင်ခံစာတွင် ‌ဝေဖန်‌ထောက်ပြထားသည်။ ၎င်းအပြင် စစ်အ စိုးရသည် နိုင်ငံတကာ ဖိအားနည်း‌အောင် အဓမ္မလုပ်အား ခိုင်း‌စေမှုကဲ့သို့‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုကို အပစ်ရပ် တိုင်း ရင်းသားအဖွဲ့များအား တဆင့်ခံ ခိုင်း‌စေမှုလည်း ရှိသည်။

စစ်အစိုးရ ကာကွယ်‌ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်သည် ဆယ်စုနှစ်တခုအတွင်း ဖြစ်တည်လာသည့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို ကာကွယ်‌ရေးဝန်ကြီးဌာန လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်းရန် ယမန်နှစ်က တည်းက သက်ဆိုင်ရာ‌ဒေသများတွင် သွား‌ရောက်‌ဆွေး‌နွေး ဖိအား‌ပေးခဲ့သည်။ ထိုအကျိုးဆက်အဖြစ် ယခုနှစ် မတ်လ ၃ဝရက် ‌နေ့တွင် ရှမ်းပြည်နယ်၊ ပုံပါကျင်မြို့၌ နယ်ခြား‌စောင့်တပ် ဖွင့်လှစ်ပွဲ အခမ်းအနားတွင် နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များကို တပ်မ ‌တော်သားတဦးအဖြစ် သစ္စာအဓိဌာန် ဆိုခိုင်းခဲ့သည်။

ဤသည်ကို စံနမူနာထားကာ အထူးသဖြင့် ကရင်ပြည်နယ်အတွင်း အင်အားအကြီးဆုံး ကရင်အပစ်ရပ်အဖွဲ့ဖြစ်သည့် တိုးတက် ‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA)အ‌နေဖြင့် မိမိတို့ကျွံ‌နေသည့်‌ခြေလှမ်းကို ရုပ်သိမ်း၍ လူ့အခွင့်အ‌ရေး ချိုး ‌ဖောက်မှု‌ပေါင်းစုံကို ခါးစီးခံ‌နေရသည့် လူထုကို ကာကွယ်နိုင်ရန် ‌ရွေး‌ကောက်ပွဲ မပြုလုပ်မှီ NLD ကဲ့သို့ လူထုအကျိုး ‌ရှေးရှု ‌မျှော်ကိုး ဆုံးဖြတ်ရ‌တော့မည့် အချိန်‌ရောက်ပြီဖြစ်‌ကြောင်း ကရင်သတင်းစဉ်မှ တိုက်တွန်း‌ပြောဆိုအပ်‌ပေသည်။