Hay Htoo
IOM ကား မတော်တဆ တိုက်မိ၍ ၁၃ဦး ထိခိုက်ဒဏ်ရာရ
မေလ ၂၆ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
တတိယနိုင်ငံသို့ ထွက်ခွာရန် ဒုက္ခသည်များကို တင်ဆောင်လာသည့် International Organization for Migration (IOM) ကားတစ်စီးသည် ယနေ့ မွန်းလွဲပိုင်းတွင် မယ့်လာအူးစခန်းမှ မဲဆောက်သို့အလာ လမ်းတွင် အခြားကားတစ်စီးနှင့် မတော်တ ဆ တိုက်မိပြီး စုစုပေါင်း ၁၃ဦး...
၂၁နှစ်မြောက် ကေဝိုင်အိုနေ့ အခမ်းအနား ကျင်းပပြီးစီး
မေလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မေလ (၂၃)ရက်နေ့တွင် ကျရောက်သည့် ၂၁နှစ်မြောက် ကရင်လူငယ်အစည်းအရုံး (ကေဝိုင်အို)နေ့ အခမ်းအနားကို သံလွင်မြစ် ကမ်းတနေရာရှိ အီးတူထာ့ ပြည်တွင်းဒုက္ခသည်စခန်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါအခမ်းအနားတွင် ကေဝိုင်အို ဥက္ကဌ စောလှထွန်းက ကရင့်လူမျိုးတို့၏ သမိုင်းကြောင်းကို လူကြီးများအနေဖြင့် မျိုးဆက် သစ်ကရင်လူငယ်များ...
နယ်ခြားစောင့်တပ်ကိစ္စ ဒီကေဘီအေအတွင်း သဘောထား မတိုက်ဆိုင်
မေလ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နအဖ စစ်အစိုးရက ၂၀၁၀ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့် ကိစ္စကြောင့် ဒီကေဘီအေတပ်ဖွဲ့အတွင်း သဘောထားချင်းတိုက်ဆိုင်မှုမရှိဘဲ မရှင်းမလင်း ဖြစ်နေသည်ဟု သိရသည်။ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့စရိနှင့် မဲ့သဝေါဂွင်တွင် တာဝန်ကျနေသော ဒီကေဘီအေ တပ်မဟာ(၅၅၅)၊ တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်များသည်...
သစ်ထုတ်လုပ်ရောင်းချမှု ကေအဲန်ယူ တားမြစ်ပိတ်ပင်
မေလ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)က ၎င်းထိန်းချုပ်ထားသည့် တပ်မဟာ(၇)ခုအတွင်း ဒေသခံ သစ်လုပ်ငန်းရှင်များအား သစ် ထုတ်လုပ်ရောင်းချမှုကို ယခုလ အစောပိုင်းမှစ၍ တရားဝင် တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။
ကေအဲန်ယူ ဗဟို သစ်တောတာဝန်ခံ ပဒိုစောအားတိုးက “(၁၄)ကြိမ်မြောက် ကွန်ဂရက်ပြီးတဲ့နောက် ပထမအကြိမ် ဗဟိုကော်မတီ အ...
၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲမှ ကြေညာချက်ထုတ်ပြန်
မေလ ၂၄ရက်။ ကေအိုင်စီ
နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂၀၁ဝ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် တရားဝင် သက်ဆိုးရှည်ရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးစီးပွားမပါဝင်သည့်အတွက် ဆန့်ကျင်ရှုတ်ချကြောင်း (၇)အကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲက မေလ ၂၁ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မေလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ကရင့်တော်လှန်ရေး...
မြန်မာနိုင်ငံလျှပ်စစ်နှင့် စကားတစ်မျိုးသာ နားလည်သည့်စစ်အစိုးရ
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ(၇)ခုရှိပြီး ကာလတိုဖြင့် ရည်မှန်း ဆောင်ရွက်သော သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (Gas Turbine) (၈)ခုရှိပါသည်။ ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံ (၇)ခုမှ လျှပ်စစ်ပမာဏ (၃၂၇)မဂါ္ဂဝပ် ထုတ်လုပ်ပြီး၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ မှ လျှပ်စစ်ပမာဏ ၆၈ဝ မဂါ္ဂဝပ် ထုတ်လုပ်နေပါသည်။ လျှပ်စစ်ပမာဏ...
အပူရှိန်ကြောင့် ကျွဲ၊ နွားများ သေဆုံး
မေလ ၁၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ယခုနှစ် နွေရာသီအပူချိန်သည် ယခင်နှစ်ထက် အဆမတန်မြင့်တက်သောကြောင့် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ကွင်းကလေးကျေးရွာအုပ်စုတွင် အပူရှိန်ကြောင့် ကျွဲ၊ နွားများ သေဆုံးကြကြောင်း ဒေသခံ များက ပြောသည်။
“ဒီနှစ်တော့ စံချိန်တင်လောက်အောင် ပူတယ်။ ဘာဖြစ်လို့လဲတော့ ကျွဲ၊ နွားတွေ သေတဲ့အထိပူတာကိုး။ အထူးသဖြင့်...
ဖားအံမြို့တွင် ရေပြတ်လပ်မှု နှင့်ရင်ဆိုင်နေရ
မေလ ၁၇ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
နွေရာသီတွင် နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြသနာကို ကြုံတွေ့နေရသော်လည်း ယခုနှစ်သည် ယခင်နှစ်များထက် အပူရှိန်မြှင့်မားနေမှုကြောင့် ဖားအံမြို့တွင် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး လူထုမျျား ပိုမိုရေဝယ်ယူသုံးစွဲနေရကြောင်း မြို့ခံများက ပြောသည်။
̏̏̏အရင်နှစ်တွေကဆိုရင် ဒီလောက်လဲရေမရှားဘူး။ အခု ကျမတို့ရပ်ကွက်ထဲက ရေတွင်းတိုင်း ရေတွေခမ်းကုန်တယ်။ နေကလည်းတော်တော်ပူတာ။ ခါတိုင်း...
မြန်မာ့အရေး ထောက်ခံသည့် ဗြိတိန်နိုင်ငံဖွား သရုပ်ဆောင် မင်းသမီး မဲဆောက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
မေလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်အခြေနေများကို လာရောက်လေ့လာသူ ဗြိတိန်နိုင်ငံ နာမည်ကြီး သရုပ်ဆောင်အဆို တော် ဂျိမ်းဘာကေန် (Jane Birkin)သည် ယနေ့မွန်းလွဲ (၁)နာရီ်၌ မဲဆောက်မြို့တွင် သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ(Burma Partnership) နှင့်...
မြဝတီ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်မဖြစ်သေး
မေလ ၁၄ရက်။ အောင်လေး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ဧပြီလ(သကြင်္န်ကာလ)မှစ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးအခြေအနေ အေးသွားရာမှ ယခုလလယ် ပိုင်းအထိ ပုံမှန်အနေအထားသို့ ပြန်မဖြစ်သေးကြောင်း မြို့ခံများနှင့် ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
သကြင်္န်ကာလနောက်ပိုင်း မြဝတီမြို့တွင် ကုန်သည်ကားများ ယခင်ကထက် အဝင်အထွက်နည်းလာသဖြင့် ကုန်ပစ္စည်း ရောင်း ဝယ်အားမှာလည်း...





