Hay Htoo
ကျောင်းအပ်ရာတွင် ယခင်နှစ်လောက် အလှူငွေ မကောက်ခံ
ဇွန်လ ၁ရက်။ နော်အောင်လေး (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားမည့် ကျောင်းသူကျောင်းသားများသည် ကျောင်း အပ်ရာတွင် လက်ခံသည့်ကျောင်းမှ အလှူငွေများ ယခင်နှစ်လောက် ကောက်ခံမှုမရှိကြောင်း ကေအိုင်စီမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မင်းကြီးလမ်းရှိ အမက(၃)ကျောင်းမှ ကျောင်းသားမိဘတဦးက “ကျောင်းအပ်တာ ၇၀ဝပဲ ကျ တယ်။...
မယ်လစခန်းတွင် ဝမ်းရောဂါကြောင့် ဒုက္ခသည် ၂၀ကျော် ဆေးရုံတင်ထားရ
မေလ ၃၁ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀ကျော်တို့သည် ဝမ်းရောဂါကြောင့် စခန်းတွင်းရှိ အေအမ်အိုင်ဆေးရုံနှင့် ကာလဝမ်း ရောဂါတိုက်ဖျက်ရေး စီတီစီသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။
မယ်လစခန်း အေအမ်အိုင်ဆေးရုံအုပ် ဆရာစောနေစဲန်က “ကျနော်တို့ ဆေးရုံမှာ ဝမ်းလျှောရောဂါနဲ့ လူနာ ၂၀ကျော် ရောက်နေတယ်။ အဲဒီ်အ...
တိုင်းရင်းသားအဖွဲ့ ၅ဖွဲ့ စစ်ရေး၊ နိုင်ငံရေး ဆွေးနွေးခဲ့
မေလ ၃၁ရက်။ ကေအိုင်စီ
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားများနှင့် သတ်မှတ်ရက်ကုန်ဆုံးပြီးနောက် စစ်ရေး၊ နိုင်ငံရေး အခြေ အနေများကို တိုင်းရင်းသားအဖွဲ့ ၅ဖွဲ့က မေလ ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ သုံးရက်ကြာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေ အဲန်ယူ)၊...
ဝါရင့် တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေး ကွယ်လွန်
မေလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)၌ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဗဟိုအမြဲတမ်းကော်မတီဝင် ဝါရင့် တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်မြို့၊ Srisanwarn ဆေးရုံ၌ ယနေ့ မနက် ၅နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
အသက် ၈၁နှစ်အရွယ်ရှိ ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် မောပမ်းသည့်ဒဏ်ကို တစ်လအကြာ ခံစားခဲ့ရပြီးနောက် ယခုလို...
တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် ရာဘာပင်များ အသစ်စိုက်ပျိုးရန် ခက်ခဲနေ
မေလ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝင်းရေးမြို့နယ်တွင် နအဖနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးသွားခဲ့သည့် ရာဘာပင်များကို လက်ရှိအချိန်တွင် အသစ် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ကြုံနေရ သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့က အနန်းကွင်းကျေးရွာအခြေစိုက် နအဖစစ်တပ် စကခ(၈)လက်အောက်ခံ စစ်ဗျူဟာအမှတ်(၁)မှ...
ချစ်သောကော်သူးလေနှင့်အတူ
(လကင်္ာဒီပ)
အားမလျော့စတမ်း
ဇွဲစခန်း၊လမ်းမှာ
ကြမ်းတမ်းလောကဓံ၊ မျိုးချစ်မာန်စုစုနဲ့
အံတုတော်လှန်လာခဲ့ပေ
အို.....ကော်သူးလေရေ.။
ငိုချင်းရှည်၊ လွမ်းချင်းရှည်တွေနဲ့
ပျော်ပါးတွေဝေ
ငေးမနေသင့်တော့တဲ့အချိန်
လှောင်အိမ်စံဘဝတွေအတွက်
ငဲ့ကွက်တာဝန်တွေယူကြလေ။
အို.....ကော်သူးလေရေ......
သင့်ရဲ့ကြီးမားသမိုင်း
တစက်မရိုင်းစေရေး
ကော်သူးလေ ချစ်သူတွေ
ပေးဆပ်စွန့်လွှတ်နေကြပေ။
အို.....ကော်သူးလေရေ......
ချစ်သော တို့မျိုးဆွေတွေ
ပြစ်ပြောထိုးကျွေးမနေဘဲ
စစ်သောမှန်တရား တော်လှန်ရေးမှာ
ပြန်လာကာ ရဲရင့်ကြရေး
နွေးထွေးလက်များကမ်းလို့
ဝမ်းပမ်းတသာ ကြိုဆိုနေကြပေ။
အို.....ကော်သူးလေရေ......
ကိုးဒီသွေးများစွာ
ကမ္ဘာမှာရှိနေသရွေ့လေ
ကေအဲန်ယူဆိုတာ
ကြယ်တာယာ၊ လများထက်
ဝင်းလက်လို့ထွန်းနေမယ်လေ။
အို.....ကော်သူးလေရေ......
ကော်သူးလေဆိုတာ
“မိမိလူမျိုးကိုချစ်ပြီး သူတပါးကို လေးစားသူ”
“ဒူးမထောက်တတ်သူ”
“အညံ့မခံတတ်သူ”
“အမှန်တရားအတွက် ရဲရင့်ကြသူ”
“အမှားကိုမြင် ဝန်ခံတတ်သူ”
“မျက်ကန်းမျိုးချစ် မဟုတ်သူ”
“မဟာလူမျိုးကြီးဝါဒ မထားသူ”
ဂုဏ်ပုဒ်ဖြူအလီလီနဲ့
တည်ကြည်တဲ့သဘောဆောင်သည်
ညီနောင် ကော်သူးလေများ သိကြစေ။ ...
လူငယ်များရဲ့ စကားလက်ဆောင်
စောလွယ်ထူး ၂၆နှစ်
ပညာ ၂တန်း
ဝါသနာ တော်လှန်ရေး
ကျနော်က သထုံခရိုင်၊ နိုဘယ်ဘောရွာကပါ။ မိဘတွေက လယ်ယာလုပ်ကြပြီး မောင်နှမ (၆)ယောက်ထဲမှာ ကျနော်က အကြီး ဆုံးပါ။ ရွာက မူလတန်းကျောင်းမှာ ကျနော် (၂)တန်းအထိပဲ နေခဲ့ရတယ်။ ကျောင်းနေတာ ပျော်ပေမယ့် သားအကြီးဆုံးဆို မိဘကို ဝိုင်းကူတဲ့သူမရှိလို့ ကျောင်းထွက်လိုက်ရတယ်။ လယ်ယာလုပ်ရင်း အသက် ၁၈နှစ်ပြည့်တော့...
လူငယ်များရဲ့ စကားလက်ဆောင်
နော်ဗစ်တိုးရီးယားဘော ၂ဝ နှစ်
ပညာ ဆယ်တန်းလွန်ကျောင်း
ဝါသနာ ဆေးဘက်ဆိုင်ရာ
ကျမက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဟိတော်ခေါ်ရွာကပါ။ မိဘတွေက ကျောင်းဆရာ၊ ဆရာမတွေပါ။ ရွာမှာ (၂)တန်းအထိ ကျောင်းနေပြီးတော့ သံတောင်ကြီးမြို့ရဲ့ အမှတ်(၁) အထက်တန်းကျောင်းမှာ ဆယ်တန်းအောင်ခဲ့ တယ်။ အဲဒီနောက် ရွာမှာ ပြန်နေပြီး ၂၀၀၆ခုနှစ်မှာ နအဖ စစ်တပ်တွေ ထိုးစစ်ကြောင့် ကျမတို့ရွာကို...
မူးယစ်ဆေးဖြတ်လိုသူများအား သုံးလကြာ ကုသမှု DARE ပြုလုပ်
မေလ ၂၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည်စခန်းအချို့၌ မူးယစ်ဆေးဝါး သုံးစွဲသူများအား ကုသပေးမည့် လုပ်ငန်းစဉ်တစ်ခု ကို Drug and Alcohol Recovery Education Network - DARE အဖွဲ့က မေလကုန်မှစ၍ ပြုလုပ်သွားမည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဆိုပါ...
ရွှေတူးလုပ်ငန်းကြောင့် လယ်ကွင်း ၈၅ကွင်း ပျက်စီး
မေလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၌ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ ၏ ရွှေတူးဖော်ခဲ့ခြင်းကြောင့် ထိုဒေသတဝိုက်မှ ဧက ၄၀ဝရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ကေအဲန်ယူ ဖာပွန်ခရိုင်၊ စည်းရုံးရေးဌာန အတွင်းရေးမှူး စောကလယ်စေးက "အဲဒီဂွင်က လယ်မြေ...





