Hay Htoo
၆နာရီကြာ တိုက်ပွဲတွင် ကေအဲန်အယ်လ်အေနှင့် နအဖ ထိခိုက်ကျဆုံးမှုရှိ
မေလ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်နေ့မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေ အဲန်အယ်လ်အေ)နှင့် နအဖစစ်တပ်တို့အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိ ရသည်။
ယမန်နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)ကျော်ရှိ နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈)...
ဆေးခြောက်ရောင်းသူတဦး စခန်းလုံခြုံရေး ဖမ်းမိ
မေလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဆေးခြောက်ရောင်းသူတဦးအား ဖမ်းဆီးမိထားသည်ဟု အုန်းဖျန်စခန်းလုံခြုံ ရေးမှူး စောထွန်းနောင်က ကေအိုင်စီကို ယနေ့ ပြောသည်။
သူက "ဒီလူ ဆေးခြောက်ရောင်းတာတော့ ကြာပြီ။ ဒါပေမယ့် ကျနော်တို့ မသိဘူး။ သူက ဒီအနီးအနားမှာရှိတဲ့ မျော့ရွာမှာ ဆေး ခြောက်တွေသွားဝယ်ပြီး...
ကယားပြည်နယ်တွင် ကေပီပီ အရွေးခံရန် ကေအဲန်ပီပီ ကန့်ကွက်
မေလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်သူ့ပါတီ(ကေပီပီ)က ကယားပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေ (၂)ခုတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံသွားမည်ကို လက်ခံမည် မဟုတ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)က မေလ ၁၁ရက်နေ့တွင် ကြေညာချက်အမှတ် ဝ၁/၂၀၁ဝဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။
ကေပီပီသည် လူမျိုးရေးကို အခြေခံ၍ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီဖြစ်သောကြောင့် ကယားပြည်နယ်၊ မဲဆန္ဒနယ်မြေ...
ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေကြား ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့
မေလ ၁၃ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်တွင် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ဝင်တို့ ကြား ပစ်ခတ်မှုတခုဖြစ်ပွားမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။
ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဒီကေဘီအေ တပ်မဟာ (၅)လက်အောက်ခံ...
ဘော်ဒါဆောင်နေ ဒုက္ခသည် ကျောင်းသားများ ရိက္ခာခက်ခဲနိုင်
မေလ ၁၃ရက်။ အောင်လေး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ဘော်ဒါဆောင်နေ ကျောင်းသူကျောင်းသားများကို အခြေခံရိက္ခာများ ထောက်ပံ့ပေး ရန် အလှူရှင်သစ် ရှာရအုံးမည်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီရေးအဖွဲ့ (TBBC)က ပြီးခဲ့သည့်အပတ်က ကေအိုင်စီကို ပြောသည်။
TBBC အုပ်ချုပ်ရေးမှူး Ms. Oye က “စခန်းဘော်ဒါဆောင်က ကျောင်းသူကျောင်းသားတွေဟာ...
ရေသိုလှောင်သောက်ရသည့် ရွာတရွာ သောက်ရေပြတ်လပ်နေ
မေလ ၁ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၌ နှစ်စဉ် ရေသိုလှောင်သောက်ရသည့် ဟန်ဘူရွာသည် ယခုရက်ပိုင်း အတွင်း ရွာသူရွာသားများ သောက်ရေပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု နယ်မြေခံတဦး၏ ပြောပြ ချက်အရ သိရသည်။
“ဒီနှစ်က အရမ်းပူတယ်။ အရင်နှစ်က ဒီအချိန်လောက်ဆိုရင် မိုးက တခေါက်၊ နှစ်ခေါက်လောက် ရွာပြီးပြီ။...
ဘုရားသုံးဆူမြို့အတွင်း ဗုံးခွဲသူနှစ်ဦး ဖမ်းဆီးရမိ
မေလ ၁ဝရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရာသုံးဆူမြို့၌ ယမန်နေ့ည ၉နာရီခန့်တွင် ကြံစည်ဗုံးဖောက်ခွဲသူနှစ်ဦးကို လက်ဝယ်ပစ္စည်းများနှင့်တကွ နအဖ အာဏာပိုင်မှ ဖမ်းဆီးရမိကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောပြ ချက်အရ သိရသည်။
အဆိုပါ ဗုံးခွဲသူနှစ်ဦးသည် ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၁)အတွင်းရှိ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ် ချက်ပွိုင့်၌ တာဝန်ကျ လုံခြုံရေးများ၏...
မယ်လစခန်း ကေဝိုင်အိုရုံး မီးလောင် ကွန်ပျူတာ (၇)လုံး ပျက်စီး
မေလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ကရင်လူငယ်အစည်းအရုံး (ကေဝိုင်အို)ရုံး ယနေ့မနက်တွင် မီး လောင်မှုတခုဖြစ်ပွားခဲ့ပြီး ကွန်ပျူတာ (၇)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မယ်လစခန်း ကေဝိုင်အို ဥက္ကဌ စောအယ်ထီးကော်က “မနက်က ရုံးလုပ်သားတယောက် ရေ...
လာမဲ့ဘေး ပြေးတွေ့ဖို့အသင့် ဖြစ်ပြီလား
မေလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုး သား တပ်မတော် (ဒီကေဘီအေ) အခြေစိုက်ရာဒေသ နေရာအတော်များများတွင် နအဖတပ်များ ပြန့်ကျဲနေရာယူနေသည်။
နအဖ စစ်အစိုးရတပ်များဖြစ်သည့် တပ်မ (၂၂)၊ (၄၄)နှင့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)ခုမှ တပ်ရင်းပေါင်း...
မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံ ဖွဲ့စည်းတာဝန်ပေးအပ်ပြီ
မေလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသော ပါတီများအား ၎င်းတို့ ရှေ့လုပ်ငန်းစဉ်များ လှုပ်ရှားဆောင်ရွက်နိုင် ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဆိုင်ရာ ကြေညာချက်များ ကို မေလ ၆ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ကြေညာချက်အမှတ် ၂၇/၂၀၁ဝ မှ ၄၀/၂၀၁ဝအထိ...





