Home ထိပ်တန်းသတင်း နှစ်နိုင်ငံသွားလာ‌ရေး ဂိတ်များ ပိတ်ထားသဖြင့် ‌နေ့စားသမားများ အခက်ကြုံ

နှစ်နိုင်ငံသွားလာ‌ရေး ဂိတ်များ ပိတ်ထားသဖြင့် ‌နေ့စားသမားများ အခက်ကြုံ

1884
ဇူလိုင်လ ၂ဝရက်။ စ‌ကျော်အဲ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ နှစ်နိုင်ငံဆက်သွယ်‌ရေး နယ်စပ်ဂိတ်များကို ယခုဇူလိုင် ၁၈ရက်‌နေ့မှစပြီး ရက်သတ္တပတ်ကြာ ပိတ် ထားသဖြင့် မြဝတီမှ မဲ‌ဆောက်သို့ ‌နေ့ချင်းပြန် သွား‌ရောက် အလုပ်လုပ်‌နေသည့် ‌နေ့စား အလုပ်သမားများနှင့် ‌ဈေးသည်များ အခက်ကြုံရသည်ဟု မြို့ခံများက ‌ပြောသည်။

မဲ‌ဆောက်‌ဈေးတွင် ဟင်းသီးဟင်းရွက်များကို မြဝတီမှ‌နေ၍ လာ‌ရောက်‌ရောင်းချ‌နေ‌သော အမျိုးသမီးတစ်ဦးက “ဂိတ် ပိတ်ထား ‌တော့ ကျမတို့မှာ အခက်ကြုံတယ်‌လေ။ ကျမတို့က မဲ‌ဆောက်မှာ ‌ဈေးသွား‌ရောင်းရတယ်။ အခု ဂိတ်‌တွေ ပိတ်ထား‌တော့ သွားလို့ မရ‌တော့ဘူး။ တပတ် ‌စောင့်ရမယ်တဲ့”ဟု ‌ပြောသည်။

မြဝတီတွင် ‌နေထိုင်ကြသူ အများစုသည် မြန်မာပြည်ထွက် ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို တရားမဝင်ဂိတ်များမှ ဖြတ်‌ကျော်ကာ မဲ‌ဆောက်သို့ မနက်သွားညပြန် အလုပ်လုပ် စီးပွားရှာ‌နေသူများဖြစ်သည်။ ထို့အပြင် ယခုလို ဂိတ်များ ပိတ်ထား ခြင်းဖြင့် မြန်မာပြည်သား ကျဘမ်းအလုပ်သမားများနှင့် ကုန်ထမ်းသမားများမှာ အလုပ်လက်မဲ့ ဖြစ်ရသည်ဟု သိရသည်။

မဲ‌ဆောက်-မြဝတီ ‌နေ့စဉ် သွားလာ‌နေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက “အခု တံတား‌ကော၊ ဂိတ်‌တွေ‌ကော ပိတ်လိုက်တယ် ‌လေ။ အရင်ကဆို တံတားပိတ်ရင် ‌အောက်လမ်းက ဖွင့်‌နေ‌သေး‌တော့ သွားလာလို့ ရ‌သေးတယ်။ အခု‌တော့ အကုန်ပိတ်တာ ဘာ လုပ်စားရမှန်း‌တောင် မသိ‌တော့ဘူး။”ဟု ဆိုသည်။

သို့‌သော် တချို့‌သောဂိတ်များက နားလည်မှုဖြင့် သက်ဆိုင်ရာ လူကြီးများမသိ‌အောင် ခိုးဖွင့်ပြီး သွားလာခွင့်ပြု‌ပေးသည်ဟု ဒီ‌ကေ ဘီ‌အေ ဂိတ်မှူးတဦးက ‌ပြောသည်။ “မနက်‌စော‌စော ၆နာရီ‌လောက်ကို ခဏတဖြုတ် ဖွင့်‌ပေးတယ်။ ဖြတ်သွားချင်တဲ့ လူ‌တွေက အများကြီး‌လေ။ သူတို့ရဲ့ စားဝတ်‌နေ‌ရေးပြဿနာ‌တွေကို ဒီလိုသွားလာပြီး ‌ဖြေရှင်းလုပ်ကိုင်‌နေတာ အခုမှ မဟုတ်ဘဲ”ဟု ‌ပြော သည်။

မြဝတီမြို့တွင် နယ်စပ်စစ်‌ဆေး‌ရေးဂိတ်‌ပေါင်း ၃၀‌ကျော်ရှိပြီး ယခင်က မြို့တွင်း၌ အမှုအခင်းများဖြစ်ပွားလျှင် တရားဝင်ဂိတ်နှင့် တရားမဝင်ဂိတ်အချို့တို့ကို ပိတ်‌လေ့ရှိ‌သော်လည်း ယခုမူ ဂိတ်အားလုံးကို ပိတ်ထား‌သော‌ကြောင့် မြန်မာပြည်သူများ သွားလာ ‌ရေး အခက်ကြုံ‌နေရသည်။

မြဝတီမြို့ရှိ နယ်စပ်ဖြတ်‌ကျော်မှု တရားဝင်ဂိတ်နှင့် တရားမဝင်ဂိတ်များကို ယခုလို ပိတ်ထားခြင်းသည် ‌နေပြည်‌တော်မှ ရဲမှူးကြီး နှင့် ‌မော်‌တော်ယာဉ်ထိန်းသိမ်း‌ရေးအဖွဲ့က မြဝတီမြို့သို့ ‌ရောက်ရှိလာပြီး လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို လိုက်လံစစ်‌ဆေး ဖမ်း ဆီးခြင်း‌ကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံကားပိုင်ရှင်တဦးက ‌ပြောသည်။

“အခုရက်ပိုင်းမှာ ‌နေပြည်‌တော်က လူကြီး‌တွေ လာတယ်။ လိုင်စင်မဲ့ကား‌တွေ၊ ဆိုင်ကယ်‌တွေကို လိုက်ဖမ်းတယ်။ အဲဒီအတွက် တရားမဝင်ဂိတ်‌တွေက‌နေပြီး‌တော့ ထိုင်းဘက်က ဆိုင်ကယ်‌တွေ ခိုးမသွင်းနိုင်‌အောင် ပိတ်ထားတဲ့သ‌ဘောပဲ”ဟု ၎င်းကားပိုင်ရှင် က ‌ပြောသည်။

‌နေပြည်‌တော်အဖွဲ့သည် ဇူလိုင်လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်းသို့ စတင်‌ရောက်ရှိလာပြီး ဖားအံမြို့နှင့် ‌ကော့ကရိတ်မြို့ရှိ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စစ်‌ဆေးဖမ်းဆီးခဲ့ပြီး‌နောက် မြဝတီသို့ ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု ‌ကော့ကရိတ်မှ-မြဝတီ သွားလာ‌နေ‌သော ဆိုင်ကယ် Taxi သမားတဦးက ‌ပြောသည်။

သူက “ကျ‌နော် ကြားရသ‌လောက်က ဖားအံမှာ လိုင်စင်မဲ့ကား အစီး ၄၀‌လောက် ဖမ်းမိတယ်။ ‌ကော့ကရိတ်မှာက ကား‌တော့ မသိ ဘူး။ ဆိုင်ကယ်‌တွေ အများကြီး မိတယ်။ သူတို့ဖမ်းတယ်ဆိုတာက သိမ်းလိုက်တာ‌တော့ မဟုတ်ဘူး။ ဖမ်းမိတဲ့ ဆိုင်ကယ်‌တွေ၊ ကား‌တွေကို လိုင်စင်လုပ်ဖို့ စာရင်းတင်ခိုင်းတယ်။”ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁ရက်‌နေ့မှစ၍ လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများကို စတင်ဖမ်းဆီးမည်ဟု ပြီးခဲ့သည့် ဇွန်လက မြန်မာ့အ လင်း သတင်းစာထဲတွင် တရားဝင် ‌ကြေညာထားသည်။