Hay Htoo
ကေအဲန်ယူ ဝင်ထွက်မှုကြောင့် ရွာသားများ ဒဏ်ငွေရိုက်ခံရ
ဇူလိုင်လ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်း (၂)မိုင်အကွာအဝေးရှိ တမိုင်ကုန်း ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့များသည် ကေအဲန်ယူတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာမှုကို ၎င်းတို့အား အသိမပေးဟုဆိုကာ တရွာလျှင် ကျပ်ငွေ ငါးသောင်းစီ ဒဏ်ငွေဆောင်ခိုင်းကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ရက်နေ့က ဗိုလ်အကြည်...
ကရင်နှင့် ရခိုင်တော်လှန်ရေး ၃၄ဦးအား တရားစီရင်ချက်ချလိုက်ပြီ
ဇူလိုင်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိန္ဒိယနိုင်ငံ ကလကတ္တားအကျဉ်းထောင်တွင် နှစ်ရှည်ထောင် ချုပ်နှောင်ခံထားရသော ကရင်နှင့် ရခိုင်တော်လှန်ရေးသမား အ ကျဉ်းသား ၃၄ဦးကို ကလကတ္တား တရားရုံးတခုက တစ်ဦးလျှင် ထောင်ဒဏ် ၁နှစ်၊ ၃လနှင့် ဒဏ်ငွေ အိနိ္ဒယရူပီ ၆,၀၀ဝဖြင့် ဇူလိုင်လ ၁၂ ရက်နေ့က...
ဒုက္ခသည်စခန်းထဲက ကမ္ဘာ့ဖလားသံများ
ဇူလိုင်လ ၁၂ရက်။ ခေါင်ဆူလိုင့် (ကေအိုင်စီ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ဦးစီးကာ တောင်အာဖရိကနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁ဝခုနှစ်၊ ကမ္ဘာ့ဖလား ဘော လုံးပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်နိုင်ငံက ကမ္ဘာ့ဖလား ဘောလုံးချန်ပီယံဆုကို ဆွတ်ခူးရရှိရင်း ပြီးဆုံးသွားပြီဖြစ်သည်။
ဇူလိုင်လ ၁၂ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁နာရီအချိန်တွင် နောက်ဆုံးဗိုလ်လုပွဲကို တက်လာခဲ့သည့်...
အမျိုးသမီးများအပေါ် ရာဇဝတ်မှု ကျုးလွန်ထင်ရှားကြောင်း ဂျပန်တရားသူကြီးများ အခိုင်အမာပြောဆို
နော်အောင်လေး (ကေအိုင်စီ)
ဇူလိုင်လ ၁၃ ရက်၊ ၂၀၁ဝ ခုနှစ်။
မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ သက်သေထင်ရှား ကြောင်း ဂျပန်နိုင်ငံရှိ သဏ္ဍာန်တူခုံရုံးတခုက မြန်မာအမျိုးသမီး ၄ ဦး၏ သက်သေထွက်ဆိုချက်များ ကြားနာခဲ့ပြီးနောက် အခိုင် အမာ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ထိုသို့ လူသားမျိုးနွယ်စုကို...
လိုင်စင်မရှိ ဆိုင်ကယ်များအပြင် လိုင်စင်ရှိပြီးသားများပါ စစ်ဆေးခံရ
ဇူလိုင်လ ၁၃ရက်။ စောကျော်အဲ (ကေအိုင်စီ)
တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်များကို လွန်ခဲ့သည့်အပတ် ဇူလိုင်လ ၁ရက်နေ့က စတင်ဖမ်းဆီးမည်ဟု တစ်နိုင်ငံလုံး ကြေ ညာထားခဲ့ပြီးနောက် လိုင်စင်ရှိပြီးသား မော်တော်ဆိုင်ကယ်များကိုလည်း ဖမ်းဆီးကာ ဒဏ်ငွေဆောင်ခိုင်းခြင်းများရှိသည်ဟု ကော့ကရိတ်မြို့တွင်း ဆိုင်ကယ်တက္ကစီသမားများက ပြောဆိုနေကြသည်။
ယခုနှစ် ဇန်နဝါရီလမှစ၍ ဇွန်လဆန်းပိုင်းအထိ လိုင်စင်မရှိသည့် ဆိုင်ကယ်များအပြင်...
ဒုက္ခသည်စခန်းတွင်း စပိန်ပရိသတ်များ ကျေနပ်အားရ
ဇွန်လ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
တောင်အာဖရိကနိုင်ငံ၊ ဆွေတိုမြို့ရှိ Soccer City အားကစားကွင်း၌ ယမန်နေ့က ကစားခဲ့သည့် ၂၀၁ဝ ခုနှစ်၊ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်အသင်းက နယ်သာလန်အသင်းကို အနိုင်ရခဲ့သည့်အတွက် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းရှိ စပိန်ပရိဿတ်များ ကျေနပ်အားရနေကြသည်ဟု သိရသည်။
မယ်လစခန်းမှ စပိန်ပရိဿတ်တဦးဖြစ်သူ စောဝင်းဌေးက...
ဒီကေဘီအေ တပ်စုတစု ကေအဲန်ယူထံ လာရောက်ပူးပေါင်း
ဇူလိုင်လ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲ့စရီဂွင်အတွင်း လှုပ်ရှားနေသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တပ်မဟာ(၉၉၉) အထူးတပ်ရင်းမှ တပ်စုတစုသည် လက်နက်အပြည့်အစုံနှင့်အတူ ကေအဲန်ယူ တပ်မဟာ(၇)ထံ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့သည်။
အဆိုပါ ဒီကေဘီအေ တပ်ရင်း၊ တပ်ခွဲ(၁)မှ တပ်စုမှူး ဒုဗိုလ်စောမျိုးမျိုး...
မိုးနည်း၍ စပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရ
ဇွန်လ ၁ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ယခုနှစ် မိုးရာသီတွင် မိုးနည်းသောကြောင့် ကရင်ပြည်နယ်မြောက်ပိုင်း၊ ညောင်လေးပင်ခရိုင်တွင် ဒေသခံလယ်သမားများ လယ်ယာ စပါးစိုက်ပျိုးရန် အခက်ကြုံနေရသည်ဟု သိရသည်။
ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး၊ မုံးနှင့် ရွှေကျင် မြို့နယ်သုံးခုအတွင်း နေထိုင်သည့် လူထုများသည် တောင်ယာစိုက်ပျိုး ရေးထက် လယ်ယာစိုက်ပျိုးရေးကိုသာ မှီခိုအားထားသူများဖြစ်သည့်အတွက် ယခုနှစ်...
ခိုက်ရန်ဖြစ်ပွားမှုကြောင့် အုန်းဖျန်ဒုက္ခသည်တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ
ဇူလိုင်လ ၁ဝရက်။ နော်အောင်လေး (ကေအိုင်စီ)
မဲဆောက်မြို့တောင်ဘက်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယမန်နေ့ညက ဒုက္ခသည်အမျိုးသား သုံးဦး အရက်မူးပြီး ခိုက်ရန်ဖြစ် ပွားကြရာ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်ဟု စခန်းတာဝန်ခံများ၏ ပြောကြားချက်များအရ သိရသည်။
ယမန်နေ့ ည ၇နာရီဝန်းကျင်ခန့်တွင် စခန်းတွင်း ရပ်ကွက်(၁၂)တွင် နေထိုင်သူ ချစ်ထွန်း ၂၈နှစ်နှင့်...
မယ်လစခန်းတွင် တုပ်ကွေးဖြစ်ပွားသူ ၅၀၀ကျော်ပြီ
ဇူလိုင်လ ၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ၄၅ကီလိုမီတာအကွာရှိ မယ်လဒုက္ခသည်စခန်းတွင် ယခုအချိန်၌ တုပ်ကွေးရောဂါ ဖြစ် ပွားသူဦးရေ ၅၀၀ကျော်ရှိပြီဖြစ်ကြောင်း စခန်းဆေးရုံတာဝန်ခံက ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လဆန်းပိုင်းအထိ ဆေးရုံစာရင်းမှတ်တမ်းအရ တုပ်ကွေးဖြစ်ပွားသူ ၅၀ဝဦးအနက် ၅ဦး သေဆုံးခဲ့ သည်ဟု...





