Hay Htoo
ဖားအံ၊ ဒုံရင်းတိုက်နယ်၌ အာဝါဒေးပွဲများ ပိုမိုသိသာစွာ လုပ်ဆောင်နေ
စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ် ဒုံရင်းတိုက်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲများ အကြောင်းပြကာ အာဝါဒေး(လောင်းကစား)ပွဲများကို ယခင်ကထက် ပိုမိုသိသာလွတ်လပ်စွာ လုပ်ဆောင်လာနေကြကြောင်း ဖားအံဒေသခံများထံမှ သိရသည်။
စစ်အာဏာသိမ်းမှု ဖြစ်စဉ်မတိုင်ခင်တွင် အာဝါဒေးပွဲများ ပြုလုပ်လေ့ရှိနေခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်တွင် လမ်းဖွင့်ပွဲ၊ ဘုရားပွဲ၊ ရှင်ပြုပွဲ၊ မီးပုံပွဲ၊...
ဒုက္ခသည်စခန်းထဲက ပညာရေးအနာဂတ်ခရီးနဲ့ မိခင်များရဲ့သောက
ဒုက္ခသည်စခန်းထဲက ပညာရေးအနာဂတ်ခရီးနဲ့ မိခင်များရဲ့သောက
စောကက (စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ )
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲမှာနေကြရတဲ့ ကျောင်းသားမိဘတွေက သူတို့အတွက် အခက်အခဲ အကြပ်အတည်းတွေ ဘယ်လောက်ပဲရှိပါစေ သူတို့သားသမီးတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး လူမှုအသိုင်းအဝန်းကြားမှာ ရင်ဘောင်တန်းနေနိုင်ကြဖို့ ပညာသင်ယူကျောင်းတက်နိုင်ရေးအတွက် တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေပါတယ်။
စခန်းမှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အများစုဟာ သူတို့မူလဇာတိမွေးရပ်တွေမှာ...
တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ | CDM ဗိုလ်ကြီး ထက်မြတ်နှင့်တွေ့ဆုံမေးမြန်းခြင်း
တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ
CDM ဗိုလ်ကြီး ထက်မြတ်နှင့်တွေ့ဆုံမေးမြန်းခြင်း
"အခုဆိုရင် အရှိန်အဟုန်ကောင်းကောင်းနဲ့ အဖက်ဖက်ကပေါ့၊ စစ်ကောင်စီကို ဖိအားပေးလာနိုင်တယ်။" CDM ဗိုလ်ကြီးထက်မြတ်
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ လက်အောက်ကနေ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF...
CDM စစ်သည် မိသားစုများ၏ သားသမီးများအား ကျောင်းအပ်နှံပေးထား
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM မိသားစုများ ပြန်လည်ပေါင်းစည်းရေး အစီအစဥ်အရ ကျောင်းနေအရွယ် ကလေးများပညာသင်ကြားရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကျောင်းစတင်အပ်နှံပေးလိုက်သည်ဟု သိရသည်။
CDM တပ်သားဟိန်းစိုးဇနီး မကြည်ပြာဝင်း၏ သားသမီး ၃ဦး၊ တပ်ကြပ်သန်းနိုင်ဦး ၊ စန္ဒ္ဒီဗီးလှိုင်တို့၏သမီး ၁ဦးတို့အား...
တောင်ကြာအင်းရွာတွင် ညပိုင်းမီးထွန်းသည့်အိမ်များကို စစ်ကောင်စီတပ်ပစ်ခတ်မှုပြုလုပ်
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာတွင် စက်တင်ဘာလ (၁၀)ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ညအချိန်မီးစက်နှိုးသည့် နေအိမ်များကို သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်ကြာအင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်များက တစ်ရွာလုံးကို မီးအမှောင်ချရန်ရည်ရွယ်ချက်ဖြင့်...
အင်တာဗျူးအမေးအဖြေ | စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးချက်
အင်တာဗျူးအမေးအဖြေ
စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးချက်
စစ်ရေးပဋိပက္ခနဲ့ ကပ်ဘေးအခြေအနေတွေကြောင့် လူတွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နိုင်လဲ၊ စိတ်ကျန်းမာရေးကူညီစောင့်ရှောက်မှု လိုအပ်တဲ့သူတွေကို ဘယ်လိုကူညီစောင့်ပေးနိုင်မလဲ၊ တစ်ခါ စိတ်ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောင်မှု လိုအပ်တဲ့သူတွေကို အချိန်မီ လုပ်မပေးနိုင်ရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ အခြေအနေ တွေနဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း(BMA)ရဲ့...
လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဘဝင်ပင်ရွာသား ၁၀၀ ခန့်ကို တစ်ပတ်ကြာအထိ ပြန်မလွှတ်သေး
စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ရွာသား (၁၀၀)ခန့်ကို တစ်ပတ်ကြာအထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကြား...
လှိုင်းဘွဲနယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များ ဆိုင်ပိတ်ရမည့် ကိန်းဆိုက်လာ
စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသောကြောင့် ယခင်ဈေးထက် နှစ်ဆအထိဈေးနှုန်းမြှင့်ထားသော်လည်း ဝယ်ယူနေရသည့် ပစ္စည်းများ၏ဈေးနှုန်းကိုပင် ပြန်မကာမိသဖြင့် စားသောက်ဆိုင်များ ဆက်လက်ဖွင့်ရန် ပိုခက်ခဲလာကြောင်း စားသောက်ဆိုင်ပိုင်ရှင်များထံမှ သိရှိရသည်။
ယခင်က တစ်ရက်လျှင် ကျပ်ခြောက်သိန်းဝန်းကျင် ရောင်းအားရှိခဲ့ရာမှ ယခုအချိန်တွင် ရောင်းအားနှစ်သိန်းဝန်း...















