Home သတင်း CDM စစ်သည် မိသားစုများ၏ သားသမီးများအား ကျောင်းအပ်နှံပေးထား

CDM စစ်သည် မိသားစုများ၏ သားသမီးများအား ကျောင်းအပ်နှံပေးထား

780

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM မိသားစုများ ပြန်လည်ပေါင်းစည်းရေး အစီအစဥ်အရ ကျောင်းနေအရွယ် ကလေးများပညာသင်ကြားရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကျောင်းစတင်အပ်နှံပေးလိုက်သည်ဟု သိရသည်။

CDM တပ်သားဟိန်းစိုးဇနီး မကြည်ပြာဝင်း၏ သားသမီး ၃ဦး၊ တပ်ကြပ်သန်းနိုင်ဦး ၊​ စန္ဒ္ဒီဗီးလှိုင်တို့၏သမီး ၁ဦးတို့အား ယနေ့ကျောင်း စတင်တက်ရောက်ကြပြီဖြစ်ပြီး ပြည်သူ့စစ်သားဇနီးများအဖွဲ့ မှ ကျောင်းပညာရေးအထောက်အကူပြုပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။