Home တွေ့ဆုံမေးမြန်းခန်း တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ | CDM ဗိုလ်ကြီး ထက်မြတ်နှင့်တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ | CDM ဗိုလ်ကြီး ထက်မြတ်နှင့်တွေ့ဆုံမေးမြန်းခြင်း

1473

တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ

CDM ဗိုလ်ကြီး ထက်မြတ်နှင့်တွေ့ဆုံမေးမြန်းခြင်း

“အခုဆိုရင် အရှိန်အဟုန်ကောင်းကောင်းနဲ့ အဖက်ဖက်ကပေါ့၊ စစ်ကောင်စီကို ဖိအားပေးလာနိုင်တယ်။” CDM ဗိုလ်ကြီးထက်မြတ်

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ လက်အောက်ကနေ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်သူ့ရင်ခွင်ဘက်ပြောင်းခိုလှုံလာခဲ့တဲ့ CDM ဗိုလ်ကြီးထက်မြတ်ရဲ့ ဒီကနေ့ PDF တော်လှန်ရေးရဲ့ အားသာချက်များနဲ့ CDM ပြုလုပ်ပြည်သူ့ရင်ခွင် ခိုလှုံလာကြမယ့်သူတွေအပေါ် စည်းရုံးလှုံ့ဆော်တဲ့အခြေအနေတွေကို မေးမြန်းထားပါတယ်။

မေး။ ။ ဗိုလ်ကြီးအနေနဲ့ CDM ပြုလုပ်ခိုလှုံကြသူတွေက စစ်အာဏာရှင်ပြုတ်ကျဖို့ တော်လှန်ရေးမှာ ပါဝင်နေကြ သူတွေနဲ့ အချိတ်အဆက်မိမိ ပူးပေါင်းပါဝင်လုပ်ဆောင်နေတဲ့အပေါ် အမြင်သဘောထားလေး ပြောပြပါလား။
ဖြေ။ ။ တကယ်ကို စိတ်ဓာတ်ခံယူချက်ကောင်းတဲ့သူတွေပဲကျန်ခဲ့တဲ့ အချိန်ပေါ့နော်၊ ဒါကျနော်တို့ တစ်နှစ်ကျော် ကြာပြိးတဲ့အချိန်မှာ ဒီလိုအခြေအနေတွေဖြစ်သွားပြီး ကျနော်တို့အနေနဲ့ နောက်ဆုတ်ဖို့ဆိုတာမရှိဘူး။ ကျနော်တို့ကအခုချိန်မှာသူတို့ကို အားပေးစရာမလိုတော့ဘူး သူတို့ကကျနော်တို့ကို ပြန်အားပေးနေပြီးပေါ့နော် ကျနော်တို့ဒီပြည်သူတွေအနေနဲ့ ပိုပြီးတော့ကြပ်တည်းလာတာမျိုးတွေရှိတယ်။

ဒါမျိုးတွေကအစ သူတို့ကပြန်အားပေးလာပြီး ဒါမျိုးတွေကအစ သူတို့က ကျနော်တို့ကိုခွန်အားပေး လာတယ်ပေါ့နော်၊ အဲ့တော့ကျနော်တို့အနေနဲ့ သူတို့ကို အထူးတလည် ပြောပေးနေစရာ အားပေးနေစရာတောင်မလိုတော့ဘူးပေါ့နော်၊ ဒီအချိန်မှာသူတို့ရဲ့စိတ်ဓာတ်တွေက အမြင့်ဆုံးဖြစ်နေပြီး ဒါကိုကျနော်တို့နားလည်ထားဖို့လိုတယ်၊ ဒီထက်ပိုပြီးတော့ကျနော်တို့စည်းစည်းလုံးလုံးနဲ့ တွဲဖက်ညီညီသွားနိုင်ဖို့လိုတယ်။ ကျနော်တို့တွေ အပြန်အလှည်နာလည်မှုမျှနေဖို့လိုတယ်ပေါ့နော်၊ ဒီတော့ကျနော်တို့အနေနဲ့ပိုပြီးတော့ ဒီစစ်နည်းဗျူဟာပိုင်းတွေမှာကအစ သူတို့ကအရမ်းလေ့လာတယ် ၊ လေ့လာတော့ကျတော့ ဒီလိုဟာမျိုးတွေကိုဆက်ပြီးတော့လေ့လာမယ် အကောင်အထည်ဖော်မယ်။

မေး။ ။ ဗိုလ်ကြီးအနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကူညီနေတဲ့ အခြေအနေအပေါ် တော်လှန် နေတဲ့ ဘက်တော်သားတွေရဲ့ တော်လှန်တိုက်ခိုက်နေကြတဲ့ စစ်ရေးအခြေအနေအပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အခုဆိုကျနော်တို့ပေါ့နော် အရင်တုန်းက ကျနော်တို့သေနတ်တစ်လက်ဝယ်ဖို့အတွက် အရမ်းခက်ခဲတာမျိုးရှိတယ်၊ ဒါပေမဲ့အခုသူတို့ ထုတ်လုပ်တဲ့အဆင့်ကိုရောက်နေပြီ၊ ဒါမျိုးတွေ ကျနော်တို့ပိုပြိးလုပ်လာနိုင်မယ်ဆိုရင် အရမ်းကိုအောင်မြင်မှုရလာပါလိမ့်မယ်ဗျ။ ကျနော်တို့အရင်တုန်းကစစ်သားကကျတော့သေမှာမကြောက်ဘူး ၊ စစ်တိုက်ရတယ်ဆိုရင်တောင်သေမှာမကြောက်ဘူး။ အခုစစ်သားတွေတော်တော်များများသေမှာ အကြောက်ဆုံးပဲပေါ့နော်။ အဲ့တော့ကျတော့အဲ့ဒီကောင်တွေများများသေဖို့ နည်းလမ်းမျိုးစုံနဲ့လုပ်လေအဆင်ပြေလေ၊ ပိုကောင်းလေပဲပေါ့နော် ။

ကျနော်တို့အနေနဲ့ဒီဘက်အဖွဲ့တွေအနေနဲ့ကလည်း နည်းလမ်းမျိုးစုံသုံးပြီးတော့ အဲ့ကောင်တွေတိုက်ခိုက်တယ်၊ ပိုပြီးတော့အောင်မြင်မှုတွေယူလာနိုင်တယ်ပေါ့နော်။ အခုကလိုမျိုး sniper တွေ Drone တွေပေါ့နော်၊ ဒါတွေက ကျနော်တို့တစ်ဆင့်ပြီးတစ်ဆင့်ဆက်လာတဲ့အခြေနေပေါ့။ အရင်ကတည်းကသူတို့က တူမီးတောင် သူတို့ကြောက်တယ်လေ၊ အရင်ကတည်းက သူတို့တွေ ဒီအင်အားပေါ့နော် လက်နက်အင်အားမမျှတ တဲ့အခြေအနေမှာတောင် သူတို့သေမှာကြောက်တယ်။ အခုကျတော့ ပိုပိုပြီးအင်အားပြင်းထန် လာတဲ့အချိန်ကျနော်တို့ဒီဘက်က ပိုပြီးအဆင့်မြင့်လာတဲ့အချိန် အရည်အသွေးတွေပြည့်ဝလာတဲ့အချိန်ဆိုတော့ သူတို့မကြောက်စရာ အကြောင်းမရှိဘူးပေါ့နော်။ ကျနော်တို့အနေနဲ့ သူတို့ကြောက်ရမယ့် နည်းလမ်းအကုန်လုံးအသုံးချနိုင်ဖို့ပဲလိုပါတယ်ဗျ။

မေး။ ။ စစ်ကောင်စီ လက်အောက်နေ CDM ပြုလုပ် ပြည်သူ့ရင်ခွင် ခိုလှုံဘက်ပြောင်း လာကြဖို့က ဘယ်လောက်ထိ အရေးပါနေတုန်းပါသလဲ။
ဖြေ။ ။ CDM လုပ်ဖို့ကလည်း အရေးကြီးနေတုန်းပဲပေါ့နော်၊ အရေးကြီးနေတုန်းပဲ ဘာဖြစ်လို့လည်းဆိုတော့ စစ်တပ်မှာအင်အားတဖြည်းဖြည်းချိနဲ့လာတယ် ၊ကျနော်တို့အရင်တုန်းက စစ်တပ်က အခု တိုက်ခိုက်ရေး တပ်တွေက သူတို့အနေနဲ့အင်အားနည်းလာတော့ကျတော့ လက်ရုံးတပ်တွေကိုပါ ထုတ်သုံးလာရပြီး၊ ကျနော်တို့ အခုနောက်ပိုင်းဆက်သွယ်ရတဲ့ဒီ CDM လုပ်ချင်တဲ့သူတွေရဲ့ အခြေအနေတွေကိုကြည့်မယ်ဆိုရင် စစ်ရုံးတွေကတောင်ပါလာပြီးပေါ့နော်၊ စစ်ရုံးတွေကတောင်ပါလာပြီ၊ ဒါကကျနော်တို့ CDM ဖိအားပေးနိုင်ခြင်း အောင်မြင်မှုတစ်ခုပဲပေါ့နော်၊ ဘာလို့လည်းဆိုတော့ ကျနော်တို့အစတုန်းကထင်ထားတာက ခြေလျင်၊ ခြေမြန်တပ်တွေကပဲထွက်လာလိမ့်မယ်၊ အခြားလက်ရုံးတပ်အထိုင်တွေက ထွက်လာလိမ့်မယ်ပေါ့နော်၊ ဒီအခွင့်အရေးနဲ့ဒီသူတို့အနေနဲ့ တသက်တာနေသာသလိုနေလို့ရတဲ့နေရာတွေကတော့ ထွက်လာမှာ မဟုတ်ဘူးပေါ့နော်၊ (ဥပမာ) ဒီစစ်ရုံးတွေဘာတွေပေါ့၊ ဒါမျိုးတွေမှာတော့သူတို့က ဒီဥစ္စာတွေမှုမှာမဟုတ်ဘူး၊ ကြောက်မှာမဟုတ်ဘူးလို့ထင်ခဲ့တယ်၊ ဒါပေမဲ့အခုနောက်ပိုင်း အဲ့လိုမဟုတ်တော့ဘူးပေါ့နော်၊ အဲ့ဒါကြောင့် ကျနော်တို့ ဒီCDM ဆက်ပြီးတော့လုပ်လာနိုင်ဖို့အတွက်လည်း ကျနော်တို့ပိုပြီးဖိအားပေးသင့်တယ်။

မေး။ ။ CDM ပြုလုပ် ပြည်သူ့ရင်ခွင် ခိုလှုံလာကြဖို့ ဗိုလ်ကြီးတို့အနေနဲ့ ဘာတွေ ဆက်လက်လှုံ့ဆော်သွားမလဲ၊ CDM လှုပ်ရှားမှုက တော်လှန်ရေး အောင်မြင်ဖို့ အလားအလာတွေကိုလည်း သိပါရစေ။
ဖြေ။ ။ ဒါကလည်း ကျနော်တို့တစ်ဖက်ကနေ CDM လှုံ့ဆော်တာတွေလည်း လုပ်လာမယ်၊ ပြီးရင်ခုဏကလို စစ်ရေးအရ ဖိအားပေးတာတွေလည်း ရှိလာမယ်၊ ကျနော်တို့နည်းလမ်းမျိုးစုံနဲ့ကြိုးစားလာမယ်ဆိုရင် ဒီCDM လုပ်လာမယ့်အရေအတွက်က ပိုပြီးများလာအုံးမယ်၊ ဒီလိုပိုပြီးများလာသ၍ ကျနော်တို့ပြည်သူနစ်နာတာကို ကာကွယ်နိုင်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ တော်လှန်ရေးအောင်မြင်မလားဆိုတော့ အောင်မြင်မယ်၊ ဘယ်အချိန်အောင်မြင်မလဲဆိုတာကတော့ ကျနော်တို့မသိဘူး၊ ဒါက ကျနော်တို့ဒီဘက်အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်အများကြီးမူတည်တယ်ပေါ့နော်၊ ကျနော်တို့ အခုဆိုရင် အရှိန်အဟုန်ကောင်းကောင်းနဲ့ အဖက်ဖက်ကပေါ့၊ စစ်ကောင်စီကို ဖိအားပေးလာနိုင်တယ်။ ဒီလိုသာကျနော်တို့ ထိန်းထားနိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုက တစ်နေ့မဟုတ်တစ်နေ့ ရမယ်ပေါ့နော်၊ ဒါပေမဲ့ ကျနော့်လိုပဲ တခြားအဖွဲ့တွေလည်း တွေးမိလိမ့်မယ်ထင်တယ်။

မေး။ ။ CDM ပြုလုပ် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီဖြစ်တဲ့ ဗိုလ်ကြီးအနေနဲ့ ပြည်တွင်းက ပြည်သူတွေကို စိတ်ဓါတ်ခွန်အားပေး စကားဘာများပြောချင်ပါသလဲ ။
ဖြေ။ ။ အဓိကကတော့ ပြည်သူကနည်းနည်းပိုပြီးခက်ခဲလာတယ်ပေါ့နော်၊ ဒီဟာမျိုးကိုတော့ကျနော်တို့ ပြည်သူကိုအားပေးသင့်တယ်၊ ပြည်သူကိုပိုပြီးကူညီသင့်တယ်၊ ပြည်သူကလည်းဒီလိုပဲ ကျနော်တို့ကိုကူညီမယ် စိတ်ဓာတ်တွေခိုင်ခိုင်မာမာနဲ့သွားမယ်ဆိုရင် ကျနော်တို့ အောင်မြင်မှာတော့သေချာတယ်၊ အချိန်ဆိုတာတော့ ကျနော်ပြောဖို့ခက်တယ် အောင်မြင်မှာတော့သေချာတယ်ပေါ့နော်။ အဓိကကတော့ ကျနော်တို့အဖွဲ့တွေ အဖက်ဖက်ကပေါ့နော်။