Hay Htoo
ဆွဲမိုင်းကြောင့် နအဖ ၂၀ကျော် ထိခိုက်၊ သေဆုံး
ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပဝို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌...
အနာဂတ်မှာ ကျောင်းသားတွေဟာ စာသင်စရာမလို
အနာဂတ်မှာ ကျောင်းသားတွေဟာ စာသင်စရာမလိုတော့ပါဘူး။ ကြံ့ဖွတ်ထဲဝင်ပြီး ဖြတ်လမ်းက မဲဝင်ရွေးရင် အမတ်ဖြစ်မယ်။ ဝန်ကြီးဖြစ်မှာပါ။ အခန့်မသင့်ရင်တော့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မှာ သေချာပါတယ်။
ကျောင်းသား/သူတွေ ဆယ်တန်းအောင်ရင် အမှတ်အများဆုံးရမှ ဆရာဝန်ဖြစ်မှာဖြစ်ပြီး ၇နှစ်လုံးလုံး စာကြိုး စားရအုံးမယ်။ ဆရာဝန်ဖြစ်တော့လည်း လက်ထောက်ဆရာဝန်လစာ (၁)သိန်းပဲရမှာပါ။ အခု ကရင်ပြည်နယ် ဒီမိုကရေစီ အစိုးရအသစ်...
လူထု၏ စပါးနှင့် ဆန်တင်း ၃၀ဝ ကျော် နအဖနှင့် BGF ယူစား
ဖေဖော်ဝါရီလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘွားဒဲကျေးနယ်အတွင်းရှိ ထို့တလေးကိုးရွာ ဒေသခံလူထု၏ စပါးနှင့်ဆန် တင်း ၃၀၀ကျော်ကို နအဖ တပ်မ(၁၁)လက်အောက်ခံ တပ်ရင်းအချို့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ယခုလဆန်းပိုင်း၌ ယူ ဆောင်စားသုံးနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
နအဖ တပ်မ(၁၁) လက်အောက်ခံ ခြေမြန်တပ်ရင်း...
ကရင့်ရိုးရာမီးပုံပွဲတော် ၁၈၅ကြိမ်မြောက်ပြီ
ဖေဖော်ဝါရီလ ၁၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ နှစ်စဉ် တပို့တွဲလပြည့်တွင် ပြုလုပ်ကျင်းပနေကျဖြစ်သည့် ကရင့်ရိုးရာ နယ် လုံးကျွတ်မီးပုံပွဲတော်၏ ၁၈၅ကြိမ်မြောက်ပွဲတော်မှာ ယနေ့ညတွင် စတင်နေပြီဖြစ်သည်ဟု သိရသည်။
ကရင့်ရိုးရာ မီးပုံပွဲတော်ကို ကျုံဒိုးမြို့ရှိ ဘုန်းကြီးကျောင်းဝင်းတွင် နှစ်စဉ် တပို့တွဲလဆန်း ၁၃ရက်နေ့မှ လပြည့်နေ့အထိ သုံး...
ပဒိုမန်းရှာလားဖန်း နှစ်ပတ်လည် အောက်မေ့ဖွယ် ၃နှစ်ပြည့်
ဖေဖော်ဝါရီလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယနေ့ ကျရောက်သည့် ချစ်သူများနေ့သည် ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးဟောင် ပဒိုမန်းရှာ လုပ်ကြံခံရသည့် ၃နှစ်ပြည့်ဖြစ်၍ ထိုင်း-မြန်မာနယ်စပ်နှင့် နိုင်ငံအချို့ရှိ ကရင်တိုင်းရင်းသားများက အောက်မေ့ဖွယ် ဆုတောင်းပွဲများ အသီး သီး ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ယင်းသို့ အမှတ်တရ အောက်မေ့ဖွယ် ပြုလုပ်ပေးသူများအား...
“ရာဇဝင်များရဲ့ ခွပ်ဒေါင်း” VCD တေးသီချင်းခွေ KYO (ကိုရီးယား)မှ ထုတ်ဝေဖြန့်ချီမည်
ဖေဖော်ဝါရီလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
စစ်ကျွန်အဖြစ် နွံနစ်မခံသည့် အာဇာနည်ခေါင်းဆောင်များအတွက် Y မြစ်ချို စီစဉ်ထားသည့် “ရာဇဝင်များရဲ့ ခွပ်ဒေါင်း”အမည် ရှိ VCD တေးသီချင်းခွေကို လာမည့် ဖေဖော်ဝါရီလ ၁၄ရက်နေ့(ကမ္ဘာ့ချစ်သူများနေ့)တွင် ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)မှ တာဝန်ယူဖြန့်ချီသွားမည်ဟု သိရှိရသည်။
တေးရေးများအဖြစ် မိုးစက်နီ၊ သူရိန်ထက်၊ စိန်သွား၊...
စစ်တပ်အုပ်ချုပ်နေသရွေ့ လူထုတရပ်လုံး လူညွှန့်တုံးမည်သာ
နအဖစစ်အုပ်စုသည် အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးတိုင်း ၁၈-၄၅၊ ၁၈-၃၅နှစ် စသဖြင့် အသက်သတ်မှတ်ကာ အနည်း ဆုံး ၃နှစ် စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၁၁ခုနှစ်ဆန်း၊ ဇန်နဝါရီလတွင် ပြဌာန်းလိုက်သည်။ ထိုပြဌာန်းချက်ကြောင့် မြန်မာပြည်သူလူထုအတွင်းရှိ အလွှာအတန်းအစား အသီးသီးမှ လူငယ်မောင်မယ်များအတွင်း ယုံရခက်ခက်၊ ထွက်ရနိုးနိုး ပြည်...
နအဖ စစ်တပ်က လူနေအိမ် ၁၁လုံးကို မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ဝင်ရောက်လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် ယမန်နေ့ညနှင့် ယနေ့မွန်လွဲပိုင်းတွင် လေးဝေါ်ကျေးရွာမှ လူနေအိမ်(၁၁)လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်မြေခံများက ပြောသည်။
ယမန်နေ့ည (၈)နာရီတွင် နအဖ စကခ (၁၂)လက်အောက်ခံရင်းများသည်ဝေါ်လေဒေသသို့ ရိက္ခာပို့ရန် လေးဝေါ်ကျေးရွာမဝင် ခင်တွင် ကေအဲန်ယူ...
ဝေါ်လေနှင့် ဖလူးတိုက်ပွဲ နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်း DKBA ထုတ်ပြန်
ဖေဖော်ဝါရီလ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကရင်ခွဲထွက် အဖွဲ့နှင့် နအဖ စစ်အစိုးရတို့အကြား ဖြစ်ပွားခဲ့သည့် ၂လကြာ ကရင်ပြည်နယ်အတွင်းရှိ ဝေါ်လေနှင့် ဖလူးဒေသ တိုက် ပွဲများ၌ နှစ်ဖက်ထိခိုက်သေဆုံးမှုစာရင်းကို DKBA က...
ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်သေဆုံးမှုရှိ
ဖေဖော်ဝါရီလ ၁ဝရက်။ ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှအထွက် နယ်ခြားစောင့်တပ် အပါအဝင် စစ်တပ်၊ ရဲနေရာများတွင် ယနေ့နံနက်စောစော၌ အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားရာ နယ်ခြားစောင့်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဆိုပါတိုက်ပွဲမှာ မနက် ၄နာရီမှ ၉နာရီခန့်အထိ ကော့ကရိတ်မြို့ ချက်ပွိုင့်မှသွားလျှင် ကြောင်လျှာကုန်း၊ တောင်ပြတ်စခန်း စသည့်နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း...





