Home သတင်း အနာဂတ်မှာ ‌ကျောင်းသား‌တွေဟာ စာသင်စရာမလို

အနာဂတ်မှာ ‌ကျောင်းသား‌တွေဟာ စာသင်စရာမလို

1276

အနာဂတ်မှာ ‌ကျောင်းသား‌တွေဟာ စာသင်စရာမလို‌တော့ပါဘူး။ ကြံ့ဖွတ်ထဲဝင်ပြီး ဖြတ်လမ်းက မဲဝင်‌ရွေးရင် အမတ်ဖြစ်မယ်။ ဝန်ကြီးဖြစ်မှာပါ။ အခန့်မသင့်ရင်‌တော့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မှာ ‌သေချာပါတယ်။

‌ကျောင်းသား/သူ‌တွေ ဆယ်တန်း‌အောင်ရင် အမှတ်အများဆုံးရမှ ဆရာဝန်ဖြစ်မှာဖြစ်ပြီး ၇နှစ်လုံးလုံး စာကြိုး စားရအုံးမယ်။ ဆရာဝန်ဖြစ်‌တော့လည်း လက်‌ထောက်ဆရာဝန်လစာ (၁)သိန်းပဲရမှာပါ။ အခု ကရင်ပြည်နယ် ဒီမိုက‌ရေစီ အစိုးရအသစ် ဖြစ်မဲ့ အမတ်‌တွေထဲမှာ ငါးတန်း‌အောင်နဲ့ ကိုးတန်းအကြား လူထုကိုယ်စားလှယ် အမတ်‌လောင်း (၆)ဦး ပါတာကို အားလုံးအသိပါပဲ။ တချို့ဆိုရင် ၃တန်း‌အောင်ပဲလို့လည်း ‌ပြောကြတယ်။

အခု‌တော့ သူတို့‌တွေထဲက ဝန်ကြီးရာထူး‌တွေ ၃‌နေရာရကြ‌တော့မယ်။ ‌ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကို ဘယ်လို တိုးတက်‌အောင် တည်‌ထောင်မှာလည်း။ နည်းပညာဖွံ့ဖြိုးတိုးတက်‌အောင် ဘယ်လိုလုပ်မှာလဲ။ အဲဒီလို စာမတတ်ဘဲ ဝန်ကြီး တက်လုပ်မဲ့သူ‌တွေက ‌ပြော‌နေကြတယ်။

ထိုင်းနိုင်ငံနဲ့ စကင်္ာပူနိုင်ငံတို့လို တိုးတက်‌အောင် ၅နှစ်အတွင်း အ‌ကောင်အထည်‌ဖော်မယ်တဲ့။ ပညာ‌ရေးစီမံကိန်း‌တွေကို ၅ နှစ်အတွင်း အာဆီယံနိုင်ငံမှာ ထိပ်ဖြစ်‌အောင်အမှီကို လိုက်နိုင်တဲ့နည်းစနစ်‌တွေကို အသုံးချမယ်တဲ့။ အခု‌ကျောင်း‌တွေမှာ ‌ကျောင်းသား၊ ‌ကျောင်းသူ‌တွေက‌တော့ အတန်း‌တွေထဲမှာ ‌ပြော‌နေကြတယ်။ အ‌မေအ‌ဖေတို့ သားတို့၊ သမီးတို့ကို (၁၀)တန်း ‌အောင်‌အောင် မကြိုးစားခိုင်းပါနဲ့။ တက္ကသိုလ်‌ရောက်‌အောင် ‌ကျောင်းမထား‌တော့ပါနဲ့တဲ့။ အခု ဆယ်တန်းဆိုရင် ‌တော်ပြီတဲ့။

ဘာဖြစ်လို့လည်းဆို‌တော့ ကြံ့ဖွတ်က လာစည်းရုံး‌နေတယ်။ ကြံ့ဖွတ်ထဲဝင်ရင် အမတ်‌ရွေးချယ်ခံရမယ်။ အမတ်ဖြစ်ရင် ဝန်ကြီး ဖြစ်မှာတဲ့ ဆိုပြီး စာမကျက်ကြ‌တော့တာကို ‌တွေ့‌နေရတယ်။ ကြံ့ဖွတ်ထဲ ဝင်ဖို့လုပ်‌နေတဲ့ ‌ကျောင်းသား‌တွေအတွက် မိဘ‌တွေ မှာ သားသမီးအတွက် အလွန် စိုးရိမ်‌နေကြရတယ်။

မွန်‌လေး (၁၅-၂-၂၀၁၁)