Home ထိပ်တန်းသတင်း ‌ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်‌သေဆုံးမှုရှိ

‌ကော့ကရိတ်တွင် တိုက်ပွဲဖြစ် BGF ထိခိုက်‌သေဆုံးမှုရှိ

1329
‌ဖေ‌ဖော်ဝါရီလ ၁ဝရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့မှအထွက် နယ်ခြား‌စောင့်တပ် အပါအဝင် စစ်တပ်၊ ရဲ‌နေရာများတွင် ယ‌နေ့နံနက်‌စော‌စော၌ အချိန်အ‌တော်ကြာ တိုက်ပွဲဖြစ်ပွားရာ နယ်ခြား‌စောင့်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါတိုက်ပွဲမှာ မနက် ၄နာရီမှ ၉နာရီခန့်အထိ ‌ကော့ကရိတ်မြို့ ချက်ပွိုင့်မှသွားလျှင် ‌ကြောင်လျှာကုန်း၊ ‌တောင်ပြတ်စခန်း စသည့်‌နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ထိုလမ်း‌ကြောင်းကို သွားလာ‌နေသည့် ဆိုင်ကယ်သမားတစ်ဦးက ယခုလို ‌ပြောသည်။

သူက “တိုက်ပွဲက မနက် ၄နာရီ‌လောက်ကတည်းကဖြစ်တာ။ မနက် ၉နာရီနီးပါးအထိပဲ‌လေ။ ဒီ‌နေ့က ကားတန်းအတက်ဆို ‌တော့ တိုက်ပွဲရပ်ပြီး ၁ဝနာရီ‌လောက်မှ ကားတန်း‌တွေကို လွှတ်‌ပေးလိုက်တာ။ ကားသမား‌တွေ‌ပြောတာက သူတို့ကားတန်း ထွက်လာပြီး‌နောက်မှာ‌တောင်မှ လက်နက်ကြီးအသံ‌တွေ ခပ်‌ဝေး‌ဝေးမှာ လှမ်းကြားရ‌သေးတယ်တဲ့။”ဟု ဆိုသည်။

ယခုတိုက်ပွဲမှာ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီး‌စော‌ကျော်သက် ဦးစီးသည့်အဖွဲ့နှင့် ‌ကေအဲန်ယူတပ်ဖွဲ့ ဝင်များက ‌ကော့ကရိတ်နှင့် ‌အောက်ဘိုတဲစခန်းကြားရှိ BGF ‌နေရာများကို တိုက်ခိုက်ခြင်းဖြစ်နိုင်‌ကြောင်း ခန့်မှန်းရ‌သော်လည်း ထိုတိုက်ပွဲတွင် BGF ၁ဦး‌သေကာ ၂ဦး ထိခိုက်မှုရှိသည် ဒီ‌ကေဘီ‌အေမှ စစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က ‌ပြောသည်။

ဗိုလ်မှူး‌စောဆန်း‌အောင်က “အခုဖြစ်တာက ဗိုလ်‌ကျော်သက်တို့အဖွဲ့‌တွေလို့ပဲ ခန့်မှန်းရတယ်။ ကျ‌နော်ကြားသ‌လောက်က BGF ‌တွေ ၁‌ယောက်‌သေတယ်။ ၂‌ယောက် ဒဏ်ရာရတယ်။ အတိအကျ‌တော့ မသိရ‌သေးဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ကော့ကရိ်တ်၊ ‌အောက်ဘိုတဲနှင့် ချက်ပွိုင့်ကြားတွင် နယ်ခြား‌စောင့်တပ်၊ စစ်တပ်နှင့် ရဲတို့ ‌နေရာချထားသည့်အတွက် ယ‌နေ့ တိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင် ၂ဝဦးခန့် ကျဆုံး‌ကြောင်း ကြားသိရ‌သော်လည်း မည်သူမျှ အတည်ပြု‌ပြောဆိုနိုင်ခြင်းမရှိ‌ပေ။

ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူးကြီး‌စော‌ကျော်သက်သည် ‌ကော့ကရိတ်မြို့သို့ ဆင်းသွား‌ကြောင်း နအဖ စစ်တပ်အာဏာပိုင်များက သတင်းရရှိ‌နေကြသည်ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။