Home ထိပ်တန်းသတင်း ‌ဝေါ်‌လေနှင့် ဖလူးတိုက်ပွဲ နှစ်ဖက် ထိခိုက်‌သေဆုံးမှုစာရင်း DKBA ထုတ်ပြန်

‌ဝေါ်‌လေနှင့် ဖလူးတိုက်ပွဲ နှစ်ဖက် ထိခိုက်‌သေဆုံးမှုစာရင်း DKBA ထုတ်ပြန်

2798
‌ဖေ‌ဖော်ဝါရီလ ၁၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်၍ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) ကရင်ခွဲထွက် အဖွဲ့နှင့် နအဖ စစ်အစိုးရတို့အကြား ဖြစ်ပွားခဲ့သည့် ၂လကြာ ကရင်ပြည်နယ်အတွင်းရှိ ‌ဝေါ်‌လေနှင့် ဖလူး‌ဒေသ တိုက် ပွဲများ၌ နှစ်ဖက်ထိခိုက်‌သေဆုံးမှုစာရင်းကို DKBA က ယ‌နေ့ ထုတ်ပြန်လိုက်သည်။

‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်သည့် ဒီ‌ကေဘီ‌အေများ
တိုက်ပွဲဖြစ်ပွားသည့် ‌နေ့ရက်နှင့်တကွ ထုတ်ပြန်ထားသည့် ထိုစာရင်းအရ ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၃ဝရက်‌နေ့မှ ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွများဲတွင် နအဖ တပ်ဖွဲ့ဝင်ဘက်မှ ‌သေဆုံးသူ ၂၅၁ဦး၊ ဒဏ်ရာရရှိသူ ၂၇၈ဦးနှင့် DKBA ဘက်မှ ‌သေဆုံးသူ ၅ဦး၊ ဒဏ်ရာရသူ အရပ်သားတဦး အပါအဝင် ၉ဦး ထိခိုက်မှုရှိ သည်ဟု ‌ဖော်ပြထားသည်။

DKBA နှင့် နအဖတို့၏ ၂လကြာ တိုက်ပွဲအ‌တောအတွင်း ဒီ‌ကေဘီ‌အေဘက်မှ ထိခိုက်ကျဆုံးမှုနည်းကာ နအဖဘက်မှ ထိခိုက်ကျဆုံးမှု များပြားရခြင်းမှာ တရားမျှတမှုနှင့် စိတ်ဓာတ်အ‌ပေါ် အ‌ခြေခံ‌ကြောင်း DKBA တပ်မဟာ(၅) စစ်ဆင် ‌ရေးမှူး-G2 ဗိုလ်မှူး‌စောစန်း‌အောင်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကျ‌နော်တို့က တရား‌သောစစ်ပွဲကို တိုက်‌နေတဲ့အတွက် စိတ်ဓာတ်အင်အားအရ ကျ‌နော်တို့ဘက်က သာတယ်။ အခု တိုက်ပွဲဟာ မုဆိုးနဲ့ သား‌ကောင်လို‌ပေါ့ဗျာ။ ‌နောက် ကျ‌နော်တို့ တိုက်တာက ‌ပြောက်ကျားနဲ့ ရင်ဆိုင်တိုက်ပွဲဆိုတာ ထက် ခုခံစစ်တိုက်နည်းနဲ့ တိုက်တယ်။ ပြီး‌တော့ လစ်ရင်လစ်သလို နအဖ တပ်ဖွဲ့ဝင်‌တွေကို ‌ချောင်းပစ်တယ်။ ဒါ ‌ကြောင့် နအဖ အထိနာတာပါ။”ဟု သူက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၇ရက်၌ နအဖ ကျင်းပပြုလုပ်သည့် ‌ရွေး‌ကောက်ပွဲကို ဗိုလ်မှူးချုပ် ‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး) ဦး‌ဆောင်သည့် DKBA တပ်မဟာ(၅) ကလို့ထူး‌ဘောဗျူဟာတပ်ဖွဲ့က အတုအ‌ယောင် ‌ရွေး ‌ကောက်ပွဲဟု သတ်မှတ်ကာ နအဖ စစ်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ယ‌နေ့အထိ တိုက်ပွဲအရှိန်မှာ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်သည်။

၁၉၉၄ခုနှစ်ကတည်းက ‌ကေအဲန်ယူမှ ခွဲထွက်သွားခဲ့သည့် DKBA သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် စစ်အစိုးရတပ်မှ ‌ပြောင်းလဲဖွဲ့စည်းလိုက်သည့် နယ်ခြား‌စောင့်တပ်သို့ သုံးပုံနှစ်ပုံခန့် အသွင်‌ပြောင်းလဲ ဖွဲ့စည်းခဲ့‌သော်လည်း ဗိုလ်မှူးချုပ် ‌စောလားပွယ်၏ တပ်မဟာ(၅)တပ်ဖွဲ့မှာ နယ်ခြား‌စောင့်တပ်နှင့် ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်ကာ ယခုလို ပြန်လည်ခုခံ တိုက်ခိုက်ခြင်းဖြစ်သည်။

နယ်ခြား‌စောင့်တပ်‌ပြောင်းသည့် ဒီ‌ကေဘီ‌အေများ

ကရင်ပြည်နယ်၊ ‌ဝေါ်‌လေနှင့် ဖလူး‌ဒေသ တိုက်ပွဲတွင် ဒီ‌ကေဘီ‌အေ အပါအဝင် KNU လက်‌အောက်ခံ တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)လည်း ပူး‌ပေါင်းတိုက်ခိုက်လျှက်ရှိသည်။