Home ထိပ်တန်းသတင်း “ရာဇဝင်များရဲ့ ခွပ်‌ဒေါင်း” VCD ‌တေးသီချင်း‌ခွေ KYO (ကိုရီးယား)မှ ထုတ်‌ဝေဖြန့်ချီမည်

“ရာဇဝင်များရဲ့ ခွပ်‌ဒေါင်း” VCD ‌တေးသီချင်း‌ခွေ KYO (ကိုရီးယား)မှ ထုတ်‌ဝေဖြန့်ချီမည်

1281
‌ဖေ‌ဖော်ဝါရီလ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

စစ်ကျွန်အဖြစ် နွံနစ်မခံသည့် အာဇာနည်‌ခေါင်း‌ဆောင်များအတွက် Y မြစ်ချို စီစဉ်ထားသည့် “ရာဇဝင်များရဲ့ ခွပ်‌ဒေါင်း”အမည် ရှိ VCD ‌တေးသီချင်း‌ခွေကို လာမည့် ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့(ကမ္ဘာ့ချစ်သူများ‌နေ့)တွင် ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)မှ တာဝန်ယူဖြန့်ချီသွားမည်ဟု သိရှိရသည်။

‌တေး‌ရေးများအဖြစ် မိုးစက်နီ၊ သူရိန်ထက်၊ စိန်သွား၊ MC၊ AJ၊ Y မြစ်ချိုနှင့် ‌တေးဆိုများအဖြစ် သူသူ၊ စိန်သွား၊ MC၊ AJ၊ KHO၊ SHANBALABAND၊ Y မြစ်ချိုတို့ ပါဝင်ထားသည့် အဆိုပါ‌ခွေကို ကမ္ဘာ့ချစ်သူများ‌နေ့တွင် လုပ်ကြံခံရသည့် ‌ကေအဲန်ယူ အ‌ထွေ ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းအား ဂုဏ်ပြု‌သောအားဖြင့် ရည်ရွယ်ထုတ်‌ဝေရခြင်းဖြစ်‌ကြောင်း Y မြစ်ချိုက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

၎င်းက “‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့ဟာ ချစ်သူများ‌နေ့ဖြစ်‌ပေမယ့် ပဒိုမန်းရှာကျဆုံးတဲ့‌နေ့ဖြစ်တဲ့အတွက် ကရင်လူမျိုး‌တွေအဖို့ တကယ့်အာဇာနည်‌နေ့တ‌နေ့ပဲဆို‌တော့ သူ့အတွက်လည်း အမှတ်တရဖြစ်‌အောင် ရည်စူးပြီး‌တော့ ဒီ‌ခွေကိုထုတ်တာပါ။ ဒီ‌ခွေ ထုတ်ရတဲ့ အဓိကရည်ရွယ်ချက်က‌တော့ မြန်မာ့ဒီမိုက‌ရေစီအ‌ရေး လှုပ်ရှားမှုဟာ ကရင့်‌တော်လှန်‌ရေးနဲ့လည်း ပတ်သက်ဆက် စပ်‌နေတယ်။ ကရင်အမျိုးသား‌တွေဟာလည်း မြန်မာ့ဒီမိုက‌ရေစီအ‌ရေး လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်‌နေတယ်ဆိုတဲ့အ‌ကြောင်း ကို မီး‌မောင်းထိုးပြချင်တာပါ။”ဟု ‌ပြောသည်။

‌တေးသီချင်း ၁၁ပုဒ်ပါဝင်သည့် ၎င်းဗွီစီဒီ‌တေးသီချင်း‌ခွေသည် နအဖ စစ်အစိုးရ ‌တောက်‌လျှောက်လုပ်‌ဆောင်ခဲ့သည့် လူ့အခွင့် အ‌ရေးချိုး‌ဖောက်မှု၊ ဟန်ပြအရပ်သားအစိုးရဖွဲ့ခြင်းနှင့် မြန်မာပြည်က ‌ခေတ်ပျက်သူ‌ဌေးအ‌ကြောင်းများကို သ‌ရော်‌လှောင် ‌ပြောင်ထားမှုနှင့် မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နှင့် ကရင့်အာဇာနည် ပဒိုမန်းရှာလားဖန်း တို့ကို ဂုဏ်ပြုစပ်ဆိုထားသည်ဟု Y-မြစ်ချိုက ‌ပြောသည်။

တိုင်းရင်းသား‌ပေါင်းစုံ ပါဝင်သီဆိုထားသည့် ယခု “ရာဇဝင်များရဲ့ ခွပ်‌ဒေါင်း” ဗွီစီဒီ‌တေးသီချင်း‌ခွေသည် နိုင်ငံအသီးသီး၏ အမှာစာအ‌ပေါ် ကြည့်ခြင်းအားဖြင့် အလွန်စိတ်ဝင်စားသည့် ပုံစံရှိသလို ဗွီစီဒီ‌တေးသီချင်း‌ခွေကို ‌ဈေးနှုန်းအတိအကျ သတ်မှတ် ခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ်နှင့် တခြားပြည်ပနိုင်ငံများတွင် ဖြန့်ချီ‌ရောင်းချသွားမည်ဖြစ်ပြီး ရရှိလာသည့် အ ကျို်းအမြတ်များကို ကရင်လူမှုအဖွဲ့အစည်းကို လှူဒါန်းသွားမည်ဖြစ်သည်ဟု သိရသည်။

ယခု ထုတ်‌ဝေသည့် ဗွီစီဒီ‌တေးသီချင်း‌ခွေသည် Y-မြစ်ချို၏ ဒုတိယအကြိမ် စီစဉ်မှုဖြစ်ပြီး ယခင်က “လူညံ့လိုအင်”အမည်ရှိ ဗွီစီဒီ‌တေးသီချင်း‌ခွေကို ထုတ်‌ဝေခဲ့ပြီး ‌ရှေ့ဆက်တွင်လည်း စစ်အာဏာရှင် တည်တံ့‌နေသ၍ အလျင်းသင့်သလို ထုတ်‌ဝေသွား မည်ဟုလည်း Y-မြစ်ချိုက ‌ပြောသည်။

အဆိုပါဗွီစီဒီ‌တေးသီချင်း‌ခွေကို ရယူလိုပါက (၁)‌စော‌ကျော်သက်ထွန်း ဖုန်း +၈၂ ၁ဝ ၆၂၈၄ ၃၈၀၄ sutoung@gmail.com (၂)‌ဇော်မိုး‌အောင် +၈၂ ၁ဝ ၈၈၉၄ ၄၇၇ဝ xmaburma@gmail.com (၃)ရန်နိုင်ထွန်း +၈၂ ၁ဝ ၈၇၂၃ ၄၇၇၄၃ Yannaingh tunkorea@gmail.com (၄) +၈၂ ၁ဝ ၈၇၁၄ ၇၀၁၉ ymyitcho@gmail.com တို့မှ ဆက်သွယ်မှာယူနိုင်‌ကြောင်း ၎င်းတို့၏ ‌ကြော်ညာထဲတွင် ‌ဖော်ပြထားသည်။