Hay Htoo
အစိုးရသတင်း မမှန်ကန်ကြောင်း ကချင်လူထုကို KIA ရှင်းလင်းချက်ထုတ်ပြန်
ဇွန်လ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကချင်ပြည်နယ်တွင် ရက်သတ္တပတ်ကျော်ကြာ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အ ကြား ပစ်ခတ်မှုတွင် KIA ဘက်က စတင် ပစ်ခတ်ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားခြင်းမှာ မှန်ကန်မှု မရှိ ကြောင်း KIA က ဇွန်လ ၂ဝရက်နေ့စွဲဖြင့်...
ဖောက်ခွဲ၊ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူတွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား
ဇွန်လ ၂၁ရက်။ ကေအိုင်စီ
ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုနှင့် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားရုံသာမက ယမန်နေ့ နံနက်မှစ၍ စစ်ဆေးမှုများပါ ပိုမို တင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။
“မနေ့မနက်ကနေစပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သားတွေကြီးပဲ။ ကားတွေ ဆိုင် ကယ်တွေ...
အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်ပြောဆို
ဇွန်လ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေသည့် မြန်မာအစိုးရတပ်များကို ရိုက်ချိုးနိုင်ဖို့ တိုင်းရင်းသားများ အားလုံး စုစည်းညီညွှတ်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိကြရန် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB က ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင်...
မြို့ပြတိုက်ပွဲ ချေမှုန်ရေးအတွက် မြန်မာအစိုးရတပ် စစ်သင်တန်းပေးမည်
ဇွန်လ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
တနသင်္ာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ပြည်ချာစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မြို့ပြတိုက်ပွဲ အနီးကပ်ချေ မှုန်းရေးအတွက် မြန်မာစစ်တပ်က အရာခံနှင့် ဒု-အရာခံဗိုလ် ၈၅ဦးကို ယခုဇွန်လ ၂၅ရက်နေ့မှ ဩဂုတ်လ ၃ဝရက်နေ့အထိ စစ် သင်တန်းတစ်ခု ပို့ချပေးသွားရန်ရှိသည်ဟု နီးစပ်သူများထံမှ သတင်းရရှိသည်။
မြို့ပြတိုက်ပွဲဆင်နွှဲရန် တိုးတက်သော...
မြဝတီ-ကော့ကရိတ် ကားလမ်း ပစ်ခတ်မှုတွင် အရပ်သား ၁ဦးသေဆုံး
ဇွန်လ ၂ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် အစိုးရတပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုတစ်ခု ယနေ့ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဦး သေဆုံးသွားခဲ့သည်ဟု မြဝတီမြို့ခံများက ပြောသည်။
ယနေ့ မွန်းလွဲ ၁နာရီအချိန်တွင် ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း ရေတံခွန်လေးအနီးရှိ...
ဩစတြေးလျား ဆစ်ဒနီတွင် လူထု အစည်းအဝေးနှင့် ဒုက္ခသည်နေ့ ကျင်းပပြီးစီးခဲ့
ဇွန်လ ၂ဝရက်။ စောကျော်ခွီး (ကေအိုင်စီ)
မြန်မာ့နိုင်ငံရေး အကြပ်အတည်းဆိုင်ရာ လူထုအစည်းအဝေးနှင့် ဒုက္ခသည်များနေ့ အခမ်းအနားကို ဩစတြေးလျနိုင်ငံ နယူး ဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ ကာရာမာရပ်ကွက်ရှိ The Conference Hall of STARTTS တွင် ဩစတြေးလျား ကရင်အ မျိုးသားအဖွဲ့အစည်း(AKO)မှ ဇွန်လ ၁၈ရက်နေ့တွင်...
အခြေခံကျကျ ဖြေရှင်းနိုင်မှသာ ရေရှည်တည်ငြိမ်မှု၊ အေးချမ်းသာယာမှုနဲ့ ဖွံ့ဖြိုးမှုကို ရရှိနိုင်မယ်
(တူမောင်ညို)
၂၀၁၁၊ ဇွန် ၁၆ရက်
နိုင်ငံရေးအရ အခြေခံကျကျ ဖြေရှင်းမှုနဲ့ ပြေလည်မှုတွေ မရရှိခဲ့ဘူးဆိုတာကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အ ထင်အရှား သက်သေပြနေပါတယ်။
ဇွန်လ(၉)ရက်နေ့ကနေ ဇွန်လ ၁၆ရက်နေ့အထိ ရက်သတ္တပတ်ခန့်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ကျနော့် မိတ်ဆွေနဲ့ ကျနော် ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးချက်တွေကို မိတ်ဆွေတို့လည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့်...
ငွေပေး၍ ဗုံးခွဲရန် ခိုင်းစေဟု အစိုးရ စွပ်စွဲချက်အပေါ် KNU ငြင်းဆို
ဇွန်လ ၁၈ရက်။ စောခါစူးညား (ကေအိုင်စီ)
ပြည်သူများကို ငွေကြေးမက်လုံးပေး၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗုံးခွဲခိုင်းရန် ခိုင်းစေနေသည်ဟု ယနေ့ထုတ် မြန် မာအစိုးရပိုင် သတင်းစာ၏ စွပ်စွဲဖော်ပြထားချက်အပေါ် မဟုတ်မှန်ကြောင်း KNU က ငြင်းဆိုတုံ့ပြန်လိုက်သည်။
ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း...
ဆင်ခြေပေးလူစား မဖြစ်စေလင့်
လကင်္ာဒီပ (ဇွန်လ ၁၆၊ ၂၀၁၁)
ကတိမှာ သတိတွေ ရှိရမယ်
တကယ်အလှည့်ရောက်မှ
တကယ်အတည့်လျှောက်မှာလား
ကာလနဂါးလို မလှုပ်မယှက်
ဟသင်္ာကြီး အိပ်စက်နေလိုက်တာ
ကမ္ဘာချီပြီး အံ့ဩလိုက်ချင်ပါရဲ့။
အနီးကပ်စောင့်ကြည့်နေဆဲ
ဝေခွဲသုံးသပ်နေတုန်းလား
တတတ်တအား သင်များ ပါဝင်လာရင်
အာဏာရှင်ရှင်းတဲ့ ပွဲအရှိန်လမ်း
သမိန်ဗရမ်းမျိုးဆက်တွေ
အသက်ဝင်ပွဲတောင်းနေမယ်ဆိုတာ
ငါတို့ ယုံကြည်ထားကြတာမို့
ဟသင်္ာတို့နှလုံး မကြွေပြုန်းဘူးလေ ဘယ်တော့မှ။
ညီနောင်တို့ရေ................
ဒီတောင်ကို မောင် ဖြိုနေပြီလေ
ရောက်လေရာအရပ်များက
နိုးထတက်ကြွ ဖြစ်သင့်ပြီမို့
ငိုက်မြည်းလို့ မတွေမဝေ
ဆင်ခြေတွေ ပေးမနေကြဘဲ
ပွဲလယ်ခေါင် လက်ခမောင်းခတ်သံများ
ကျုပ် တအားကြားချင်စမ်းပါဘိတော့။
နှောင်ကြိုးမျှင်အုံ မှောင်မိုက်ဘုံကို
ချီတုံချတုံ အားမစုံလင်ခြင်း
ဖြိုခွင်းမရတာ...
ဘုရားသုံးဆူဒေသခံများ ထောက်ခံစာ ရေးပြီးမှ အလုပ်သွားခွင့်ရ
ဇွန်လ ၁၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ရွာသူရွာသားများသည် ယနေ့မှစ၍ အလုပ်ခွင်သို့သွားပါက သက်ဆိုင်ရာအာဏာပိုင်များထံတွင် ထောက်ခံစာရေးပြီးမှ အလုပ်သွားရသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်များတွင်
ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားသောကြောင့် ယခုလို ရွာသူု ရွာသားများ
ထောက်ခံစာရေးကာ သွားလာနေရခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့တွင်
နေထိုင်သည့် ရာဘာခြံပိုင်ရှင်တစ်ဦးက...





