Hay Htoo
ဖားအံမြို့မှ ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူ များကို နေပြည်တော်ရဲများ လိုက်လံ ဖမ်းဆီးနေ
ဇွန်လ ၂၉ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ချဲနှင့် နှစ်လုံးထီ လုပ်ကိုင်သူများကို နေပြည်တော်မှ ဆင်းလာသည့် ရဲတပ်ဖွဲ့ဝင်များက ဇွန် လ ၂ဝရက်နေ့မှစ၍ ယနေ့အထိ လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယင်းသို့ လိုက်လံဖမ်းဆီးရာတွင် ရဲယူနီဖောင်းများ ဝတ်ဆင်ခြင်းမရှိဘဲ အရပ်ဝတ်များဖြင့် ဈေးဆိုင်များတွင် စုံစမ်းမေးမြန်းကာ...
သမိုင်းရေးမဲ့ ဒို့ရဲ့လက်များ
M. ထက်ခေါင်
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးတွင် ဒေါ်အောင်ဆန်းစုကြည် ကိုးကားဖော်ပြထားသော စာပိုဒ်ကလေးတခုကို သဘောကျ သည်။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းစကားကို ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်သည်။
... ... မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို အဖြေရှာရာ၌ မနေမနား ကြိုးစားခဲ့သော...
ကျောက်ကြီးမြို့နယ်မှ ဒေသခံ ရွာသား ၃၀ဝနီးပါးကို စစ်တပ်က နေ့စဉ် လုပ်အားခိုင်းစေ
ဇွန်လ ၂၇။ စောသိန်းမြင့် (ကေအိုင်စီ)
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသား ၂၀၀ကျော်သည် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အချိန်ထိ အစိုးရတပ်များ၏ လုပ် အားပေး ခိုင်းစေမှုကို နေ့စဉ် ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကျောက်ကြီးမြို့ အနောက်ဘက် (၆)မိုင်အကွာအဝေးရှိ ဝက်လာတော၊ ပတ္တလား၊ အေးနယ်၊ သာလဲ...
မြေပြိုသောကြောင့် ကော့ကရိတ်-မြဝတီကား လမ်းပိတ်
ဇွန်လ ၂၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်တောင်ပေါ် ကားလမ်းတွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပွား ကာ လမ်းပိတ်သောကြောင့် မှန်လုံကား အပါအဝင် ကုန်တင်ကားကြီးများကို ဇွန်လ ၂၅ရက်နေ့မှစ၍ ငါးရက်တိုင် သွားလာခွင့် ရပ် ဆိုင်းထားကြောင်း မြဝတီမြို့ရှိ ကုန်သည်များက ပြောဆိုနေကြသည်။
ယခုလို...
ကာရန်မဲ့မဲ့
ကဗျာမဆန်နိုင်ခဲ့တဲ့
အကျဉ်းတန်လမ်းလေးထက်ဝယ် ....
နက်ဖန်ဆိုဘယ်ကိုပြေးရမှန်း
မနက်စာကို ဘယ်လိုတွေးရမှန်း
အိပ်ရာခင်းဆိုတာ ပင်ရင်းက ရွက်ကြွေတွေပဲကွယ်
ပွင့်လင်းရာသီ - ရောက်ပြီဆိုတာနဲ့
မိစ္ဆာ ရာသီ . စပြီသူငယ်ချင်း ....
ပေါ်တာနဲ့ လုပ်အားပေး - ကြိုက်တာသာရွေးတော့
ကိုယ့်လုပ်စာကိုယ်မစားရ- ပြန်ကြည့်ရင် ဆားတိုင်ဖြစ်မှာမို့
အမောဆို့လည်း မတတ်နိုင်ဘူးသူငယ်ချင်း .....
အိမ်ကြက်ချင်းခွပ်ခိုင်း
ဇိမ်နဲ့ ဒင်းတို့ဝိုင်းလောင်းတယ်
သေကုန်အောင်ခွပ်ကြ
ရှင်ကျန်ရင် ဒင်းတို့ ရှင်းမယ်တဲ့
ပြတိုက်မှာပဲ ထားတော့မယ်တဲ့သူငယ်ချင်းရေ
သူငယ်ချင်း
မင်းလည်းအဝေးမှာ
မျက်နှာရပါ့မလားကွယ်
သူ့ပြည်သူ့မြေ သူ့ဌာနေမှာ
သူ့အခွင့်အရေး ရရှိဖို့ဝေးနေရင်တော့
သူငယ်ချင်းအတွက်လည်း
ငါ့ရဲ့သက်ပြင်းရှည်တွေ...
အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို
ဇွန်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မွန်ပြည်နယ်၊ ဝေါလေမြို့နယ် ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ ၂၃ရက်နေ့က တောင်ယာသွားရင်း နင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။
ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ်...
မြဝတီ-ကော့ကရိတ်ကားလမ်းတွင် လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဆက်ကြေးတောင်း
ဇွန်လ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်း၌ ယမန်နေ့ နေ့လည်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ က ယာဉ်မောင်းသူများထံမှ ဆက်ကြေးကောက်ခံလျှက်ရှိသည်ဟု ကားမောင်းသူများက ပြောသည်။
မြဝတီ-ကော့ကရိတ်ကားလမ်း ယာဉ်မောင်းသူတစ်ဦးက “မနေ့ ကားတန်းအဆင်းနေ့ဆိုတော့ နေ့လည် ၁၂နာရီကျော်ကျော်မှာ သူပုန်အဖွဲ့က ကျနော်တို့ ကားသမားတွေဆီကို ငွေတောင်းတယ်။...
တပ်ရိက္ခာထမ်းပေးရသဖြင့် ကိုယ်ပိုင်တောင်ယာခင်း ၃၀ကျော် ပျက်စီးခဲ့
ဇွန်လ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်းရှိ မြန်မာစစ်တပ်၏ တပ်ရိက္ခာ အဓမ္မထမ်းခိုင်းခြင်းကြောင့် ဒေသခံ လူထု၏ တောင်ယာခင်း ၃၀ကျော်မှာ မလုပ်ကိုင်ရဘဲ ပျက်စီးခဲ့ရသည်ဟု KNU ၏ ယခုလ သတင်းထုတ်ပြန်ချက် မှတ်တမ်းအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလက...
အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား
ဇွန်လ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရစစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံ များက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အဇင်းကျေးရွာအခြေစိုက် အစိုးရစစ်တပ်စခန်းတခုအား ကရင်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ...
ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တဖွဲ့ အလင်းဝင်ဟု အစိုးရသတင်းစာတွင် ဖော်ပြ
ဇွန်လ ၂၂ရက်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ လက်အောက်ခံ တပ်ရင်း (၇၀၉)မှ တပ်ခွဲမှူး ဦးစီးအင်အား ၂၅ဦးသည် လက်နက်နှင့်အလင်းဝင်ရောက်သည့် အခမ်းအနားကို ဇွန်လ ၁၃ရက်နေ့က မွန် ပြည်နယ် ကျိုက်မရောမြို့ရှိ ရဲသံလွင်ခမ်းမတွင် ကျင်းပခဲ့သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
ထိုသို့...





