Home ကဗျာ ဆင်‌ခြေ‌ပေးလူစား မဖြစ်‌စေလင့်

ဆင်‌ခြေ‌ပေးလူစား မဖြစ်‌စေလင့်

1658
လကင်္ာဒီပ (ဇွန်လ ၁၆၊ ၂၀၁၁)

ကတိမှာ သတိ‌တွေ ရှိရမယ်
တကယ်အလှည့်‌ရောက်မှ
တကယ်အတည့်‌လျှောက်မှာလား
ကာလနဂါးလို မလှုပ်မယှက်
ဟသင်္ာကြီး အိပ်စက်‌နေလိုက်တာ
ကမ္ဘာချီပြီး အံ့ဩလိုက်ချင်ပါရဲ့။

အနီးကပ်‌စောင့်ကြည့်‌နေဆဲ
‌ဝေခွဲသုံးသပ်‌နေတုန်းလား
တတတ်တအား သင်များ ပါဝင်လာရင်
အာဏာရှင်ရှင်းတဲ့ ပွဲအရှိန်လမ်း
သမိန်ဗရမ်းမျိုးဆက်‌တွေ
အသက်ဝင်ပွဲ‌တောင်း‌နေမယ်ဆိုတာ
ငါတို့ ယုံကြည်ထားကြတာမို့
ဟသင်္ာတို့နှလုံး မ‌ကြွေပြုန်းဘူး‌လေ ဘယ်‌တော့မှ။

ညီ‌နောင်တို့‌ရေ…………….
ဒီ‌တောင်ကို ‌မောင် ဖြို‌နေပြီ‌လေ
‌ရောက်‌လေရာအရပ်များက
နိုးထတက်ကြွ ဖြစ်သင့်ပြီမို့
ငိုက်မြည်းလို့ မ‌တွေမ‌ဝေ
ဆင်‌ခြေ‌တွေ ‌ပေးမ‌နေကြဘဲ
ပွဲလယ်‌ခေါင် လက်ခ‌မောင်းခတ်သံများ
ကျုပ် တအားကြားချင်စမ်းပါဘိ‌တော့။

‌နှောင်ကြိုးမျှင်အုံ ‌မှောင်မိုက်ဘုံကို
ချီတုံချတုံ အားမစုံလင်ခြင်း
ဖြိုခွင်းမရတာ သင်သိသား‌လေ
‌မြေပြိုမှ “‌ဖေကို”ကို သတိရမှတ်ခဲ့ရင်
အသင် ဟသင်္ာကြီး‌ရေ…
ဒီ‌နွေပင်လယ် တို့ဘယ်လို‌ကျော်ဖြတ်မှာတုန်း
သင့်နှလုံးသားထဲက
လဂွန်းအိန်နဲ့ ရာဇာဓိရာဇ်ခမျာ
ရာဇဝင်မှာ သင် ချန်ထားရစ်ခဲ့ပြီ‌ပေါ့။

‌ဒေါန ကရင်နီ ရှမ်းပြည်တဝှမ်း
ဟို‌တောင်တန်းနဲ့ ဂျိမ်း‌ဖော
‌ငေး‌မောလို့ သင့်ကို‌မျှော်‌နေပြီ
ဒီ‌နေ့ အိပ်ယာထပါ‌တော့လား ဟသင်္ာ
“မင်းမှာသစ္စာ လူမှာကတိ”
လက်ရှိ ပစ္စုပ္ပန် မွမ်းမံခြယ်သ‌ရေးမှာ
တာဝန်သိစွာ ဟံသာဝတီတံတိုင်းက
အသင် ပြန်လာခဲ့ပါ‌တော့လား ‌ရွှေဟသင်္ာ‌ရေ။