Hay Htoo
တစ်ပြည်လုံး လွတ်ငြိမ်းချမ်းသာမှု ဖန်တီးပိုင်ခွင့်ရှိစေချင်
အယ်ဒီတာ့အာဘော်
မြန်မာပြည်တွင် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး လအတန်ကြာလာခဲ့သော်လည်း မြင်သာထင်သာသည့် ပြောင်းလဲမှု တစုံတရာမျှ လူထုအတွင်း မရှိသေးပေ။ ဦးသိန်းစိန်အနေဖြင့် မေလ ၁၆ရက်နေ့က အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သော်ငြား အမှန်စင်စစ် အကျဉ်းသားများအတွက် လျှော့ပေါ့ခွင့်ကို ထုတ်ပြန်လိုက်သည့် သဘောမျိုးသာဖြစ် ကြောင်း နိုင်ငံရေးသမားများနှင့် ဥပဒေပညာရှင်များက...
ပလောင်ဒေသမှ တရုတ်သို့ လူကုန်ကူးမှု တိုးပွားလာဟု PWO ပြော
ဇွန်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်နေထိုင်ရာဒေသ၌ မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် စီးပွားရေးကြပ်တည်းမှု ကြောင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပြဿနာများ စိုးရိမ်ထိတ်လန့်ရသည့် အခြေအနေအထိ တိုးပွားလာသည်ဟု ယနေ့ထုတ်ပြန်သည့် ပလောင် (တအာင်း)အမျိုးသမီး အစည်းအရုံး-PWO ၏ “သိမ်းပိုက်ခံဘဝများ”အမည်ရှိ အစီရင်ခံစာက ဆိုသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ...
ဘုရားသုံးဆူမြို့တွင် နေ့ခင်းဘက် ဝင်ရောက်ပစ်ခတ်မှုကြောင့် အိမ်မီး လောင်ကျွမ်း
ဇွန် ၁၄ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အတွင်း၌ အမည်မသိ လက်နက်ကိုင်အဖွဲ့က ယနေ့ နေ့လည် ၁၂နာရီခွဲ အချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသွားကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။
အင်အား အတိအကျ မသိရှိရသည့် ၎င်းလက်နက်ကိုင်အဖွဲ့မှာ ကားဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင် တင်ဝင်း၏...
တင်းမာမှုဒီဂရီ တိုးပြလာနေတဲ့ မနောမြေက သေနတ်သံများ
(တူမောင်ညို )
(၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
- ကချင်ပြည်နယ်အထူးဒေသ (၂) KIO (လိုင်စင်)
- ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP (ပန်ဆန်း)
- ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA (မုံးလား)
အပစ်ရပ်ထားကြတာလည်းတူတယ်။
နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းရေး လက်မခံနိုင်ကြတဲ့ကိစ္စမှာလည်း...
ထိုးစစ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောရန် သမ္မတဦးသိန်းစိန်ကို ENC တောင်းဆို
ဇွန်လ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲပြီး တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်မှုများကို ရပ်တန့်ကာ ငြိမ်းချမ်းရေး စကားပြောဆိုရန် တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)-ENC က ဇွန်လ ၁၁ရက်နေ့ ၎င်းတို့၏ ၆ကြိမ်မြောက် ညီလာခံအပြီးတွင် သမ္မတ ဦးသိန်းစိန်အား တောင်းဆိုခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ဇွန်လ ၉ရက်မှ ၁၁ရက်နေ့အထိ...
ပစ်ခတ်မှုကြောင့် မဲ့ကသာရွာသား အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေ
ဇွန်လ ၁၃။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ မဲ့ကသာကျေးရွာတွင် ပြီးခဲ့သည့် စနေ့နေ့က အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများကြောင့် ၎င်းရွာသားအားလုံးနီးပါး နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ဝရက်နေ့မနက်က ကရင်တပ်ဖွဲ့ဝင်အချို့သည် မဲ့ကသာ ရွာဦးဘုန်းကြီးကျောင်းအနီးရှိ အစိုးရစစ်တပ် စစ်ကွပ် ကဲရေးဌာနချုပ်...
ကရင်နှင့် ရခိုင်တော်လှန်ရေးသမား ၃၄ဦးကို KNU ဂုဏ်ပြုခဲ့
ဇွန်လ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
အိနိ္ဒယနိုင်ငံ ထောင်များအတွင်း ၁၃နှစ်ကြာ ထိန်းသိမ်းခံရပြီး ယခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄အား ကရင်အမျိုးသားအစည်းအရုံး(KNU)က ဇွန်လ ၉ရက်နေ့၌ နယူးဒေလီမြို့တွင် သွားရောက်ဂုဏ်ပြုခဲ့ သည်။
အိနိ္ဒယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဦးစီးကျင်းပခဲ့သည့် အဆိုပါဂုဏ်ပြုပွဲကို...
ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်
ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။
ယမန်နေ့မနက် ၁ဝနာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ...
တောင်ပေါ်ကားလမ်း မြေပြို၍ မြဝတီ-ကော့ကရိတ် ကားများ လမ်းပိတ်
ဇွန်လ ၁၁ရက်။ ကေအိုင်စီ
နယ်စပ်ကုန်သွယ်လမ်း ဖြစ်သည့် မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင်မိုးရွာပြီးမြေပြိုသဖြင့် ကုန်ပစ္စည်းတင်ဆောင် သည့်ကားများနှင့် ခရီးသည်တင်ကားများ လမ်းပိတ်ခဲ့ရကြောင်း မြဝတီမြို့ခံများက ပြောသည်။
တောင်ပေါ်ကားလမ်း တစ်တောင်ကွေ့တစ်နေရာ (Photo - KIC)
“ကားလမ်းက အလယ်ဘိုတဲနားက ချောက်ကမ်းပါးနေရာမှာ မြေပြိုတာလေ။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ ဒီနေ့ ကားတန်းက အဆင်းနေ့ဆိုတော့...
အဖွဲ့ကြီး (၁၇)ဖွဲ့တဲ့လား
(တူမောင်ညို)
(၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ဝ ရက် )
ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးက ဆီနိတ်တာဂျွန်မက်ကိန်းနဲ့ တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီး စုစုပေါင်း အဖွဲ့ကြီး (၁၇)ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များအနက် (၃)ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကို...





