Home ထိပ်တန်းသတင်း ‌ဖောက်ခွဲ၊ ပစ်ခတ်မှုများ‌ကြောင့် ဘုရားသုံးဆူတွင် စစ်‌ဆေး‌ရေး ပိုမိုတင်းကြပ်ထား

‌ဖောက်ခွဲ၊ ပစ်ခတ်မှုများ‌ကြောင့် ဘုရားသုံးဆူတွင် စစ်‌ဆေး‌ရေး ပိုမိုတင်းကြပ်ထား

1638
ဇွန်လ ၂၁ရက်။ ‌ကေအိုင်စီ

ဘုရားသုံးဆူမြို့‌ပေါ်တွင် ဗုံး‌ပေါက်ကွဲမှုနှင့် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီး‌နောက် စစ်တပ်မှ လုံခြုံ‌ရေး တိုးချဲ့ထားရုံသာမက ယမန်‌နေ့ နံနက်မှစ၍ စစ်‌ဆေးမှုများပါ ပိုမို တင်းကြပ်ထား‌ကြောင်း မြို့ခံများက ‌ပြောသည်။

“မ‌နေ့မနက်က‌နေစပြီး‌တော့ စစ်‌ဆေးမှု‌တွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သား‌တွေကြီးပဲ။ ကား‌တွေ ဆိုင် ကယ်‌တွေ အကုန်စစ်တယ်။ လမ်းသွားလာ‌နေတုန်း မသကင်္ာသူ‌တွေကို ‌တွေ့ရင် ‌ခေါ်ယူစစ်‌ဆေးပြီး အချို့ကို ပြန်လွှတ်‌ပေးလိုက် တာရှိ‌ပေမဲ့ အချို့ကို‌တော့ ‌ခေတ္တခဏ ထိန်းသိမ်းထားတာလည်း ရှိတယ်။”ဟု မြို့ခံတစ်ဦးက ‌ပြောသည်။

ယင်းသို့ စစ်‌ဆေးမှုများကို စစ်တပ်မှ လုပ်‌ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် မနက်ပိုင်းမှစ၍ ညပိုင်း ၁၁နာရီအထိ ဖြစ်‌ကြောင်းလည်း အဆိုပါ မြို့ခံများက ‌ပြောဆို‌နေကြသည်။

သူကပင် “အခု အ‌တော့်ကို အစစ်အ‌ဆေးလုပ်‌နေတယ်။ ဆိုင်ကယ်‌တွေကို ‌ဖောက်ခွဲပစ္စည်း ရှိမရှိကြည့်ပြီးမှ ‌ပေးသွားတယ်။ စစ် ‌ဆေးတဲ့‌နေရာ‌တွေက‌တော့ လမ်းသွယ်၊ လမ်းကြား အကုန်လုံးပါပဲ။ စစ်‌ဆေးတာက ယူနီ‌ဖောင်းဝတ်ထားတဲ့ စစ်သား‌တွေချည်းပဲ။” ဟု ဆက်လက် ‌ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် အမည်မသိ ‌သေနတ်သမားတစ်စု ဝင်‌ရောက်‌ဖောက်ခွဲပြီး‌နောက် မြို့‌ပေါ်နှင့် မြို့ပြင်ရှိ ‌နေရာအ‌တော်များများ မှာ စစ်တပ်မှ လုံခြုံ‌ရေး တိုးချဲ့ထားပြီး ယခုလို စစ်‌ဆေးမှုပါ တင်းကြပ်လာခြင်း ဖြစ်သည်။

“တမြို့လုံးက နဂိုကတည်းက ‌ကြောက်‌နေကြတယ်‌လေ။ တချို့က ‌ပြောင်း‌ရွှေ့ကုန်ပြီ။ ဒီကြားထဲမှာ စစ်‌ဆေးမှုကပါ လုပ်လာ‌တော့ သွားလာကြဖို့လည်း ‌ကြောက်လာကြတယ်။ အခန့်မသင့်လို့ ကိုယ်ပါ ပါသွားနိုင်တယ်။ အ‌ခြေအ‌နေက တ‌နေ့တခြား မ‌ကောင်းလာ ဘူးဖြစ်‌နေတယ်။ ‌ဒေသခံ‌တွေက‌တော့ ပိုပြီး‌တော့ ‌ကြောက်လာ‌နေကြတာ‌ပေါ့။”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ‌ပြောသည်။

(ဇွန်လ ၁၄ရက်‌နေ့က ပစ်ခတ်မှု‌ကြောင့် ပျက်စီးသွားခဲ့သည့် ဘုရားသုံးဆူမြို့‌ပေါ်မှ ကားတစ်စီး)
ဘုရားသုံးဆူမြို့‌ပေါ်တွင် ဗုံး‌တွေ့ရှိမှု၊ ဗုံး‌ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုပြဿနာများ မကြာခဏ ဖြစ်‌ပေါ်‌နေခဲ့သည့်အတွက် အာဏာပိုင် များအ‌နေဖြင့် ယခုလို စစ်‌ဆေးရခြင်းဖြစ်သလို ‌နောက်ထပ် ပစ်ခတ်‌ဖောက်ခွဲမှုများ ထပ်ရှိလာနိုင်သည်ဟု ‌ကောလဟလသတင်းများ ထွက်‌ပေါ်‌နေသဖြင့် အာဏာပိုင်များက ယခုလို စစ်‌ဆေးမှုပါ တင်းကြပ်လာခြင်းဖြစ်‌ကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က ‌ပြောဆို‌နေကြသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူ မြို့‌ပေါ်နှင့် မြို့အပြင်ဘက်ရှိ ‌နေရာများတွင် အစိုးရတပ် ခလရ(၂၈၃၊) ခမရ(၅၆၆)နှင့် ခမရ(၅၆၃) တပ်များ လုံခြုံ‌ရေး ယူထားလျှက်ရှိသည့်အပြင် မြို့ပြင်မြို့စွန်‌နေရာများ၌ ‌နေထိုင်ကြသူများအား မြို့တွင်းသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ရန် စစ်တပ်မှ အမိန့်‌ပေးထားသည်ဟု သိရသည်။

ဇွန်လ ၁၄ရက်‌နေ့က ဘုရားသုံးဆူမြို့လယ်ရှိ စီးပွား‌ရေးလုပ်ငန်းရှင် ဦး‌အောင်တင်ဝင်း‌နေအိမ် ‌ဈေးဆိုင်ကို အမည်မသိ ‌သေနတ်သ မားတစ်စု ဝင်‌ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၅ရက်‌နေ့ကလည်း မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင် ၄ဦးလည်း စရဖရုံးကို ဝင် ‌ရောက်ပစ်ခတ်ခဲ့သည်။