Hay Htoo
ကရင်ပြည်နယ်ရှိ ကရင်ငြိမ်း ချမ်းရေးကော်မတီ KNU နှင့် တွေ့ဆုံ
ဒီဇင်ဘာလ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဘားအံမြို့ အခြေစိုက် ကရင်ငြိမ်းချမ်းရေး ကော်မတီ-KPC နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့သည် ဒီဇင်ဘာလ ၇ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက် ၍တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် KNU ဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် အပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင်...
၂၀၁၁ခုနှစ် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရှင်ကို စတင် အဆိုတင်သွင်းနိုင်ပြီ
ဒီဇင်ဘာလ ၈ရက်။ နန်းသူးလေ (ကေအိုင်စီ)
ပဒိုမန်းရှာ လူငယ်ခေါင်းဆောင် ဆုကို ၂၀၁၁အတွက် ဆုရှင်များကိုစတင် အဆိုတင်သွင်းနိုင်ပြီဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်း (Phan Foundation) မှ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။
အဆိုပါဆုမှာ အသက် ၃၅နှစ်ထက် မကျော်လွန်သေးသူ ကရင်လူငယ်များကို အဆိုတင်သွင်းနိုင်ပြီး ၎င်းတို့၏ အသက်၊ နေထိုင်ရာဒေသ၊...
ကချင်ဒေသတွင် တိုက်ပွဲပြင်းထန်ပြီး ဒုက္ခသည်များလာဆဲ
ဒီဇင်ဘာလ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကချင်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်-KIA နှင့်မြန်မာစစ်တပ် တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန် လျှက်ရှိပြီး စစ်ကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ပြေးဒုက္ခသည်ဦးရေလည်း ပို၍ များပြားလာသည်ဟု KIA က ယနေ့ ပြောကြားလိုက်သည်။
KIA သည် နိုဝင်ဘာလ...
ပြောင်းလဲမှုများမှသည် ပြုပြင်မှုများဆီသို့
အယ်ဒီတာ့အာဘော်
အရာဝတ္ထုတစ်ခု၊ ဥတုရာသီနှင့် လောကီလူသားများအကြား ဖြစ်ပျက်ပြောင်းလဲမှုများမှာ တစ်သမတ်တည်း တည်ငြိမ်၍မနေ။ ဖြစ်ပြန် ပျက်ပြန် လောကဓံဟူသော စကားအရ မိသားစုတခုတွင်း၊ လူမှုအဖွဲ့အစည်းအတွင်း၊ မြို့ရွာများအတွင်း၊ တိုင်းပြည် တခုအတွင်း ဖြစ်ပျက်မှု၊ ပြောင်းလဲမှုများကလည်း အဆိုးနှင့် အကောင်း ဒွန်တွဲကာ အစဉ်သဖြင့် ဖြစ်ပေါ်လေ့ရှိသည်။
ယခုလည်း အရပ်သားအစိုးရ အမည်ခံသည့်...
ငြိမ်းချမ်းရေးဖိတ်ခေါ်နေသော်လည်း အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေဆဲ
ဒီဇင်ဘာလ ၈ရက်၊ ၂၀၁၁ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ
မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် ကရင်အမျိုးသားအစည်း (ကေအဲန်ယူ)အား ငြိမ်းချမ်းရေး ကမ်းလှမ်းဆွေးနွေးမှု များ လုပ်ဆောင်နေသော်လည်း ယခုတလော ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည် ဟု ကေအဲန်ယူဘက်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဖက်ငြိမ်းချမ်းရေး...
ကွတ်ခိုင်မြို့နယ်တွင် ဗုံးပေါက်ကွဲ၍ အစိုးရတပ်ဖွဲ့ ၇ဦး ထိခိုက်သေဆုံး
ဒီဇင်ဘာလ ၇ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ရွာအနီးတွင် ယမန်နေ့က ဗုံး ၂လုံးပေါက်ကွဲခဲ့ရာ အဆိုပါဒေသတွင် လှုပ် ရှားနေသည့် မြန်မာအစိုးရ စစ်တပ်၃ဦးကျဆုံး ခဲ့ပြီး ၄ဦးဒဏ်ရာရရှိ သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယခုလ ဒီဇင်ဘာ ၅ရက် မွန်းလွဲပိုင်း ၂နာရီ ၄၅မိနစ်အချိန်တွင်...
ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး -ODA မကူညီမီ ကွင်းဆင်းလေ့လာမှု ဂျပန် ကြိုလုပ်သင့်
ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတ(ဘီလူးချောင်း) အမှတ်-၂ ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် မြန်မာအစိုးရအား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ-ODA မပေးမီ ထိုဒေသကို ကွင်းဆင်းလေ့လာမှု ကြို လုပ်သင့်ကြောင်း ဂျပန်အစိုးရအား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP က ယနေ့ တိုက်တွန်းလိုက်သည်။
အမှတ်-၂ လောပိတရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးကာလအတွင်း...
“ထာဝရ ငြိမ်းချမ်းရေး” ဆိုတာ လက်နက်စွန့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲဝင်ဖို့ဖြစ်တယ်
(တူမောင်ညို)
၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ ၆ရက်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ပြောတဲ့ “ထာဝရငြိမ်းချမ်းရေး”ဆိုတာ “လက်နက်စွန့် ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကို ဝင်လာဖို့ပဲဖြစ်တယ်”
နိုဝင်ဘာလ ၁၉ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းစာသမားတွေနဲ့တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က “ထာဝရ ငြိမ်းချမ်းရေး” ရဲ့အဓိပ္ပါယ်ကို အဲဒီလိုပြောခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသား...
၅၂နှစ်ပြည့်ဒေါက်တာ စင်သီယာမောင် မွေးနေ့အခမ်း အနား ကျင်းပပြီးစီး
ဒီဇင်ဘာလ ၆ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ Children Development Center(CDC) ကျောင်းတွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေါက်တာ စင်သီယာမောင်၏ (၅၂)နှစ်ပြည့် မွေးနေ့ပွဲကို ယနေ့မနက်တွင်စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မွေးနေ့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီကျော်တွင် CDC ကျောင်းသူကျောင်းသားများ၏...
ကချင်စစ်ဘေးသင့် ဒုက္ခသည် များကို ပရဟိတကွန်ယက်အဖွဲ့ သွားရောက်ကူညီ
ဒီဇင်ဘာလ ၆ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲကြောင့် နယ်မြေလုံခြုံမှုမရှိသော စစ်ဘေးသင့်ဒေသများရှိ ကလေးလူငယ်များ အပါအဝင် ဒုက္ခ သည်များကို လူသားချင်း စာနာမှု အကူအညီများ ထောက်ပံ့ရန် မန္တလေးမြို့ရှိ ပရဟိတလုပ်ငန်းများဆောင်ရွက်နေ သည့်အဖွဲ့ ၁၁ခုက ဒီဇင်ဘာလ ၄ရက်နေ့တွင် သွားရောက်ကူညီခဲ့သည်။
၎င်းအဖွဲ့ ၁၁ဖွဲ့ စုပေါင်းထားသည့်...





