Home ဆောင်းပါး “ထာဝရ ငြိမ်းချမ်း‌ရေး” ဆိုတာ လက်နက်စွန့်ပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်ထဲဝင်ဖို့ဖြစ်တယ်

“ထာဝရ ငြိမ်းချမ်း‌ရေး” ဆိုတာ လက်နက်စွန့်ပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်ထဲဝင်ဖို့ဖြစ်တယ်

2177
(တူ‌မောင်ညို)
၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ ၆ရက်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌တွေနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်‌ပြောတဲ့ “ထာဝရငြိမ်းချမ်း‌ရေး”ဆိုတာ “လက်နက်စွန့် ပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်ထဲကို ဝင်လာဖို့ပဲဖြစ်တယ်”

နိုဝင်ဘာလ ၁၉ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းစာသမား‌တွေနဲ့‌တွေ့ဆုံရာမှာ သမ္မတဦးသိန်းစိန်က “ထာဝရ ငြိမ်းချမ်း‌ရေး” ရဲ့အဓိပ္ပါယ်ကို အဲဒီလို‌ပြောခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာ နိုင်ငံ‌ရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်‌ကြောင့် အကျဉ်းကျခံ‌နေရသူ‌တွေ မရှိဘူးလို့လည်း ခပ်တင်းတင်း ‌ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ဒီက‌နေ့ သမ္မတဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရရဲ့ အဓိက ရည်မှန်းချက်ကလည်း ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)ကို လက်ခံဖို့နဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်ထဲဝင်လာဖို့ပဲ ဖြစ်တယ်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) က‌တော့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)‌ဘောင်ထဲ ဝင်သွားခဲ့ပြီး မကြာမီ ကျင်းပနိုင်ဖွယ် ရှိတဲ့ ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှု‌တွေကို လုံးပမ်း‌နေကြပြီ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း‌တွေနဲ့ ပဏာမသ‌ဘောတူညီချက် လက်မှတ်‌ရေးထိုးနိုင်ခဲ့တာ စုစု‌ပေါင်း (၄)ဖွဲ့ ရှိပါပြီ။

“ဝ”အထူး‌ဒေသ (၂) ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ရက်
မိုင်းလားအဖွဲ့ အထူး‌ဒေသ (၄) ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၇ရက်
DKBA ‌စောလားပွယ်အဖွဲ့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ရက်
RCSS- SSA ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်

အထက်မှာ ‌ဖေါ်ပြထားတဲ့ ပဏာမသ‌ဘောတူညီချက် လက်မှတ်‌ရေးထိုးခဲ့တဲ့ အဖွဲ့ (၄) ဖွဲ့အနက် “ဝ” အထူး‌ဒေသ(၂) နဲ့ မိုင်း လားအဖွဲ့ အထူး‌ဒေသ(၄)တို့ဟာ ဦးသိန်းစိန်အစိုးရအဖွဲ့က ဖွဲ့စည်း‌ပေးတဲ့ ဦး‌အောင်‌သောင်း ‌ခေါင်း‌ဆောင်တဲ့ (ပြည်‌ထောင်စု အဆင့်) ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့နဲ့ ပထမအကြိမ် ‌ဆွေး‌နွေးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

ယခုအချိန်အထိ သ‌ဘောတူညီချက် တစုံတရာ မရရှိ‌သေး‌သော်လည်း ‌အောက်ပါအဖွဲ့အစည်းများနဲ့ ပဏာမ‌တွေ့ဆုံမှု‌တွေ၊ ‌ဆွေး‌နွေးမှု‌တွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

KNU ၂၀၁၁ ခုနှစ်၊ ‌အောက်တိုဘာလ ၁၀/ နိုဝင်ဘာ ၁၉ -၂ဝ ရက်
NMSP ၂၀၁၁ ခုနှစ်၊ ‌အောက်တိုဘာလ ၁၆ ရက်
SSA- SSPP ၂၀၁၁ ခုနှစ်၊ ‌အောက်တိုဘာလ ၂၉ ရက်
KIO ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

ပဏာမသ‌ဘောတူညီချက်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်း‌တွေအ‌နေနဲ့ ‌လော‌လောဆယ် ပစ်ခတ်‌နေတာ‌တွေကို ရပ်စဲဖို့နဲ့ သတ်မှတ်ထားတဲ့‌နေရာမှာ အ‌ခြေချ‌နေ‌ရေးသာလျှင် ဖြစ်တယ်။

ဒီအဆင့်အထိ‌တော့ မည်သည့်အဖွဲ့နှင့်မဆို အဆင်‌ပြေနိုင်မယ်လို့ ယူဆရပါတယ်။ ဒါ‌ကြောင့် မကြာခင်မှာ အခြား‌သော လက် နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အခတ်ရပ်စဲတာ‌တွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

ပဏာမသ‌ဘောတူညီချက်ထက် ပိုအ‌ရေးကြီးတာက “ထာဝရငြိမ်းချမ်း‌ရေးအဆင့်”ကို တက်လှမ်းသွားနိုင်ဖို့ကိစ္စပဲ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် ဘာလီမှာ ‌ပြောထားတဲ့ သ‌ဘောထားက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း‌တွေအ‌နေနဲ့ လက်နက် စွန့်ပြီး အ‌ခြေခံ ဥပ‌ဒေ‌ဘောင်ထဲဝင်ဖို့သာလျှင် ဖြစ်ပါတယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရက ‌ပြော‌နေတဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးဆိုတာကလည်း လက်နက်ဘယ်လိုစွန့်မလဲဆိုတာနဲ့ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲကို ဘယ်လိုဝင်ကြမလဲဆိုတာကို ‌ဆွေး‌နွေးကြဖို့ ဖြစ်ပါတယ်။

အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးဆိုတာကိုလည်း အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲ အရင်ဝင်ပြီးမှ ပြင်ဆင်နိုင်တယ်လို့ ‌ပြော‌နေတာ ဖြစ်ပါ တယ်။ ဒီ‌တော့ အဓိကအချက်က “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်”ထဲဝင်‌ရေးသာလျှင် ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)” ကိုလက်ခံလိုက်ပြီ၊ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်”ထဲဝင်သွားပြီဆိုရင် လက်နက် စွန့်‌ရေးကိစ္စက မခက်‌တော့ပါဘူး။ လက်နက်စွန့်ပွဲ အခမ်းအနားလုပ်မယ့်‌နေ့ရက် ‌ရွေးဖို့သာ ကျန်ပါလိမ့်မယ်။

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)၊ အခန်း(၇) တပ်မ‌တော်၊ ပုဒ်မ (၃၃၈)မှာ အခုလို ပြဋ္ဌာန်းထားပါတယ်။
“နိုင်ငံ‌တော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မ‌တော်ကွပ်ကဲမှု‌အောက်တွင်ရှိရမည်” ဟူ၍ ဖြစ်ပါတယ်။
ဒါ‌ကြောင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)ကို လက်ခံလိုက်ပြီဆိုရင် မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း မဆို “တပ်မ‌တော်ရဲ့ ကွပ်ကဲမှု‌အောက်”ကို အလိုအ‌လျောက် ‌ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ထာဝရငြိမ်းချမ်း‌ရေးယူမလား/မယူဘူးလားဆိုတဲ့ ‌မေးခွန်းဟာ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)ကို လက်ခံမလား/ လက်မခံဘူး လား”၊ “ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်ထဲ ဝင်မလား/မဝင်ဘူးလား” ဆိုတာနဲ့ အဓိပ္ပါယ်အတူတူပဲ ဖြစ်ပါတယ်။

အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲလည်း မဝင်နိုင်ဘူး၊ လက်နက်လည်း မစွန့်နိုင်ဘူးဆိုရင်‌တော့ စစ်ပြန်တိုက်ကြရုံသာ ရှိပါလိမ့်မယ်။

ဒီလိုပြန်တိုက်ကြမယ်ဆိုရင်လည်း သမ္မတဦးသိန်းစိန်က KIO အဖွဲ့ကို ရည်ညွန်းပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်း သမား‌တွေကို အခုလို ထည့်သွင်း‌ပြောသွားပါတယ်။ ဒါဟာ KIO တစ်ဖွဲ့ထဲအတွက် ကွက်ပြီး‌ပြောတာ မဟုတ်ပါဘူး။

လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းအားလုံးကို ရည်ညွန်းပြီး ‌ပြောသွားတဲ့စကား ဖြစ်ပါတယ်။

“ကျွန်‌တော်တို့ သူတို့ကို အပြတ်‌ပြောထားတယ်။ ခင်ဗျားတို့ကို တိုက်လို့ ရှိရင် ရက်ပိုင်း နာရီပိုင်း တိုက်လို့ရတယ်”
အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) က‌တော့ “‌လေးစားလိုက်နာပါမယ်” ဆိုတဲ့ ပြင်ဆင်‌ပေးတဲ့လမ်း‌ပေါ်က‌နေ “ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ (၂၀၀၈) ‌ဘောင်”ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေက‌ရော ဘယ်လိုပြင်ဆင်မှု‌တွေ‌တောင်းဆိုမှာလဲ။
အကယ်၍ ‌တောင်းဆိုတဲ့အတိုင်း ပြင်ဆင်‌ပေးလာခဲ့မယ်ဆိုရင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈) ‌ဘောင်ထဲကိုဝင်မှာလား။
အကယ်၍ ‌တောင်းဆိုထားတဲ့အတိုင်း ပြင်ဆင်မ‌ပေးခဲ့ဘူးဆိုရင်‌ရော ဘာဆက်လုပ်ကြမလဲ။

(UNFC)ရဲ့မူတစ်ခုဖြစ်တဲ့ တိုင်းရင်းသားအင်အားစုများ အားလုံးနဲ့ တစုတစည်းထဲ နိုင်ငံ‌ရေးအရ တန်းတူရည်တူ ‌တွေ့ဆုံ‌ဆွေး ‌နွေး‌ရေးကိုလည်း ဦးသိန်းစိန် အစိုးရက ပယ်ချထားတယ်။

စစ်ဟာ နိုင်ငံ‌ရေးရဲ့အဆက်ဖြစ်တယ် ဆိုတဲ့စကားအတိုင်း၊ ပြည်တွင်းစစ်ပြဿနာဟာလည်း နိုင်ငံ‌ရေးပြဿနာ‌တွေကို လွတ် လပ်‌ရေးရကတည်းက အာဏာရအစိုးရအဆက်ဆက်ဟာ နိုင်ငံ‌ရေးနည်းနဲ့ မှန်မှန်ကန်ကန် မ‌ဖြေရှင်းနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစု‌တွေ လက်နက်ကိုင်‌တော်လှန်‌ရေး လုပ်ခဲ့ကြတာကလည်း လူမျိုးတိုင်း နိုင်ငံ‌ရေးအရ တန်းတူ‌ရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ မရရှိခဲ့ကြလို့ ဖြစ်တယ်။

ဒီအ‌ခြေခံပြဿနာကို မ‌ဖြေရှင်းလို၊ မ‌ဖြေရှင်းနိုင်ဘဲ လက်ရှိ စစ်တစ်ပိုင်းအစိုးရရဲ့ “တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲ‌ရေး”၊ “ထာဝရငြိမ်းချမ်း‌ရေး”ဆိုတဲ့ ‌ကြွေး‌ကြော်သံ‌တွေ၊ စကားလုံး‌တွေဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဒီလိုအ‌ခြေအ‌နေမှာ တိုင်းရင်း သား လက်နက်ကိုင်အင်အားစု‌တွေအ‌နေနဲ့ လက်နက်စွန့်ကြမယ်ဆိုရင် သူတို့ရဲ့ နိုင်ငံ‌ရေးအဆင့်‌နေရာ ‌ပျောက်ဆုံးသွားပြီး သူတို့ နိုင်ငံ‌ရေးရည်မှန်းချက်‌တွေ ‌ရေစုန်‌မျောသွားဖို့သာ ရှိပါတယ်။

ကိုးကားအညွှန်း
မြန်မာ့အလင်းသတင်းစာ (၉ စက်တင်ဘာ ၂၀၁၁)
မြန်မာ့အလင်းသတင်းစာ (၄၊ ၁၁ ‌အောက်တိုဘာ ၂၀၁၁)
မြန်မာ့အလင်းသတင်းစာ (၅ နိုဝင်ဘာ ၂၀၁၁)
KIC (၁၁ နိုဝင်ဘာ ၂၀၁၁)
KIC (၂၁ နိုဝင်ဘာ ၂၀၁၁)
လွတ်လပ်‌သော မွန်သတင်း‌အေဂျင်စီ (၁၂ နိုဝင်ဘာ)
မြန်မာ့အလင်းသတင်းစာ (၁၊ ၄ ဒီဇင်ဘာ ၂၀၁၁)
ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈)