Home သတင်း ကွတ်ခိုင်မြို့နယ်တွင် ဗုံး‌ပေါက်ကွဲ၍ အစိုးရတပ်ဖွဲ့ ၇ဦး ထိခိုက်‌သေဆုံး

ကွတ်ခိုင်မြို့နယ်တွင် ဗုံး‌ပေါက်ကွဲ၍ အစိုးရတပ်ဖွဲ့ ၇ဦး ထိခိုက်‌သေဆုံး

1791
ဒီဇင်ဘာလ ၇ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

သျှမ်းပြည်နယ်‌မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ရွာအနီးတွင် ယမန်‌နေ့က ဗုံး ၂လုံး‌ပေါက်ကွဲခဲ့ရာ အဆိုပါ‌ဒေသတွင် လှုပ် ရှား‌နေသည့် မြန်မာအစိုးရ စစ်တပ်၃ဦးကျဆုံး ခဲ့ပြီး ၄ဦးဒဏ်ရာရရှိ သွားခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယခုလ ဒီဇင်ဘာ ၅ရက် မွန်းလွဲပိုင်း ၂နာရီ ၄၅မိနစ်အချိန်တွင် လားရှိုးဘက်မှ တက်လာသည့် အင်အား ၃ဝခန့်ရှိ ခမရ(၅၂၂)၊ ခမရ(၅၀၇) တပ်ရင်းသည် မန်ဘန်ရွာအနီးရှိ ဆီဆိုင်နားအ‌ရောက်တွင် ဗုံး ၂လုံး ဆက်တိုက် ‌ပေါက်ကွဲခဲ့ရာ ထိုတပ်ရင်းနှစ် ရင်းမှ ဗိုလ်ကြီး ၁ဦး၊ ဒုဗိုလ် ၁ဦး၊ တပ်ကြပ် ၁ဦး ကျဆုံးကာ တပ်သား ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်‌သေ ‌ဒေသခံ တစ်ဦးက ‌ပြောသည်။

၎င်းက “သူတို့စစ်သား‌တွေ ကားနဲ့တက်လာတာ ဗုံးရှိတဲ့‌နေရာလည်း ‌ရောက်‌တော့ ထ‌ပေါက်‌တော့တာပဲ။ အုံးခနဲ မြည်သံ ကြားလိုက်ရတယ်။ တစ်လုံး အရင်‌ပေါက်ပြီးမှ ‌နောက်တစ်လုံးက ‌ရှေ့ဆင့်‌နောက်ဆင့် ‌ပေါက်တာ”ဟု ‌ပြောသည်။

ယခု‌ပေါက်ကွဲခဲ့သည့် ဗုံးမှာ လက်လုပ်ဗုံးဟု ခန့်မှန်းရ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုကြသည်။

သို့‌သော် ‌ပေါက်ကွဲသွားသည့် ဗုံးနှစ်လုံးသည့် မည်သည့်အဖွဲ့က ‌ထောင်ထား‌ကြောင်း မသိ‌သေး‌သော်လည်း အဆိုပါ‌ဒေသတွင် ကချင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA၊ SSA သျှမ်းပြည်‌မြောက်ပိုင်းတပ်နှင့် မြန်မာအစိုးရတပ်များ သွားလာလှုပ် ရှားလျှက်ရှိသည်ဟု သိရသည်။