Home သတင်း ၂၀၁၁ခုနှစ် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုရှင်ကို စတင် အဆိုတင်သွင်းနိုင်ပြီ

၂၀၁၁ခုနှစ် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုရှင်ကို စတင် အဆိုတင်သွင်းနိုင်ပြီ

1722
ဒီဇင်ဘာလ ၈ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင် ဆုကို ၂၀၁၁အတွက် ဆုရှင်များကိုစတင် အဆိုတင်သွင်းနိုင်ပြီဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း (Phan Foundation) မှ ယမန်‌နေ့က ထုတ်ပြန်‌ကြေညာလိုက်ပြီ ဖြစ်သည်။

အဆိုပါဆုမှာ အသက် ၃၅နှစ်ထက် မ‌ကျော်လွန်‌သေးသူ ကရင်လူငယ်များကို အဆိုတင်သွင်းနိုင်ပြီး ၎င်းတို့၏ အသက်၊ ‌နေထိုင်ရာ‌ဒေသ၊ သက်ဆိုင်ရာလုပ်ငန်းများအပြင် မည်သည့်အ‌ကြောင်း‌ကြောင့် လူငယ်‌ခေါင်း‌ဆောင်ဆုကို ရရှိထိုက်သူဖြစ် ‌ကြောင်း အဆိုတင်သွင်းရာတွင် ‌ဖော်ပြ‌ပေးရမည် ဖြစ်သည်။
ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို ကရင်လူမှုအဖွဲ့အစည်းအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေးနှင့် ယဉ်‌ကျေးမှုလုပ် ငန်းများတွင် စွမ်းစွမ်းတမံ လုပ်ကိုင်‌ဆောင်ရွက်‌နေသည့် ပြည်တွင်းပြည်ပရှိ ကရင်လူငယ်များကို ဒီဇင်ဘာ ၃၁ရက်‌နေ့ ‌နောက် ဆုံးထား၍ စာရင်း‌ပေးသွင်းနိုင်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်း၏ ‌ကြေညာချက်တွင် ထည့်သွင်း‌ဖော်ပြထားသည်။

ယခင်က ဆုရှင်များကို ဇန်နဝါရီလ ၃၁ရက်‌နေ့(ကရင်‌တော်လှန်‌ရေး‌နေ့)တွင် ဆု‌ပေးအပ်သွားမည်ဟု သတ်မှတ်ထားခဲ့‌သော် လည်း ယခုနှစ်တွင် ဖန်းညီအစ်ကို‌မောင်နှမများ၏ အချိန်အခက်အခဲ‌ကြောင့် ထိုဆုကို ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ‌နောက်ဆုံး ထားကာ တင်သွင်းရမည်ဖြစ်ပြီး ဆုရှင်များကို လာမည့် ၂၀၁၂ ခုနှစ် နဝမအကြိမ်‌မြောက် Karen Unity Seminar တွင် ‌ပြောင်း လဲ‌ပေးအပ်သွားမည်ဟု ဖန်း‌ဖောင်‌ဒေးရှင် တည်‌ထောင်သူတဦးဖြစ်သည့် ‌စော‌စေး‌စေးဖန်းက ‌ပြောသည်။

ထိုဆုရရှိသူ လူငယ်အား ဖန်း‌ဖောင်‌ဒေးရှင်းမှ ဂုဏ်ပြုလက်မှတ်နှင့် အ‌မေရိကန် ‌ဒေါ်လာ ၂,၀၀ဝ ‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

၎င်းဆုကို ၂၀၀၈ခုနှစ်တွင် ‌ညောင်‌လေးပင်ခရိုင်မှ လူထုအကျိုးပြုလုပ်ငန်း လုပ်‌ဆောင်‌နေသူ ‌နော်‌ဖောကဘလာထူး၊ ၂၀၀၉ ခုနှစ်တွင် ဖာပွန်ခရိုင်မှ ကျန်းမာ‌ရေးမှူး ‌စောညွှန့်ဝင်းနှင့် ၂၀၁ဝခုနှစ်တွင် ဘိတ်-ထားဝယ်ခရိုင်မှ ကျန်းမာ‌ရေးဝန်ထမ်း ‌နော်ဒီဇင် ဘာ‌ဖောတို့အား အသီးသီး ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

လက်ရှိအချိန်တွင် ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု ရရှိခဲ့ပြီးသူ သုံးဦးမှာ မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် လုပ် ‌ဆောင်‌နေမှုအတွက် များစွာ အားရမိ‌ကြောင်း ‌စော‌စေး‌စေးဖန်းက ယခုလို ‌ပြောသည်။

“လူငယ်‌ခေါင်း‌ဆောင်ဆုကို ရရှိသွားကြတဲ့ သုံးဦးစလုံးက အခု သူတို့ရဲ့ သက်ဆိုင်ရာ ဌာနအသီးသီးမှာ ‌နေပူမ‌ရှောင်၊ မိုးရွာမ ‌ရှောင်ပဲ ကိုယ်ကျိုးစွန့်ပြီး ကျ‌နော်တို့ လူမျိုးအတွက် အစွမ်းကုန် ကြိုးစား‌နေတာ ‌တွေ့ရတဲ့အတွက် အရမ်းပဲ အားတက်မိပါ တယ်”ဟု ‌ပြောသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် လုပ်ကြံခံခဲ့ရသည့် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း၏ သားသမီးများဖြစ်ကြသည့် ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်းတို့မှ မိခင် နမ့်ကျင်‌ရွှေနှင့် ဖခင် မန်းရှာလားဖန်းတို့အတွက် ရည်စူးကာ ထို‌နေ့တွင်ပင် စတင် တည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆု အဆိုတင်သွင်းရန်အတွက် Email:bwaba.pan@phanfoundation.org, phone: +4477 39872481, Website: www.phanfoundation.org သို့ ဆက်သွယ်နိုင်သည်။