Home သတင်း ကချင်‌ဒေသတွင် တိုက်ပွဲပြင်းထန်ပြီး ဒုက္ခသည်များလာဆဲ

ကချင်‌ဒေသတွင် တိုက်ပွဲပြင်းထန်ပြီး ဒုက္ခသည်များလာဆဲ

1824
ဒီဇင်ဘာလ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်‌ဒေသတွင် ကချင်လွတ်‌မြောက်‌ရေး တပ်မ‌တော်-KIA နှင့်မြန်မာစစ်တပ် တို့အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန် လျှက်ရှိပြီး စစ်‌ကြောင့် ‌နေအိမ်စွန့်ခွာ ထွက်‌ပြေးရသည့် စစ်‌ပြေးဒုက္ခသည်ဦး‌ရေလည်း ပို၍ များပြားလာသည်ဟု KIA က ယ‌နေ့ ‌ပြောကြားလိုက်သည်။

KIA သည် နိုဝင်ဘာလ ၂၉ရက်‌နေ့၌ တရုတ်နိုင်ငံ ‌ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သော်လည်း တိုက်ပွဲ များဆက်ဖြစ်ကာ ယခု ဒီဇင်ဘာလ တစ်ပတ်တာအတွင်း သိသားထင်ရှားသည့် တိုက်ပွဲကြီး‌ပေါင်း ၆၂ပွဲရှိပြီး ယခင် ဒုက္ခသည်ဦး‌ရေ ၃၀,၀၀၀(သုံး‌သောင်း)ခန့် ရှိရာမှ ယခုဆိုလျှင် ၃၅,၀၀၀(သုံး‌သောင်းငါး‌ထောင်)ရှိသွားပြီဖြစ်သည်ဟု KIA ဘက်က ‌ပြောသည်။

“တိုက်ပွဲက‌တော့ အမြဲပြင်းထန်တာပဲ။ ဒီလ တစ်ပတ်တည်းမှာ တိုက်ပွဲ‌ပေါင်း ၆၀‌ကျော်တယ်။ ဒါ‌တောင် လက်လှမ်းမမီတဲ့ ‌နေရာ‌တွေ ရှိ‌သေးတယ်။ ဒုက္ခသည်က‌တော့ ‌နေ့စဉ်များလာတယ်။ အများဆုံး ရှိတဲ့‌နေရာက တရုတ်-(မြန်မာ)နယ်စပ်မှာ။ ‌နောက် KIA ထိန်းချုပ်နယ်‌မြေ လိုင်ဇာနဲ့ တပ်မဟာ-၃ (မိုး‌မောက်မြို့နယ်)မှာ များတယ်။ အခု‌ပြောတဲ့ ဒုက္ခသည်ဦး‌ရေ‌တွေဟာ တရုတ်ပြည်ကို ဝင်သွားတဲ့ ဒုက္ခသည်နဲ့ လက်လှမ်းမမီတဲ့‌နေရာက မပါ‌သေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကချင်ပြည်နယ် မိုး‌မောက်မြို့နယ်ရှိ KIA တပ်မဟာ(၃) နှင့် မိုးညှင်းမြို့နယ် တပ်မဟာ(၅)ဘက်အခြမ်းတွင် ‌နေ့စဉ်လိုလို တိုက်ပွဲ ပြင်းထန်လျှက်ရှိပြီး မြန်မာစစ်တပ်မှ တပ်ရင်း ၁၀၀‌ကျော်ဖြင့် ၎င်းတို့ကို တိုက်ခိုက်‌နေသည်ဟု KIA ဘက်က ‌ပြော သည်။

ဆက်လက်၍ ဦးလနန်က “ကချင်ပြည်နယ်အတွင်းနှင့် သျှမ်းပြည်‌မြောက်ပိုင်း နဂို ၉၀‌ကျော်ရှိတယ်။ တပ်မများ ထပ်တက်လာ တဲ့အတွက် ‌ပေါင်းလိုက်ရင် ၁၀ဝ ‌ကျော်တယ်။ ဒီ‌နေ့လည်း သျှမ်းပြည်‌မြောက်ပိုင်းမှာ ‌နောက်ထပ် မြန်မာအစိုးရတပ် စစ်ကွပ်ကဲ ‌ရေးဌာနချုပ် စကခ(၁၀) တပ်ရင်းများ တက်လာတယ်။ ဒီည‌နေပိုင်းတွင် မူဆယ်ကို ‌ရောက်လာနိုင်သည်”ဟု ဦးလနန်က ဖြည့်စွက် ‌ပြောဆိုသည်။

မိုး‌မောက်မြို့နယ်၊ မိုင်ဂျာယန်‌ဒေသတွင် ဒုက္ခသည်များအား ‌ဆေးကုသ‌ပေး‌နေသည့် ‌စေတနာ့ဝန်ထမ်းတဦးကလည်း စစ်ပွဲ ‌ကြောင့် မိုင်ဂျာယန်တွင် ‌ရောက်ရှိလာသည့် ဒုက္ခသည်များမှာ ‌နေ့စဉ် ၃ဝမှ ၄ဝအထိ ရှိပြီး ယခုဆိုလျှင် ဒုက္ခသည်ဦး‌ရေ ၂,၀၀ဝ ခန့်ရှိပြီဟု ‌ပြောသည်။

အဆိုပါ ဒုက္ခသည်များသည် ‌ဆောင်းတွင်းရာသီ အ‌အေးဒဏ်‌ကြောင့် ဖျားနာသူ အများအပြားရှိသကဲ့သို့ အဝတ်အထည်နှင့် အစားအ‌သောက်များလည်း လိုအပ်လျှက်ရှိသည်ဟု သိရသည်။

ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဘက်မှ ကျဆုံးမှု‌ပေါင်း ၁၀ဝ ဝန်းကျင်ရှိပြီး KIA ဘက်မှ ၁ဝဦးနီးပါး ကျဆုံးသည်ဟုလည်း KIA က ‌ပြောသည်။