Hay Htoo
ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုစာ။ စောအယ်ယား (မယ်လဒုက္ခသည်စခန်း)
သို့
KIC
ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုစာ။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲဝင်ရန်အတွက် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ကရင်မိသားစုဝင်တစ်ဦးအဖြစ် စာရင်းသွင်းထားသည်ဟု သိရပါသည်။ တိုင်းရင်းသားများ၏ ကောင်းကျိုးကို ဆောင်ရွက်လိုသောကြောင့် ကရင်တိုင်းရင်းသား မိသားစုဝင်တစ်ဦးအဖြစ် စာရင်းသွင်းခြင်းဟု မှတ်ထင်ပါသည်။ ကရင်တိုင်းရင်းသားများ၏...
ထိုင်းကာကွယ်ရေးဦးစီးချုပ် ထိုင်း-မြန်မာနယ်နိမိတ်ကို လာရောက်စစ်ဆေး
ဖေဖေါ်ဝါရီ ၇ရက်၊ ၂၀၁၂ခုနှစ်။ ရွှေသိုက်တော (ကေအိုင်စီ)
မြန်မာနိုင်ငံဘက်မှ မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များ အခြေစိုက်သည့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အတွင်းရှိ မဲဆောက်နှင့် ဖုတ်ဖရမြို့နယ် နယ်နိမိတ်တစ်လျှောက်ကို ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထနာ ဆတ်ပါတီမာပရကွန် ယနေ့ လာရောက်စစ်ဆေး ခဲ့သည်။
ထိုင်းကာကွယ်ရေးဦးစီးချုပ်က...
ရိက္ခာပို့၊ တပ်အင်အားတိုးလာသည့် အစိုးရတပ်များ မိုင်းထိမှန်၍ သေဆုံးဒဏ်ရာရ
ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် သံတောင်မြို့နယ်၊ ဘောဂလိဒေသ၌ ယခုရက်ပိုင်းအတွင်း ရိက္ခာပို့ဆောင်ပြီး တပ်အင်အား တိုးချဲ့လာသည့် မြန် မာအစိုးရတပ်များသည် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်များ၏ မြေမြုပ်မိုင်းထိ၍ ၆ဦး သေဆုံးပြီး ၇ဦး ဒဏ် ရာရရှိခဲ့သည်ဟု သိရသည်။
ယခင်လ ဇန်နဝါရီ ၂၉ရက်နေ့က...
ကိုယ်ထူကိုယ်ထ ကရင်စာသင်ကျောင်းကို ကိုရီးယားဘာသာရေးအဖွဲ့ သွားရောက်ကူညီ
ဖေဖော်ဝါရီ ၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေဖိုးခီးကျေးရွာရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းကို ကိုရီးယား ဘာသာရေး အဖွဲ့တဖွဲ့က ဘတ်ငွေတစ်သောင်းကျော် တန်ဖိုးရှိသည့် လူသုံးကုန်ပစ္စည်း အပါအဝင် အစားအစာနှင့် ဆေးဝါးတချို့ကို ယမန် နေ့က သွားရောက်ကူညီခဲ့ကြသည်။
ရိုမင်ကက်သလစ် ဘာသာရေးအဖွဲ့ခေါင်းဆောင် (Father Kin)...
တောင်ငူနယ်တွင် အစိုးရတပ်မှ ဆိုင်ကယ်ချောဆွဲကာ တောမီးရှို့နေ
ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
အစိုးရစစ်တပ် တပ်မ(၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘိုရွှေ ဦးဆောင်သည့် ရိက္ခာတင်ကားအစီး ၁၅၀ကျော်သည် ပဲခူးတိုင်း တောင်ငူ မြို့နယ်၊ ဘောဂလိဒေသသို့ ရောက်ရှိလာကာ ဒေသခံများနှင့် ၎င်းတို့၏ ဆိုင်ကယ်များကို ရိက္ခာသယ်ပို့ခိုင်းခြင်း၊ ကားလမ်း ဘေး မီးရှို့ခြင်းများကို ယခု လဆန်းပိုင်းမှစ၍ လုပ်ဆောင်လျှက်ရှိသည်။
တပ်ရိက္ခာများ...
ကော့မူးမှ ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ကရင်တိုင်းရင်းသားများ ကြိုဆို
ဖေဖော်ဝါရီလ ၆ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကရင်လူမျိုးအများစုနေထိုင်သည့် ကော့မှူးမြို့နယ်မှ ဝင်ရောက်အရွေးခံ မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ကို ကရင်တိုင်းရင်းသားများက ကြိုဆို လိုက်သည်။
ထိုင်း-မြန်မာနယ်စပ်နေ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် စောဖိုးခွားက “ရေရှည်စစ်ပွဲတွေကြောင့် တစ်ယောက်နဲ့တစ် ယောက် ယုံကြည်မှုတွေ ကင်းမဲ့နေကြတယ်။...
KNPP နှင့် အစိုးရတို့ကြား သဘောတူညီမှုမရရှိသေး
ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ယနေ့ နံနက် တွေ့ဆုံပွဲမှ သဘောတူညီချက် တစုံတရာ မရရှိခဲ့ကြောင်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် KNPP အတွင်းရေးမှူး(၁) ခူဦးရယ်...
KNU နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ ၂၀၁၁-၂၀၁၂ (ကရင်လူထုအားလုံးထံသို့ ကျမရဲ့ တတိယပို့စာ )
နော်ဝါးဝါးဖိုး ၊ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၂ ခုနှစ်။
ကျမရဲ့ ပထမပေးစာနဲ့ ဒုတိယပေးစာကို ပြန်ဖတ်ကြည့်မယ်ဆိုရင် လက်ရှိလုပ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ)ရဲ့ ကမာ္ဘသိငြိမ်းချမ်းရေး ကို နောက်ပြန်ဆုတ်ဖို့ (ဒါမှမဟုတ်) ရပ်တန်းက ရပ်ဖို့ အငြင်းပွား အပြစ်ဆိုနေကြမယ့်အစား ကိုယ့် ဘက်က နစ်နာမှုတွေ...
ကိုလိုနီစရိုက်ကို ဗိုက်ထဲမှာ ထည့်ထားသော မြဝတီခရိုင် အုပ်ချုပ်ရေးမှူး
ဦးပဉ်ဖင်း ကေသလ (မြဝတီ)
ကရင်ပြည်နယ် မြဝတီမြို့က ထိုင်းနယ်စပ်မြို့လေးပါပဲ။ ယခင်က ထိုင်းနိုင်ငံနဲ့မြန်မာအစိုးရနဲ့ မတည့်တော့ နိုင်ငံတော်က လူကြီးတွေ မလာကြဘူး။ အခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် မြန်မာနိုင်ငံလာသွားမှ ထိုင်းနဲ့ မြန်မာစကားတောင် တစ်ခွန်းမပြောရပဲ ချက်ချင်းတည့်သွားကြတယ်။ မြန်မာဖက်ကလူကြီးတွေ (စစ်တပ်လူတွေ) ကလည်း ယခင်က...
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ
ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၂ခုနှစ်။ ရွှေသိုက်တော (ကေအိုင်စီ)
ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ယနေ့မွန်းလွဲ ပိုင်းက မဲဆောက်မှတဆင့် မြဝတီမြို့သို့သွားရောက်ကာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့်အဖွဲ့ကို တွေ့ဆုံခဲ့သည်။
ထိုင်းဝန်ကြီးဆူလဖုန်းတိုးဝိကျာချိုင်းကွန်းနှင့် အဖွဲ့သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့်အဖွဲ့ကို မြဝတီမြို့တွင် တွေ့ဆုံ၍...





