Home သတင်း ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သွား‌ရောက်‌တွေ့ဆုံ

ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သွား‌ရောက်‌တွေ့ဆုံ

2208
‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၂ခုနှစ်။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်‌ရေးတိုးမြှင့်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး ဦး‌ဆောင်သည့်အဖွဲ့သည် ယ‌နေ့မွန်းလွဲ ပိုင်းက မဲ‌ဆောက်မှတဆင့် မြဝတီမြို့သို့သွား‌ရောက်ကာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့်အဖွဲ့ကို ‌တွေ့ဆုံခဲ့သည်။

ထိုင်းဝန်ကြီးဆူလဖုန်းတိုးဝိကျာချိုင်းကွန်းနှင့် အဖွဲ့သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့်အဖွဲ့ကို မြဝတီမြို့တွင် ‌တွေ့ဆုံ၍ နှစ်နိုင်ငံအကြား မြန်မာအလုပ်သမား ဆိုင်ရာကိစ္စ၊ နယ်စပ်ကုန်သွယ်‌ရေးဆိုင်ရာကိစ္စရပ်များအပြင် နှစ်နိုင်ငံ ချစ်ကြည်‌ရေး တိုးမြှင့်ခြင်းများအတွက် သွား‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးက သတင်း‌ထောက်များကို ‌ပြောသည်။

၎င်းက “အခုသွားတာ နှစ်နိုင်ငံ ချစ်ကြည်‌ရေးကိစ္စ အပါအဝင် မြန်မာဘက်က နယ်စပ်ကုန်သွယ်‌ရေး ပြန်ဖွင့်လိုက်တဲ့အတွက် ‌ကျေးဇူးတင်‌ကြောင်း သွား‌ပြောဘို့နဲ့ ဘုရားသွားဖူးတာ ဖြစ်တယ်။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးနှင့် အဖွဲ့သည် မြဝတီမှအပြန်၌ နှစ်နိုင်ငံအကြား အငြင်းပွားဖွယ်ရာ နယ်ခြား‌သောင်ရင်းမြစ် ထိုင်းဘက် ခြမ်းတွင် မြန်မာဘက်ခြမ်းမှ မြန်မာအလံလွှင့်ထူထားသည့် မဲ‌ဆောက်မြို့နယ်အပိုင်ရှိ မဟာဝမ်‌ကျေးရွာ(မဲ့ကိုကင်း)သို့ သွား ‌ရောက်ကြည့်ရှု စစ်‌ဆေးခဲ့သည်။

အဆိုပါ‌နေရာတွင် ယခင်လကစ၍ မြန်မာဘက်က ထိုင်းဘက်ခြမ်းအတွင်းသို့ မီတာ ၅ဝခန့် ဝင်‌ရောက်၍ မြန်မာအလံ လွှင့်ထူခဲ့ ပြီး မြန်မာပိုင်နက်ဟု ‌ပြောကြားခဲ့ကာ ထိုင်းဘက်ကလည်း ၎င်းတို့ပိုင်နက်အတွင်း မြန်မာဘက်မှ ဝင်‌ရောက်ကျူး‌ကျော်ခဲ့သည်ဟု သူပိုင်ကိုယ်ပိုင် အပြန်အလှန် ‌ပြောဆိုခဲ့ကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီးက “ဒီကိစ္စ ဘာပြဿနာမှ မရှိပါဘူး။ နှစ်ဖက်နယ်ခြား‌ကော်မတီက‌နေတဆင့် ‌ဆွေး‌နွေးညှိနှိုင်းလိုက်မယ်ဆိုရင် အားလုံး ‌ပြေလည်သွားမှာပါ။”ဟု သတင်း‌ထောက်များကို ‌ပြောသည်။

၂၀၁ဝခုနှစ်၊ ဇူလိုင်လက ထိုင်းနိုင်ငံဘက်ခြမ်းရှိ ‌သောင်ရင်းမြစ်ကမ်းပါးတွင် ထိုင်းဘက်မှ ကမ်းထိန်းနံရံ တည်‌ဆောက်လာခဲ့ သည့်အတွက် နှစ်နိုင်ငံအကြား ဆက်ဆံ‌ရေးတင်းမာမှု ဖြစ်ပွားကာ မြန်မာဘက်မှ ချစ်ကြည်‌ရေးတံတား အပါအဝင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ကို တနှစ်ခွဲနီးပါး ပိတ်ထားခဲ့ပြီး‌နောက်ပိုင်း လွန်ခဲ့သည့် ၂လခန့်က ပြန်လည်ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်သည်။