Hay Htoo
ခရီးသည်ယဉ်တိမ်းမှောက်မှုကြောင့် ကရင်အမျိုးသမီး တဦးသေဆုံး
ဖေဖော်ဝါရီလ ၁၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ မြောက်ပိုင်းကန်ဖယ်ဖဲချ်ခရိုင် ခေါင်ခွန်ရွာအနီး တွင် ခရီးသည်တင် မှန်လုံကားတစီး ယမန် နေ့က တိမ်းမှောက်ခဲ့ရာ ကရင်အမျိုးသမီးတဦး အပါအဝင် ၂ ဦးသေဆုံးပြီး မြန်မာအလုပ်သမား အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။
မဲဆောက်မြို့ ဟိုးဆန်ဂရွတ် ကားကုမ္ပဏီမှ...
ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (၁၀)ပြည့်မွေးနေ့ကို ဂုဏ်ပြု
ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကယန်မျိုးဆက်သစ်လူငယ်- KNGY က ၎င်းတို့ အဖွဲ့၏ ဖွဲ့စည်းခြင်း ၁ဝနှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် တနေရာတွင် အခမ်းအနားတစ်ခု ပြုလုပ်သကဲ့သို့ သျှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်ရှိ ကယန်းဒေသ တနေရာ၌လည်း ကျင်းပခဲ့သည်။
၎င်းတို့အနေဖြင့်...
အစိုးရစစ်တပ်က ရိက္ခာတင်ကား အပြင် လက်နက်ခဲယမ်းတင်ကားပါ ပို့ဆောင်လာ
ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
တနသင်္ာရီတိုင်း၊ မြိတ်ခရိုင်၊ ပလောမြို့နယ်တွင် မြန်မာအစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၂ဝစီးပို့ ဆောင်သည့်အပြင် လက်နက်ခဲယမ်းတင်ကား ၄စီးပါ ၎င်းတို့ ခြေကုပ်စခန်း တစ်ခုဖြစ် သည့် ထီးထာစခန်းသို့ ပို့ဆောင်လာသည်ဟု စစ်ဖက်ဆိုင်ရာသတင်းအရ သိရသည်။
အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ-၂ဝမှ...
KNU တပ်မဟာ(၆)တွင် ၆၄နှစ်မြောက် ကရင်အမျိုးသားနေ့ စည်ကား
ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်သည့် ၆၄နှစ်မြောက် ကရင်အမျိုးသား နေ့ထူးနေ့မြတ်၌ ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) တနေရာတွင် ကျင်းပသည့် အခမ်းအနား သည် အလွန်စည်ကား လျှက်ရှိသည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် ပြုလုပ်သည့်...
အပစ်အခတ်ရပ်ဆိုင်းရေးကာလ အစိုးရစစ်တပ်နှင့် ကေအဲန်ယူ တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူတို့ ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီနေချိန်တွင် ပြီးခဲ့သည့်ရက် ပိုင်းကေအဲန်ယူ လက်အောက် ခံတပ်ရင်းနှင့် အစိုးရ စစ်တပ်တို့အကြား ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခုလ ၈ရက်နေ့က ကေအဲန်ယူထိန်းချုပ်ရာနယ်မြေအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ...
ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေအတွင်း အစိုးရစစ်တပ်မှ ရိက္ခာတင်ကား ၁၅ဝစီး ထပ်မံရောက်ရှိ
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၁၂။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေရှိ ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ဘောဂလိဒေသဘက်တွင် အစိုးရတပ်၏ ရိက္ခာတင်ကား ၁၅ဝစီး ထပ်မံရောက်ရှိလာသည်ဟု သိရသည်။
ဗိုလ်မှူးချုပ်ဝင်းဘိုရွှေ ဦးဆောင်သည့် အစိုးရစစ်တပ် တပ်မ (၆၆)မှ စစ်ရိက္ခာတင်ကား ၇ဝစီးသည် ဖေဖော်ဝါရီလ ၅...
ခနောက်စိမ်းတူးဖော်မှုကြောင့် ဥယျာဉ်ခြံနှင့် လယ်ကွင်း အချို့ပျက်စီး
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်မြို့နယ် မောလူ့တောင်(ဒေသခံအခေါ်)တွင် ကုမ္ပဏီ နှစ်ခု၏ ခနောက်စိမ်းတူးဖော်မှု ကြောင့် ထိုဒေသရှိ တဂေးလောင်းရွာမှ ဥယျာဉ်ခြံနှင့် လယ်ကွင်းအချို့ ပျက်စီးခဲ့ရသည်ဟု သိရသည်။
ခနောက်စိမ်းတူးဖော်သည့်နေရာမှ တဂေးလောင်းကျေးရွာဘက်သို့ စီးဆင်းလာသည့် ထီးချိဘောချောင်း (ဒေသခံအခေါ် တဂေးလောင်းချောင်း)ဗွက်ရေကြောင့် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း...
ကြံ့ဖွံ့ နှင့် ဒေါ်စု ဘယ်သူ့ကို မဲထည့်မလဲ
အယ်ဒီတာ့ အာဘော်
ပြီးခဲ့ သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆိုင်းပြီး တစ်ချိန်တည်းတွင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဘက်ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့် ရထားပို့ဆောင်ရေး ဦးအောင်မင်းက "ငြိမ်းချမ်းရေးကို...
ပဒိုမန်းငြိမ်းမောင်ကို အစိုးရက ထပ်မံ တရားစွဲ ရုံးထုတ်
ဖေဖော်ဝါရီလ ၉ရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)
အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟိုကော်မတီ ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်းမောင်ကို ထပ်မံ တရားစွဲဆိုရန် မြန်မာအစိုးရက ယနေ့မနက် ၁၁နာရီခွဲမှ ၁နာရီအထိ အင်းစိန်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။
မြန်မာအစိုးရက ပဒိုမန်းငြိမ်းမောင်အား နိုင်ငံတော်ကို...
၆၅ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ပြည်တွင်းပြည်ပရှိ မွန်များ ကျင်းပ
ဖေဖော်ဝါရီလ ၈ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
တပို့တွဲလပြည့်ကျော် ၁ရက်နေ့ဖြစ်သည့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၈ရက်နေ့တွင် ကျရောက်သော ၆၅ကြိမ်မြောက် မွန်အ မျိုးသားနေ့ အခမ်းအနားကို ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် မွန်လူမျိုးများက ယနေ့ စည်ကားစွာ ကျင်းပခဲ့ကြ သည်။
မွန်အမျိုးသားနေ့ကို ပြည်တွင်း၌ ၁၅နှစ်ကြာ အခမ်းအနား ကျင်းပခွင့်...





