Home သတင်း ရိက္ခာပို့၊ တပ်အင်အားတိုးလာသည့် အစိုးရတပ်များ မိုင်းထိမှန်၍ ‌သေဆုံးဒဏ်ရာရ

ရိက္ခာပို့၊ တပ်အင်အားတိုးလာသည့် အစိုးရတပ်များ မိုင်းထိမှန်၍ ‌သေဆုံးဒဏ်ရာရ

1618
‌ဖေ‌ဖော်ဝါရီလ ၂ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် သံ‌တောင်မြို့နယ်၊ ‌ဘောဂလိ‌ဒေသ၌ ယခုရက်ပိုင်းအတွင်း ရိက္ခာပို့‌ဆောင်ပြီး တပ်အင်အား တိုးချဲ့လာသည့် မြန် မာအစိုးရတပ်များသည် ကရင်အမျိုးသားအစည်းအရုံး-KNU လက်‌အောက်ခံတပ်များ၏ ‌မြေမြုပ်မိုင်းထိ၍ ၆ဦး ‌သေဆုံးပြီး ၇ဦး ဒဏ် ရာရရှိခဲ့သည်ဟု သိရသည်။

ယခင်လ ဇန်နဝါရီ ၂၉ရက်‌နေ့က ‌ဘောဂလိ‌ဒေသတွင် တပ်အင်အားတိုးချဲ့၍ ရိက္ခာပို့‌နေ‌သော အစိုးရတပ် တပ်မ(၆၆) လက် ‌အောက်ခံ ခလရ(၈၀)တပ်ရင်းသည် KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA ၏ မိုင်းနှင့် ထိမှန်ခဲ့ခြင်းဖြစ်‌ကြောင်း KNU ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ စစ်ဖက်ဆိုင်ရာ သတင်းအရ သိရသည်။

KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေတဲ့ကာလမှာ ပြဿနာ မဖြစ်‌အောင် နှစ်ဦးနှစ် ဖက် ထိန်းသိမ်းတာပဲ။ ဒါ‌ပေမယ့် အဲဒီ‌ဒေသက မိုင်း‌ဟောင်း‌တွေ ရှင်းလင်းရ‌သေးတာ မဟုတ်ဘူး။ သူတို့ကိုလည်း သွားလာတာလုပ် ရင် လမ်းမကြီးအတိုင်းပဲ သွားဖို့‌ပြောထားတယ်။ လမ်းမကြီးအတိုင်း မသွား‌တော့ မိုင်းထိတာ‌ပေါ့။”ဟု ‌ပြောဆိုသည်။

မိုင်းထိ၍ ‌သေဆုံးသွားသည့် မြန်မာစစ်တပ်များထဲတွင် ခလရ(၈၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးမင်းသန့်လည်း ပါဝင်သည်ဟု KNU ဘက်က ‌ပြောသည်။

မြန်မာအစိုးရသည် KNU နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှု ရရှိခဲ့‌သော်လည်း KNU ထိန်း ချုပ်နယ်‌မြေများအတွင်း တပ်အင်အားများ တိုးချဲ့လာသကဲ့သို့ ရိက္ခာများ ပိုမို ပို့‌ဆောင်လာစဉ် ယခုလို ‌မြေမြုပ်မိုင်း ထိမှန်ခဲ့ခြင်း ဖြစ်သည်။

‌ဘောဂလိရွာသား ကရင်အမျိုးသားတစ်ဦးက “ဗမာစစ်တပ်က လမ်းမ‌ပေါ်က‌နေ မသွားဘဲ ရွာထဲ၊ ‌တောထဲ‌တွေက လိုက်သွား‌တော့ ကျ‌နော်တို့ရွာသား‌တွေလည်း ခြံထဲမသွားရဲ၊ အပြင်မထွက်ရဲဘဲ ‌ကြောက်‌နေကြတယ်‌လေ။”ဟု ‌ဖေ‌ဖော်ဝါရီလ ၄ရက်‌နေ့က ‌ကေအိုင် စီသို့ ‌ပြောသည်။

ထို့အပြင် အင်အားတိုးချဲ့‌နေသည့် အစိုးရတပ်သည် ‌တောင်ငူမှတဆင့် ‌ဘောဂလိ‌ဒေသကို ဖြတ်ကာ ၎င်းတို့ တပ်စခန်းရှိရာ ဘူဆာ ခီးသို့ ရိက္ခာပို့‌ဆောင်ရန် ထို‌ဒေသရှိ ‌ဘောဂလိရွာသားများကို လုပ်အား‌ပေး ‌ခေါ်ယူခိုင်း‌စေလျှက်ရှိသည်ဟုလည်း ‌ဒေသခံများက ‌ပြောသည်။

မြန်မာအစိုးရနှင့် KNU တို့ ဇန်နဝါရီလ ၁၂ရက်‌နေ့က ပဏာမ အပစ်အခတ် ရပ်ဆိုင်း‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးမှု‌နောက် ပိုင်းမှ ယခုအချိန်ထိ KNU ထိန်းချုပ်နယ်‌မြေများဖြစ်သည့် တပ်မဟာ(၁)၊ (၂)၊ (၃)၊ (၅)နှင့် (၆)တို့တွင် မြန်မာစစ်တပ်ဘက်မှ ရိက္ခာ နှင့် တပ်အင်အားများကို တိုးချဲ့လျှက်ရှိသည်။