Home သတင်း ‌တောင်ငူနယ်တွင် အစိုးရတပ်မှ ဆိုင်ကယ်‌ချောဆွဲကာ ‌တောမီးရှို့‌နေ

‌တောင်ငူနယ်တွင် အစိုးရတပ်မှ ဆိုင်ကယ်‌ချောဆွဲကာ ‌တောမီးရှို့‌နေ

2501
‌ဖေ‌ဖော်ဝါရီလ ၆ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

အစိုးရစစ်တပ် တပ်မ(၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘို‌ရွှေ ဦး‌ဆောင်သည့် ရိက္ခာတင်ကားအစီး ၁၅၀‌ကျော်သည် ပဲခူးတိုင်း ‌တောင်ငူ မြို့နယ်၊ ‌ဘောဂလိ‌ဒေသသို့ ‌ရောက်ရှိလာကာ ‌ဒေသခံများနှင့် ၎င်းတို့၏ ဆိုင်ကယ်များကို ရိက္ခာသယ်ပို့ခိုင်းခြင်း၊ ကားလမ်း ‌ဘေး မီးရှို့ခြင်းများကို ယခု လဆန်းပိုင်းမှစ၍ လုပ်‌ဆောင်လျှက်ရှိသည်။

တပ်ရိက္ခာများ သယ်‌ဆောင်လာသည့် ကားများမှာ ဇန်နဝါရီလ ၂၉ရက်‌နေ့တွင် အစီး ၆၀၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် အစီး ၅ဝနှင့် ‌ဖေ‌ဖော်ဝါရီလ ၄ရက်‌နေ့တွင် ၄၁စီးဖြစ်ပြီး ‌ဘောဂလိမှ ၄၈မိုင်စခန်းနှင့် ကြီး‌ချောင်းစခန်းများသို့ ဆိုင်ကယ်နှင့် လူများကို ‌ချောဆွဲကာ ပို့‌ဆောင်ခိုင်းခဲ့သည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့တွင် ဂါမူဒဲရွာမှ ဆန် ၇အိတ်၊ ဒိုးဒိုရွာမှ ဆန်အိတ် ၂ဝနှင့် ‌ရေသိုးက‌လေးရွာမှ ဆန်အိတ် ၂ဝကို ‌ဒေသခံ အမျိုးသမီး၊ အမျိုးသားထက်ဝက်စီ စုစု‌ပေါင်း ၄ဝဦးမှ သယ်ယူပို့‌ဆောင်‌ပေးခဲ့ရပြီး ထိုရိက္ခာများမှာ ပဲ၊ သကြား၊ နို့၊ မုန့်ဗူး၊ ဆန် တို့ ဖြစ်သည်ဟု သိရသည်။ ၃ရက်‌နေ့၌လည်း ‌ဘောဂလိ၊ သစ်‌စေး‌တောင်မှ ဆိုင်ကယ် ကယ်ရီသမား ၂၀‌ကျော်နှင့် ‌တောင်ငူ မြို့မှ ဗမာအရပ်သား ဆိုင်ကယ်များ အပါအဝင် စုစု‌ပေါင်း ၅၈စီး ‌ချောဆွဲခံရ‌သေးသည်။

လက်ရှိအချိန်တွင် အစိုးရတပ်မှ ‌ဒေသခံရွာသားများအား ‌တောင်ငူမြို့သို့ သွားလာခွင့်နှင့် ရွာပြင်ရှိ ဥယျာဉ်ခြံများသို့ သွားလာ ခွင့်ကို ပိတ်ပင်ထားသည့်အ‌ပေါ် ကရင်‌ဒေသခံတစ်ဦးက “သူတို့(တပ်)ရိက္ခာ‌တွေ သယ်‌ပေးလို့ မပြီးမချင်း ‌တောင်ငူကို ဘယ် ဆိုင်ကယ်မှ ဆင်းခွင့်မ‌ပေးဘူးလို့ ‌ပြောတယ်။ ရိက္ခာသယ်တာက အနည်းဆုံးတစ်ပတ်‌လောက် ကြာနိုင်တယ်။ ဒီအ‌တောတွင်း ‌တောင်ငူမ‌ပေးဆင်းဘူး။ ‌နောက်ပြီး ခြံထဲလည်း မ‌ပေးသွား‌တော့ ကွမ်းခြံလို ‌နေ့တိုင်း ‌ရေသွင်း‌နေရတဲ့သူ‌တွေက အခက်အခဲ ရှိ တာ‌ပေါ့။”ဟု ကရင်‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစ၍ မုန်းမှ သ‌ပြေညွှန့်ကိုဖြတ်၍ တိပ်ပုရွာသို့ သွားရာလမ်း၌လည်း စစ်တပ်မှ ၎င်းတို့ ‌မွေးမြူထား သည့် မြည်းနှင့် လားများကို အသုံးပြုကာ ရိက္ခာ ၆ကြိမ်ခန့် သယ်ယူခဲ့ပြီး တစ်‌ခေါက်လျှင် မြည်းအ‌ကောင် ၁၀ဝခန့် အသုံးပြု သည်ဟု သိရသည်။

အစိုးရတပ်သည် ယင်းသို့ ရိက္ခာအတွက် ‌ချောဆွဲမှုများအပြင် ‌မော်ချီး-‌တောင်ငူသွားသည့် ကားလမ်းတွင်လည်း ‌တောမီးရှို့ခြင်း များ လမ်း‌ဘေးတစ်‌လျှောက် လုပ်‌ဆောင်‌နေ‌သော‌ကြောင့် ရွာသားများ၏ ဖာလာခြံ၊ ကွမ်းခြံ၊ အုန်းခြံ၊ ဒူးရင်းခြံ၊ မင်းကွတ်ခြံများ မှာ မီး‌လောင်ကျွမ်းခံရပြီး အ‌ရေအတွက်ကို ယခုထိ အတိအကျ မသိရ‌သေးဟုလည်း အမည်မ‌ဖော်လိုသူ ‌ဘောဂလိရွာသား တစ်ဦးက ‌ပြောသည်။

‌ဘောဂလိရွာသားတစ်ဦးက “အခုတစ်ရက်နှစ်ရက်မှာ အရင်နှစ်‌တွေအတိုင်း ကားလမ်း‌ဘေးတစ်‌လျှောက် ‌တောမီး‌တွေ လိုက်ရှို့ တာ‌ပေါ့။ အဲလို တအားရှို့‌တော့ သူများရဲ့ ‌တောင်ယာခြံ ကွမ်းသီးခြံ၊ အုန်းခြံ‌တွေပါ ‌လောင်‌တော့ ရွာသား‌တွေက ထိတ်လန့် ကုန်တာ‌ပေါ့။ တချို့ဆို မီးလိုက်ငြိမ်းချင်‌ပေမဲ့ မငြိမ်းရဲဘူး။ အစပိုင်းက သူတို့‌အေး‌အေး‌ဆေး‌ဆေးရှိပြီ ထင်တာပဲ။ မီးမရှို့‌တော့ ဘူး ထင်‌ပေမဲ့ အခုလိုက်ရှို့‌တော့ လူထု‌တွေ စိတ်မ‌အေးချမ်း‌တော့ဘူး။”ဟု ဆိုသည်။

၎င်းတပ်မ(၆၆)သည် တပ်ရင်းက ၃ရင်းဖြင့် ‌ရောက်ရှိလာခြင်းဖြစ်ပြီး ယခင်နှစ်ထက် ရိက္ခာတင်ပို့မှုမှာ ပိုများလာသလို လက်ရှိ အချိန်တွင် နယ်‌မြေခံတပ်ဖြစ်သည့် စစ်ကွပ်ကဲ‌ရေး ဌာနချုပ်(၉) တပ်ရင်းများနှင့်အတူ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။

‌ဘောဂလိမှ ၄၈မိုင်အထိ ၁၁မိုင် အကွာအ‌ဝေးကို ဆိုင်ကယ်ဖြင့် ရိက္ခာသယ်‌ပေးရပြီး ‌နောက်ထပ် ၅မိုင်ကွာ‌ဝေးသည့် ကြီး ‌ချောင်းသို့ လူဖြင့် ထမ်းပိုးသယ်‌ပေးရခြင်းကို ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့အထိ ခိုင်း‌စေ‌နေဆဲဖြစ်သည်။

ယခုလို ရိက္ခာပို့‌ဆောင်မှုနှင့် ပတ်သက်၍ အစိုးရတပ်အ‌နေဖြင့် နယ်‌မြေခံ ‌ကေအဲန်ယူထံသို့ ရွာသားများမှတဆင့်သာ ‌ပြောဆို ခြင်းဖြစ်ပြီး လမ်း‌ကြောင်းအတိုင်း မသွားလာဘဲ ‌ကျေးရွာ၊ ဥယျာဉ်ခြံများအတွင် သွားလာလှုပ်ရှား‌နေကြသည့်အ‌ပေါ် ‌ဒေသခံ များက စိုးရိမ်‌ကြောက်ရွံ့‌နေကြသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “အ‌ပေါ်မှာက ငြိမ်းချမ်း‌ရေးစကား သူတို့(တပ်)ဘယ်လိုပဲ‌ပြော‌ပြော၊ ‌အောက်‌ခြေမှာက‌တော့ စစ်‌ရေးလှုပ်ရှားမှု၊ စစ်‌ရေးပြင်ဆင်မှုဟာ အရင်နှစ်ထက်‌တောင် ‌ကျော်နိုင်တယ်။ ရိက္ခာယာဉ်တန်းက အခု ‌ဘောဂလိကြီးတ‌နေရာပဲ အစီးတစ်ရာ‌ကျော်ပြီ။”ဟု ဆိုသည်။

ထို့အပြင် သူက “စစ်‌ရေးအ‌ခြေအ‌နေအရ‌တော့ အစိုးရဘက်ကလည်း သ‌ဘောထားနှစ်ခုရှိတယ်လို့ သူတို့လူကြီးကိုယ်တိုင် ‌ပြောထားတာ ရှိတာကိုး။ အဲဒါ‌ကြောင့်မို့လို့ တိုင်းရင်းသား‌တွေကို လက်နက်နဲ့ပဲ ‌ချေမှုန်းလို့ရမယ်ဆိုတဲ့ အယူအဆရှိတဲ့လူက ‌တော့ ဒီပြင်ဆင်မှုကို လုပ်တာလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လာမလဲ အတိအကျ မ‌ပြောနိုင်‌သေး‌ပေမဲ့ အလားအလာ‌တော့ မ‌ကောင်းဘူး‌ပေါ့။ ရိက္ခာပို့တာ လိုတာထက်ပိုပြီး ပို့မယ်ဆိုရင်။”ဟု ပဒို‌စောအယ်ဝါးက ‌ပြောသည်။

‌တောင်ငူ‌ဒေသသည် ၂၀၀၆ခုနှစ်ကတည်းက မြန်မာစစ်တပ်နှင့် ‌ကေအဲန်ယူတပ်များ အပြန်အလှန် မိုင်း‌ထောင်ထားသည့် အတွက် မိုင်းကွင်းနယ်‌မြေဖြစ်‌နေသည့်အ‌ပေါ် ရွာသားများအား ရိက္ခာသယ်‌ဆောင်ခိုင်းရန် သင့်မသင့် စဉ်းစားသင့်‌ကြောင်း လည်း နယ်‌မြေခံ ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။