Home သတင်း KNPP နှင့် အစိုးရတို့ကြား သ‌ဘောတူညီမှုမရရှိ‌သေး

KNPP နှင့် အစိုးရတို့ကြား သ‌ဘောတူညီမှုမရရှိ‌သေး

1617
‌ဖေ‌ဖော်ဝါရီလ ၆ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP နှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် ယ‌နေ့ နံနက် ‌တွေ့ဆုံပွဲမှ သ‌ဘောတူညီချက် တစုံတရာ မရရှိခဲ့‌ကြောင်း သိရသည်။

အစိုးရ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ် ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးအဖွဲ့နှင့် KNPP အတွင်း‌ရေးမှူး(၁) ခူဦးရယ် ဦး‌ဆောင်သည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ် အတွင်း‌ရေးမှူး-၁ ခူဦးရယ်၊ ‌ပြော ‌ရေးဆိုခွင့်ရှိသူ ဦး‌အောင်ဆန်းမြင့်နှင့် ပလုရယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ‌တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပထမအကြိမ် ‌တွေ့ဆုံခဲ့စဉ် အစိုးရကိုယ်စားလှယ်ဘက်မှ တင်ပြခဲ့သည့်အချက်များကို ရှင်းလင်း‌အောင် ပြန်လည် ‌ဆွေး‌နွေးခဲ့ကြပြီး အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ကိစ္စကို ‌နောက်တကြိမ် ‌တွေ့ဆုံမှသာ ဆုံးဖြတ်သွားမည်ဟု KNPP က ‌ပြောသည်။

ပထမ‌တွေ့ဆုံမှုတွင် နှစ်ဖက် အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ ပြုလုပ်ရန်၊ အပြန်အလှန် ဆက်ဆံ‌ရေး အဖွဲ့ ထားရှိပြီး ဆက် သွယ်‌ရေးရုံး ဖွင့်လှစ်ထားရှိရန်၊ လက်နက်မပါဘဲ နယ်‌မြေ ဖြတ်‌ကျော်ခွင့်အပြင် ဗဟိုအစိုးရနှင့် ‌ဆွေး‌နွေးရန်၊ အချိန်နှင့် ‌တွေ့ဆုံ မည့်‌နေရာ သတ်မှတ်ရန် စသည့်အချက်များကို အစိုးရကိုယ်စားလှယ်ဘက်မှ တင်ပြ‌ဆွေး‌နွေးခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ အတွင်း‌ရေးမှူး-၁ ခူဦးရယ်က “‌နောက်တကြိမ်‌တွေ့ဖို့ အကြို‌ဆွေး‌နွေးကြတဲ့ သ‌ဘောပါပဲ။ သူတို့ဘက်က အဓိက အပစ်ခတ်ရပ်စဲ‌ရေးကိုပဲ အဓိကထား ‌ပြောသွားတာ။ ကျ‌နော်တို့ကလည်း ပြီးခဲ့တဲ့အပတ်က သူတို့ တင် ပြတဲ့အချက်အ‌ပေါ်မှာ ပြန်‌ဆွေး‌နွေးတယ်။ ‌နောက်တကြိမ် ထပ်‌တွေ့‌တော့မှပဲ အ‌သေးစိတ် ‌ဆွေး‌နွေးမယ်။”ဟု ကရင်သတင်း ဌာနကို ‌ပြောသည်။

‌နောက်ထပ်တကြိမ် ‌တွေ့ဆုံပွဲကို လာမည့်မတ်လ ပထမအပတ်ခန့်တွင် ကျင်းပမည်ဖြစ်ပြီး ထိုအချိန်တွင် အပစ်အခတ် ရပ်စဲ‌ရေး အတွက် သ‌ဘောတူညီချက်‌ပေးရန် အစိုးရကိုယ်စားလှယ်ဘက်မှ ‌တောင်းဆိုထားသည်ဟုလည်း ခူဦးရယ်က ‌ပြောသည်။

ယခု‌တွေ့ဆုံပွဲတွင် အပစ်ခတ်ရပ်စဲ‌ရေးအပြင် ကရင်နီပြည်သူလူထုအတွက် ပြန်လည်‌နေရာချထားနိုင်‌ရေးနှင့် ကရင်နီ‌ဒေသအ တွင်း ဖွံ့ဖြိုးတိုးတက်မှုစသည့် အချက်များကိုလည်း အစိုးရကိုယ်စားလှယ်တို့နှင့် ‌ယေဘုယျ ‌ဆွေး‌နွေးခဲ့‌သေး‌ကြောင်း ခူဦးရယ် က ‌ပြောသည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီနှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်တို့သည် ယခု ဒုတိယအကြိမ် ‌တွေ့ဆုံခြင်း ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်‌နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ‌တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီသည် အပစ်အခတ်ရပ်စဲ‌ရေးအတွက် နဝတ၊ နအဖ စစ်အစိုးရတို့ လက်ထက်ကတည်းက ပင် အကြိမ်ကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ပြုလုပ်ခဲ့‌သော်လည်း ‌ပြောင်းလဲမှု တစုံတရာ မရရှိခဲ့‌ပေ။